Main menu

ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်း မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသောလုပ်ငန်း၊ နေရပ် လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းကို (၇.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံ တင်ထားသည့်လုပ်ငန်းများဖြစ်သည့် ပခုက္ကူမြို့တွင် အလှကုန်ပစ္စည်းနှင့် အစားအသောက် ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်များ ထံသို့သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်စဉ်က ဖြည့်သွင်း ထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားများ ကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်း၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက် ရှိပြီး မှတ်ပုံတင်လက် မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု ရှိ/မရှိကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ် အတိုင်း စစ်ဆေးဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉အရ လည်းအရေးယူခံရမည်ဖြစ် ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအကြောင်းများကို အွန်လိုင်း စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)