
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ၊ နေ့လယ် ၁၃း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ဦးစားပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ ၃ ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ထားဝယ်မြို့ပေါ်ရှိ ဦးဝတုတ် စားသောက်ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စစ်ဆေးရာတွင် စားသောက်ဆိုင်အနေဖြင့် သတင်းအချက်အလက်ဝန်ဆောင်မှုူနှင့် ပတ်သက်သောအချက်အလက်များ ပွင့်လင်းမြင်သာမှု ရှိ/မရှိ အစားအသောက်ပြုပြင် ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
DOCA(တနင်္သာရီ)
