Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၁၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက်
လျက်ရှိပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် (၂၉-၁၂-၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ဥက္ကဌ၊အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြပါသည်။ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲတာဝန်ခံအရာရှိ ဒေါ်မေသက်ထွန်းမှ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကို အမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံအရာရှိ ဦးမျိုးထွန်းမှထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကိုအမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့်တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင် ၊ မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများမှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အဖွဲ့ဝင်များမှဝိုင်းဝန်ဆွေးနွေးခဲ့ကြပြီး ဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာအစည်းအဝေးအား နေ့လယ်(၁၅:၁၅)နာရီအချိန် ပြီးစီးခဲ့ပါသည်။

DOCA(မန္တလေး)

ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈-၁၂-၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁၀)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များအား ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာ ထားရှိရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါသည့် အစားအသောက်များကိုသာ ရွေးချယ် ရောင်းချပေးရေးနှင့် ရက်လွန်မုန့်များမဖြစ်အောင် သတိထားရောင်းချပေးနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့ပြင် စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ စားသုံးသူများအပေါ် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာလျှင်လည်း Comsumer Call Center ဖြစ်သည့် (1535)သို့လည်းကောင်း ခေါ်ဆိုတိုင်ကြားနိုင်ပြီး စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mmထဲသို့ ဝင်ရောက်၍လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် လင်းခေးမြို့ပေါ်ရှိ  နမ့်တိန်းခမ်းသောက်ရေ သန့်စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

     ထိုသို့ ဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်း ပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ရှိ အထည်အလိပ်၊အဝတ်အထည်၊ ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများအား အွန်လိုင်းရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဆောင်သော ဝန်ထမ်းများသည် ၉.၁၂.၂၀၂၅ ရက်နေ့တွင် တောင်ကြီးမြို့ရှိ အထည်အလိပ်၊အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဌာနမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ထည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် အမှန်အတကယ်ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထား‌သော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမှန်တကယ်ရှိ/မရှိတို့အား မေးမြန်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ရှိ အွန်လိုင်းရောင်းဝယ်မှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၉.၁၂.၂၀၂၅ ရက်နေ့ နံနက်(၁၀း၀၀)နာရီ အချိန်တွင် စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် တောင်ကြီးမြို့၊ဗိုလ်ချုပ်လမ်း၊ လမ်းမတော်ရပ်ကွက်နေ ဒေါ်အိမ့်အိမ့်ဖြူ အထည်အလိပ်၊အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဒေါ်တင်တင်အေး ဒုတိယဦးစီးမှူးမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းအား မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံ စံတွင် ထည့်သွင်းထားသည့် လိပ်စာအတိုင်း မြေပြင်တွင် အမှန်အတကယ်ရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထား‌သော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမှန်တကယ်ရှိ/မရှိတို့အား မေးမြန်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ပေါ်ရှိဆန်ဆိုင်ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည်  တောင်ကြီးမြို့အတွင်းရှိ ဆန်ဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့အတွင်းရှိ  ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့် တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန်ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၂)ဆိုင်အား ဈေးကွက်စောင့်ကြည့်

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်  (၂)ဆိုင်၌  ဖြန်ဖြူးရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း ၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းရေး အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ကန့်ဘလူမြို့၊ အမှတ်()ရပ်ကွက်ရှိ မြတ်နန်းဦးသောက်ရေသန့်စက်ရုံသို့ ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ရေသည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည့်    အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူ များအတွက် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဘူးခွံများကိုစတင်ဆေးကျောသည့်အဆင့်မှ ပါကင်ပိတ် ပြီးသည်အထိ သန့်ရှင်းသတ်ရပ်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ အသိပညာပေး ဆွေးနွေး ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင်  ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက် များကိုလည်း  သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်လက်လီ၊ လက္ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် ခရိုင်ပြန်/ဆက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန် ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့မြို့မဈေးရှိ ဆန်လက်လီ၊လက်ကား ရောင်းချသည့်ဆိုင်များ အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဆန်လက်လီ/လက္ကားအရောင်းဆိုင် များရှိ ဆန်အမျိုးအစားနှင့် ဈေးနှုန်းအခြေအနေတို့အားစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဒေသ ထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အားစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့် အထက် သိုလှောင်သည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်ပါက မိမိတို့၏ သိုလှောင်ရုံများကို Myanmar Rice Online (MyRo)-www.myro.com.mm တွင် မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အသိပေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာပေးသင်တန်း၌ Online Sale လုပ်ငန်းဆိုင်ရာအကြောင်း အသိပညာပေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ် သော တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် (၁၅း၀၀)အချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သား ( ၂၀ )ဦး တက်ရောက်ခဲ့ပါသည်။

          စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ‌ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်း အဖြစ် သတ်မှတ်သည့်အမိန့်ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်‌ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်သည့် မည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်ကြော်ငြာစာများ ထုတ်ပြန်ထားသည်ကို လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အထောက်အထားများ၊ မဖြစ်မနေပူးတွဲတင်ပြရမည့် အထောက်အထားများ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များနှင့် သတင်းလွှာ ၁၇/၂၀၂၃ဖြင့် အသိပေးကြေညာထားသည့် မှတ်ပုံတင်ကြေးအတွက် ကောက်ခံသွားသည့်သတ်မှတ်နှုန်းထားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ