Main menu

အသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ရုံးအုပ်)သည် (၂၃-၄-၂၀၂၆) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ စားသုံးသူများအား အသိပညာပေး ဟောပြောပွဲ  ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ စားသုံသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ ရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသား ခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံ ပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာအသိပညာများအကြောင်း၊ ရောနှောဆီအပါအဝင် စားသုံးဆီ အမျိုးမျိုးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိသော စားသုံးဆီများကို ရေရှည်စားသုံးမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်မှု၊ စားသုံးသူနှင့် ကိုက်ညီ သည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုရန်၊ စားအုန်းဆီနှင့်ပတ်သက်၍ သိကောင်းစရာ များအကြောင်း ၊ အီလက်ထရောနစ် အငွေ့ရှုစက်နှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်းတို့အား  အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)