Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ်အတွင်းရှိစားသောက်ဆိုင်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍  စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တ ရာယ်ကင်း ရှင်းစေရေး အတွက် (၂၁.၇.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ရာ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့်သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက်များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထား ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသောအမှိုက်ပုံးများ လုံလောက်စွာ ထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

 

ဇလွန်မြို့ ပျဉ်းမကုန်းကျေးရွာရှိ စက်မုန့်ဟင်းခါးဖတ်လုပ်ငန်းများသို့  MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ပျဉ်းမကုန်းကျေးရွာရှိ “အောင်ချမ်းမင်း” စက်မုန့် ဟင်းခါးဖတ်နှင့် “အောင်” မုန့်ဟင်းခါးဖတ် MSMEs ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် မုန့်ဟင်းခါးဖတ်လုပ်ငန်းများသို့ သွားရောက်ကာ မုန့်ဖတ်ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော မုန့်ဖတ်များအား စားသုံး ရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံ ချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးစားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျုံပျော်မြို့နယ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ခြင်း

        ကျုံပျော်မြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅/၂၀၂၈) ကာလအတွက် အမှုဆောင်အဖွဲ့ဝင်အသစ်ရွေးချယ်ပွဲအား (၂၁.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ရေးလုပ်ငန်းကော်မတီအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း နာယကတို့မှ ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူ ဆန်စက်လုပ်ငန်းရှင်များမှ အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်မှုအရ အမှုဆောင်(၁၈)ဦး၊ အသင်းသား (၁၄) ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရွာသစ်ရပ်ကွက်ရှိ ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ စစ်ဆေးရေးအရာရှိ နှင့်ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် ကြံခင်းမြို့၊ သုခမိန်လမ်း၊ ရွာသစ်ရပ်ကွက်ရှိ ပေါင်မုန့်နှင့် မုန့်မျိုးစုံထုတ်လုပ်သောလုပ်ငန်းများသို့ သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မိသားစု တစ်နိုင်တစ်ပိုင် မုန်လုပ်ငန်းများတွင် ထုတ်လုပ်သော ပေါင်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းများအား စားသုံးသူပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာ ထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးဆွေ့ရှိရပါသည်။ ဆက်လက်၍ ကုန်စည်၏ ထုတ်လုပ်ပုံ နည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးုပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက် မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့သည် ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် အွန်လိုင်းစနစ်ဖြင့်ရောင်းချသော လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ အဒါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ်ဦးစီးမှူးရုံး၌ Online ဖြင့် ရောင်းချလျက်ရှိသော အဝတ်အထည်အမျိုးမျိုး၊ ကုန်စည်အမျိုးမျိူးနှင့် စားသောက်ကုန်ရောင်းချသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ Online စနစ်ဖြင့်ရောင်းချရာတွင်  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်း ထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထား စဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင် တွင် အမှန်တစ်ကယ် ရောင်းချရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အား အသိပညာပေး အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အခြေခံပညာစာသင်ကျောင်းများတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက်  အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းအမျိုးမျိုးတို့အား လစဉ် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၅-ခုနှစ် ဩဂုတ်လ(၁)ရက်နေ့၊နံနက်(၀၈:၀၀)နာရီအချိန်တွင် ကသာခရိုင်စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီး ဌာန၊ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အခြေခံပညာရေးဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)မူလတန်းလွန် ကျောင်း များတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

   ထိုသို့စစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသည့် မုန့်အမျိုးမျိုး၊ အချို ရည်အမျိုးမျိုး စသည်တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာ ပါဝင်မှု ရှိ/မရှိ၊ သက်တမ်းလွန်စားသောက်ကုန်များ ရှိ/မရှိ စစ်ဆေးခြင်း၊ ထို့ပြင် မြန်မာနိုင်ငံအစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် တားမြစ်စားသောက်ကုန်များရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား အစားအသောက်များ ရောင်းချရာတွင် ကျောင်းသား/သူများအတွက် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များကိုသာ ရောင်းချရန်၊ အဓိကအနေဖြင့် သန့်ရှင်းသပ်ရပ်သော အစားအသောက်များကိုသာ ရောင်းချကြရန် ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၁.၇.၂၀၂၅)ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ညောင်ပင်ဈေးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ဆန်စက်လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်  ဦးမြင့်စိန်နှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ လက်ရှိလှုပ်ရှားဆောင် ရွက်နေမှုများနှင့် မြို့နယ်အနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆွေးနွေးခဲ့ရာတွင် အဖွဲ့ဝင် ဦးမြင့်စိန်က ဇလွန်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် ဒေသတွင်း ပြည်သူများ ဆန်ဝယ်ယူစားသုံးရာတွင် လုံလောက်မှုရှိစေရန် အသင်းမှ တာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ဇလွန်မြို့နယ်အတွင်း သိုလှောင်ထားသော စပါးလက်ကျန်အနည်းငယ်အား ကြိတ်ခွဲ၍ ပြည်တွင်းစားသုံးမှုနှင့် ရန်ကုန်သို့ အနည်းငယ် တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း မိုးစပါးများ မထွက်ပေါ်မီကာလအတွင်း တောင်သူများ၊ လက်လုပ် လက်စားနှင့် ကုန်သည်များအကြား  သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ဖြစ်စေရေး၊ ဆန်ဈေးနှုန်း ကြီးမြင့်စွာ ဝယ်ယူစားသုံးမှုမဖြစ်ပေါ်စေရေး၊ အခြေခံလူတန်းစားများ ဆန်လောက်ငှစွာ ဝယ်ယူစား သုံးနိုင်ရေးတို့အတွက် အသင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့နယ် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များ၌ ရောင်းချသော အသင့်စား မုန့်အမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချသော မုန့်များတွင်ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှု ရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်းချမှုမရှိစေရေးနှင့်  စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

၂၀၂၅ ခုနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဇူလိုင်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ် ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့်စပ် လျဉ်း၍ ဌာနမှ မည်သည့်စာရွက် စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်းအသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက် စစ်ဆေးခြင်းနှင့်လုပ်ငန်းရှင်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဆီစက်လုပ်ငန်းရှင်၊ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ စက်ရက်ကန်းလုပ်ငန်းရှင်၊ မုန့်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ လက်ပံပွင့်ကြော်လုပ်ငန်းရှင်၊  ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ခေါက်ဆွဲလုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်း ရှင်၊ ပဲကြော်လုပ်ငန်းရှင်၊ မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း   ( ၂၄) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

သာပေါင်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းမျာအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း

         ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ၂၁.၇.၂၅ ရက်နေ့တွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျရေးကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ သာပေါင်းမြို့နယ်ရှိ မစဖအဖွဲဝင်များ၊ မြို့ပေါ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ (၃၄) ခုတို့အား  (၁) ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့်  ပိဿာချိန် (၉၉၀) အား (၅၀) ကျပ်သားလျှင် (၃၃၅၀) ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ