Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး လုပ်ငန်းရှင်မှ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်ဆောင်ရွက်

          My ROတွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်း ပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေ အနေများကို စာရင်းမှန်ကန်စွာ ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ‘‘ဦးဝင်းမောင်’’ဆန်ရောင်းဝယ်ရေးဆိုင်မှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်ဆောင်ရွက်ရာ လစဉ် လဆန်း(၁) ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းခြင်းလုပ်ငန်းများအား လက်တွေ့ပြသသင်ကြားပေးခြင်းလုပ်ငန်းများကို ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ရှင်းလင်းသင်ကြားပြသ၍ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရေးသွင်းသည့်ကုန်စည် စာရင်းများနှင့်မြေပြင်စာရင်းများမှန်ကန်စွာ ရှိစေရေးတို့ကိုလည်း မြေပြင်ကွင်းဆင်း၍ ကြီးကြပ်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် My RO လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အခက်အခဲများရှိပါက လာရောက်မေးမြန်းဆောင်ရွက် နိုင်ပါ ကြောင်း၊ ညွှန်ကြားချက်များကိုလည်း လိုက်နာကြရန်နှင့် ဆန်စပါးရောင်းချခြင်းဆိုင်ရာ အမိန့်နှင့် ညွှန်ကြားချက်များ၊ မူဝါဒများအား အချိန်နှင့်တပြေးညီသိရှိစေနိုင်ရေးနှင့် လစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ သက်တမ်းတိုးခြင်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်နိုင်စေတို့အတွက် အသိပေးနှိုးဆော်ဆောင်ရွက်ရန် My RO လုပ်ငန်းပိုင်ရှင်များအား Viber Group ဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိုရပါသည်။

DOCA(မန္တလေး)                          

ပြည်ခရိုင်၊ပြည်မြို့တွင်Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် (.၁၁.၂၀၂၅)နေ့ ရွာဘဲရပ်ကွက်ရှိ စက်မှုဇုန်ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆီလုပ်ငန်ရှင်များအား လည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ (၁၃.၁၁.၂၀၂၅) ရက်နေ့တွင် ဆန်စပါးလုပ်ငန်းရှင်များအားလည်းကောင်း ၊ ပန်းတောင်း မြို့နယ်၌ (၁၀.၁၁.၂၀၂၅)ရက်နေ့တွင် နတ်မောက်အုပ်စု၊ နက်မောက်ကျေးရွာရှိ ပြည်သူများအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

    စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဘုရင့်နောင်လမ်းမကြီး၊ နဝဒေးလမ်းဆုံရှိ “သပြေ” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း၊ ဈေးကြီး(၅)ရုံရှိ “ပြည့်ကျော်” ကရေကရာလုပ်ငန်းသို့လည်းကောင်း၊ သိမ်လမ်း၊ အမှတ်(၆၂၃)၊ ဆင်စုရပ်ကွက်ရှိ “မြင်းပျံ” ဖျော်ရည်လုပ်ငန်း သို့လည်းကောင်း၊ (၁၄)လမ်း၊ အောင်ဆန်း ပြည်သာယာရပ်ကွက်၊ အပိုင်း(၃)ရှိ “အောင်ကမ္ဘာ” မလိုင်လုံးလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၂၁)၊ F လမ်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ “ရွှေမြင့်မိုရ်” ချက်နို့ဆီလုပ်ငန်း သို့လည်းကောင်း၊ မအူရွာ၊ ဆင်စုရပ်ကွက်ရှိ “ကောင်းသန့်”မလိုင်လုံး လုပ်ငန်းသို့လည်းကောင်း၊ အောင်ဆန်း တိုးချဲ့ရပ်ကွက်ရှိ “ပေါက်ကြီး” ပေါင်မုန့်လုပ်ငန်း သို့လည်းကောင်း၊ အောင်ဆန်း ပြည်သာယာ ရပ်ကွက်ရှိ “အက်ရှင်” ငှက်သိုက်လုပ်ငန်းသို့လည်းကောင်း၊ သို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊  ရွှေဘိုခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့နှင့်ပူးပေါင်း၍  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက် စက်မှုဇုန်ရှိ အေးမေတ္တာဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက myroတွင်မှတ်ပုံတင် ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများကို လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း Updateပြုလုပ်ရန် အသိပညာပေးခဲ့ပြီး ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများ၊ လက်ကျန်အခြေအနေ၊ ဈေးကွက်အခြေအနေ များမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

“Online Sale လျောက်ထားမှုနှင့်ပတ်သက်၍မြေပြင်ကွင်းဆင်းဆောင်ရွက်”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းလတ် (စစ်ဆေးရေးအရာရှိ)သည် နိုဝင်ဘာလ(၇)ရက်နေ့၌ Onlineမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားသည့် စဉ့်ကိုင်မြို့၊အုန်းပင်ခြံ ရပ်ကွက်ရှိ ရှယ်ဆိပ့်-ဒေသနွားနို့ စားသောက်ကုန် ရောင်းချသောဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ် မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း စသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများ အားအသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကျောက်ဆည်မြို့ရှိ ကြံတိုင်းအောင်စားသုံးဆီအရောင်းဆိုင်အား ကွင်းဆင်း”

          ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၆)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့ရှိ ကြံတိုင်းအောင် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သောပိဿာ၊ကျပ်သားအားမြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိ သောစားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီးရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေးနှင့်စက်မှုလုပ်ငန်းသုံးစားအုန်းဆီထုတ်ယူသော စိန်ရတနာအာလူးကြော်လုပ်ငန်းအား ကွင်းဆင်းစိစစ်”

  မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ များသည် နိုဝင်ဘာလ(၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြစ်သားမြို့နယ် ၊ ရေဝန်ကျေးရွာကျေးရွာ စိန်ရတနာ အာလူးကြော်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးနှင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများအား ပြင်ပသို့စီးဝင်/စီးထွက်မှုမရှိစေရေး လုပ်ငန်းအတွက်ပြည့်ပြည့်ဝဝ အသုံးချဆောင်ရွက်သွားရန် နှင့် ဆီအသုံးပြုမှု(၁)ရက် ကုန်ကျမှု ၊ (၁)လ ကုန်ကျမှုများကို အမှန်တကယ်သုံးစွဲမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စိန်ရတနာအလူးကြော် လုပ်ငန်းရှင်အား မြန်မာနိုင်ငံ စားသုံးသကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေး ခြင်းနှင့်၄င်းအချက်အလက်များမှ ပုဒ်မ(ခ) ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင် သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(မန္တလေး)

“ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး Talk Show ပြုလုပ်”

  ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာလ(၅)ရက်နေ့တွင် မြစ်သားမြို့ လူထုအခြေပြု Community Center ခန်းမ၌ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေး Talk Show ကျင်းပရခြင်း ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က ထုတ်ကုန်များလုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိ စေရေးအတွက် ဈေးများ၊ ကျောင်းများ၊ ကျေးရွာများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်အသီးသီးအား စားသုံးသူကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ် လျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည့် အချက် များ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဈေးကွက် မရောက်မီ Pre Market ဈေးကွက်စောင့်ကြည့်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသားပြဌာန်းချက်များအား အလေးထား လိုက်နာဆောင်ရွက်မှုသာ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများအား ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင် မည့်နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

 DOCA(မန္တလေး)

 

မြင်းခြံမြို့၊ဦးညွှန့်ဝင်း ဆေးဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

         မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့ပေါ်ရှိ ဦးညွှန့်ဝင်း ဆေးဆိုင်တွင် ရောင်းချနေသော ကလေး/ လူကြီး ဖြည့်စွက်စာများနှင့် ဆေးဝါးပြတ်လပ်မှုရှိ/ မရှိအား ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်  ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရှိ ကလေး/ လူကြီး ဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပါကြောင်းနှင့် ဆေးဝါးများပြတ်လပ်မှု မရှိပါကြောင်းစိစစ်တွေ့ရှိရပြီး ဆက်လက်၍လည်း ဥပဒေပါ ပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များအားလိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ်စည်းကမ်းများနှင့် အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ မီးသတ်ဦးစီးဌာနတွင် အသိပညာပေးဟောပြောဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများကို နယ်ပယ်အစုံသို့ နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ အများပြည်သူများအပြင် ဌာနဆိုင်ရာဝန်ထမ်းများအားလုံးသို့လည်း အသိပညာပေးလျက်ရှိရာ ၂၈.၁၀.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်ဦးခရိုင်တာဝန်ခံသည် ညောင်ဦးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သေချာစွာ စိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက် ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ်ပါကြောင်း၊ ဖော်ပြပါဝင်သောကုန်စည်နှင့် သက်ဆိုင်သည့်ကုန်အညွှန်းအမှတ် အသားများအတိုင်း စနစ်တကျလိုက်နာသုံးစွဲရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်ဖြင့် အသိပညာဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ အရာထမ်း၊ အမှုထမ်း(၂၀)ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ