Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး သွားတိုက်ဆေးအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး”

         မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ကျောက်ဆည်မြို့ပေါ်ရှိ MARIO Unimark နှင့် မြို့ပေါ်ရှိကုန်စုံဆိုင်အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတံဆိပ်များ ပြည့်စုံစွာပါဝင်မှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စတိုးဆိုင်နှင့်ကုန်စုံဆိုင်များအားမြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်  စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း ၁၈ ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက် အလက်များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက် ပို၍ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ လည်းကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စက်များသို့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

    ၁၆.၁.၂၀၂၆ ခုနှစ် နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် မြို့နယ်တာဝန်ခံများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆန်စက်များသို့ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေးအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် အဖွဲ့မှ ဆန်စပါးကြိတ်ခွဲနိုင်မှု အခြေအနေ၊ စက်ကြိတ်ခ နှုန်းထား ကုန်ကြမ်းရရှိမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေ၊ လုပ်သားအင်းအား၊ မီးဘေးကာကွယ်ရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကြုံတွေ့ရသော အခက်အခဲများ၊ လိုအပ်ချက်များအား လုပ်ငန်းရှင်များအား မေးမြန်းစုံစမ်းခြင်း၊ လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံသည် “ဝင်းလတ်” အမှတ်တံဆိပ် သောက်ရေသန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ ဒုတိယတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၁၆..၂၀၂ ရက်နေ့တွင် ဝင်းလတ် အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်”

         ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်:လုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ‌ ဆွေးနွေးပွဲ၌ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်းအကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်‌ရောက်တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ကျေးရွာသူ/ ကျေးရွာသားစုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြပြီး တက်‌ရောက်လာသော ကျေးရွာသူ/ ကျေးရွာသားများအား  စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး) 

မော်လမြိုင်မြို့၊ အ.ထ.က (၉) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

   ၁.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ အ.ထ.က (၉) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် တာဝန်ခံကျောင်းအုပ် ‌ဒေါ်ထိုက်ထိုက်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ () ဦး၊ ကျောင်းသား/ကျောင်းသူ (၂၆) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဘီးလင်းမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၅.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့ပေါ်ရပ်ကွက်များရှိ ကုန်မျိုးစုံရောင်းချ နေသော စတိုးဆိုင်များသို့ သွားရောက်၍ အရန်သင့်အစားအစားအမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်တွင် ရောင်းချနေသော အသင့်စား မုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထားသည့် ကုန်စည်များရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြု ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အရန်သင့်အစားအစာ များကိုသာ ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူးရောင်းချစေရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၁..၂၀၂၆ ရက်နေ့ နံနက် (၀:၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံ မြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Good Choice အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက် ဆီများ အား စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ရောနှောဆီများရောင်းချမှု မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၌ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စစ်ဆေးခြင်း

    ၁.၁.၂၀၂ ရက်နေ့တွင် စာသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၌ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် သယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၌ သတ်မှတ်လူဦးရေ ထက် ပိုမိုတင်ဆောင်ခြင်း ရှိ/မရှိ၊ ယာဉ်မောင်းအရက်သေစာသောက်စားထားခြင်း ရှိ/မရှိ၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးထုတ်ပြန်ထားသောသက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး စသည့် ဝန်ဆောင်မှုများကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ် ရရှိစေရန်နှင့် နစ်နာဆုံးရှုံးမှုဖြစ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သော ကုစားခွင့် ရရှိစေရေး စစ်ဆေးခြင်း၊ ကားလက်မှတ်ကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ပစ္စည်းများကို တန်ဆာခ ရယူသယ်ဆောင်ရာတွင် ပေးပို့သူက စိတ်ချလုံခြုံမှု ရရှိနိုင်မှု ရှိ/မရှိ၊ ကုန်စည်များကို သတ်မှတ်ရက်အတွင်း ပို့ဆောင်မှု ရှိ/မရှိ၊ ပစ္စည်းများတစိတ်တဒေသ ပျက်စီးခြင်း၊ အားလုံးပျက်စီးခြင်း ဖြစ်ပေါ်ပါကပေးလျော်ရန် သတ်မှတ်ချက်များ ရှိ/မရှိ၊ ရှိပါက ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်း ရှိ/မရှိ၊ ခရီးသည်များလိုက်ပါစီးနင်းသောခုံများသည် သင့်လျော်သောအခြေအနေ ရှိ/မရှိ၊ ယာဉ်ထွက်ခွာရန် သတ်မှတ်သောအချိန်တွင် ထွက်ခွာ ခြင်း ရှိ/မရှိ၊ ယာဉ်အတွင်း မကောင်းသောအနံ့များ မရှိစေရန်၊ ကွမ်းတံထွေး၊ အမှိုက်ကဲ့သို့ သော ပစ္စည်းများမရှိစေရန် သန့်ရှင်းမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

“နဂါးနီ” ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည် (၈.၁.၂၀၂၆) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “နဂါးနီအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည့် မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

              ထိုသို့ဆွေးနွေးရာတွင် ကုန်အညွှန်းအမှတ်အသား ပြုလုပ်ရာတွင် လိုအပ်သည်များကို ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်း အမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖော်ပြမည့် အချက်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့် လျှောက်ထားခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(စစ်ကိုင်း)

သထုံမြို့နယ်၊ မြို့မဈေးအတွင်း ‌ရောင်းချလျက်ရှိသော အစားအသောက်၊ ‌ဆေးဝါးနှင့် အလှကုန်ပစ္စည်းရောင်းချနေသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်ခြင်း

     ၁၄.၁.၂၀၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်သထုံခရိုင်၊ သထုံ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌‌ရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များအား စျေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းအတက်အကျနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ၊ စံမမှီဆေးများ ‌ရောင်းချမှု ရှိ/မရှိ ၊ သက်တမ်းကျော်လွန်သော ဆေးများ၊ ဆေးပစ္စည်း အတုများ ရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်း၊ ဆေးဝါးများတွင် FDA ထောက်ခံချက်ပါရှိခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများတွင် FDA ထောက်ခံချက်ပါ ရှိ/မရှိ၊ ပစ္စည်းအတုများ ရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး၊ စံချိန်စံညွှန်းနှင့်ကိုက်ညီ၍အရည်အသွေးပြည့်ဝသော ဆေးပစ္စည်းများ၊ အစားသောက် များနှင့် အလှကုန်ပစ္စည်းများကိုသာ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ