Main menu

အွန်လိုင်းမှတ်ပုံတင်နိုင်ဖို့ Talk Show ပြုလုပ်စို့

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ပပရွှေသည် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ဦးစားပေးစောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ()ရပ်အား အသိ ပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ Talk Show ဝန်ဆောင်မှုကဏ္ဍ()ရပ်တွင် အစားအသောက်ဝန်ဆောင်မှု၊ ဆက် သွယ်ရေးဝန်ဆောင်မှုနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ကဏ္ဍများပါဝင်ကြောင်း၊ ထိုသို့ ဦးစားပေးစောင့်ကြည့်စစ်ဆေးရခြင်းသည် တိုင်ကြားမှုအများဆုံးဖြစ်သောကြောင့် စောင့်ကြည့် ရခြင်းဖြစ်ကြောင်း၊ အစားအသောက် ဝန်ဆောင်မှုနှင့် ပတ်သက်၍ စားသုံးသူများအား သတင်းအချက် အလက်များ ပွင့်လင်းမြင်သာစွာ ထားရှိရန်၊ ဟင်းသီးဟင်း ရွက်များသန့်ရှင်းလတ်ဆတ်စွာထားရှိရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအား တကိုယ်ရည်သန့်မှုရှိ စေရန်လိုအပ်ကြောင်း၊ စားသုံးသူများ အပေါ် ထိခိုက်နစ်နာမှုမရှိစေရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု ကဏ္ဍအနေဖြင့် နည်းပညာခေတ်တွင် အင်တာနက်သည်ပညာရေး၊ စီးပွားရေး နှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည် အသွေးပြည့်မီသော အင်တာနက်ဝန် ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမူ ဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရန်နှင့် ဆက်သွယ်ရေး ကုမ္ပဏီ များက ပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံ မှန်ကန်စွာ နှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိ မည် ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖြစ်သည့် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာ များပေးပို့သည့် ယာဉ်လိုင်းများအား  ပို့ဆောင် ရေးကဏ္ဍသည် အထူးအရေးပါကြောင်း၊  အများသုံး သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များကို စစ်ဆေးခြင်းဖြင့် ယာဉ်မတော်တဆကိစ္စရပ်များအား အတိုင်းအတာတစ်ခုထိ လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ဥပမာ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင် ခြင်း၊ ယာဉ်မောင်း အရက်သေစာ သောက်စားထားခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ထုတ်ပြန် ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာမှုရှိစေရန် လိုအပ်ကြောင်း သို့မှသာ စားသုံးသူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုလျော့နည်းပြီး အခွင့်အရေးများရရှိလာမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)