Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ ဝါးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂  ခုနှစ် ၊ ဇူလိုင် ၂၉ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ သည် ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ဝါးနှင့်ခြံတိုင်များရောင်းချသည့် ဆိုင်သို့သွားရောက်၍ ဝါးဆိုင် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေသတွင်း ဝါးစိုက်ပျိုးထွက်ရှိမှုအခြေအနေများ၊ ဝါးအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သည့် မျှစ်၊ မျှစ်ချဥ်၊ မျှစ်ခြောက်၊ ဝါးထုတ်ကုန်ပရိဘောဂပစ္စည်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများ၊ ‌စျေးကွက်အခြေအနေများအား မေးမြန်းဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် (၈း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော် ခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကာားပြောကြားခြင်း၊ လိုအပ်သည့်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားအား (၈း၄၅) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက်  အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခြင်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဇူလိုင်လ(၂၈) ရက်နေ့တွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှ ဦးဆောင်၍ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ဆွေသဟာ စားသောက်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူများ၏ ကျန်းမာရေး၊ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် အစားအသောက်ချက်ပြုတ်ရာတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ စသည်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား အစားအသောက်ရောင်းချရာတွင် အဓိကသန့်ရှင်းသပ်ရပ်မှုရှိစေရေးမှာ အဓိကကျသည့်အတွက် သန့်ရှင်းကောင်းမွန်သော စားသောက်ဆိုင်ဖြစ်အောင် ဂရုစိုက်ကြရန်နှင့် အစားအသောက်များ၏ အမျိုး အစား၊ အရွယ်အစား၊ ပမာဏအလိုက် ဈေးနှုန်းများအား သိသာထင်ရှားစွာဖော်ပြထားရှိရေး၊ စားသုံးသူ အခွင့်အရေး အပြည့်အဝရရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးတာဝန်ခံများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဒေါပုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်ကော်ဖီမစ်ထုတ်များတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ရေးသား ဖော်ပြထားခြင်း ရှိ/ မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များဖြစ်သော  One Twa, Milk Boy,  Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

            ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင် ထွန်း(ကြီး/ရေး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ(စူပါဝမ်း) ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန် ပစ္စည်းများတွင်  ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည်  ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်စား စားသောက်ကုန်စည်များအား (၂၁.၇.၂၀၂၅) ရက်နေ့၊  နံနက်(၁၁:၀၀) နာရီအချိန်တွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ အသင့်စား စားသောက်ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်သောက်ကော်ဖီထုပ်များအား (၂၃-၇-၂၀၂၅) ရက်နေ့ ၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ဈေးအတွင်းရှိကုန်စုံဆိုင်အား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          BEST၊ PLATINUM၊ SUNDAY၊ PREMIER ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ  အသင့်သောက်ကော်ဖီမစ်ထုပ်များအား (၂၁-၇-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ Sunday, Lovita, Super,  အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  ဝန်ထမ်းများအား( Digital Payment‌) အသုံးပြုနိုင်ရေးစီစဥ်ဆောင်ရွက်

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်းလျမ်စွမ်းမှ ဦးဆောင်၍ ဝန်ထမ်းများကို (Digital Payment‌) ဖြင့်လစာပေးရန် MCB Bank မှတာဝန်ရှိသူများနှင့် ချိတ်ဆက်၍တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါသည်။ MCB Bank မှတာဝန်ရှိသူများမှ တိုင်း/ခရိုင်ရှိ ဝန်ထမ်း(၅၁)ဦးအား အကောင့် သစ်ဖွင့်ပေးခြင်းနှင့် အကောင့်‌‌ဟောင်းများ ပြန်လည်အသုံးပြု၍ရအောင်ဆောင်ရွက်ပေးခြင်း၊ ဘဏ် စာအုပ်၊  ကဒ်များထုတ်ပေးခြင်းနှင့် CTZ Pay APP သုံးပြုပုံများကို အသေးစိတ်ရှင်းပြ ပေးခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ (၂၂-၇-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီရောင်းချ နေသောဆိုင်များအားသွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက မြို့နယ်အတွင်းရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ