Main menu

စားသောက်ဆိုင်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့တို့သည် မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ အထက်ရေပုန်းလမ်းမကြီးရှိ Billion(ကု‌ဋေ) စားသောက်ဆိုင်လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းအား ၂၀၂၆ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရခြင်းသည် ဒေသတွင်းရောင်းချနေသော စားသောက်ဆိုင်များ သန့်ရှင်း စွာရောင်းချနေခြင်းရှိ/မရှိ၊ မိမိတို့ရောင်းချနေသော ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအား စားသုံးသူ များအား အသိပေးကြေငြာခြင်းရှိ/မရှိ၊ တိကျသော သတင်းအချက်အလက်များဖော်ပြထားခြင်းရှိ / မရှိ၊ ကျန်မာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးရှိ/မရှိနှင့် ကြိုတင်သတိပေးထားခြင်းများရှိ/မရှိတို့ကို စစ်ဆေးမေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)