Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “မိချောလေး” အမှတ်တံဆိပ်ဖြင့် ခေါက်မုန့်၊မုန့်ပန်းပွင့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ..၂၀၂ ရက်နေ့တွင် “မိချောလေး” အမှတ်တံဆိပ်ဖြင့် ခေါက်မုန့်၊ မုန့်ပန်းပွင့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

   ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်များ၏ စျေးနှုန်းများ၊ စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်း စိစစ်ဆောင်ရွက်ခြင်း

    ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထူးမြတ်အိ၊   ဒေါ်ခင်ခင်အေး(ဌာနခွဲစာရေး)၊  ရန်ကုန်တိုင်းဒေသကြီး၊  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး(ဦးစီး မှူး)၊ ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ ဈေးကွက်အတွင်း ဝင်ရောက်မှု အခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး ၊ဘူးသီး၊ ရှောက်သီး ၊ရွှေဖရုံသီး၊ မုန်လာဥ၊ပဲသီးတို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၌ အပတ်စဉ်တနင်္လာနေ့နှင့် သောကြာနေများတွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား (၂၈.၇.၂၀၂၅)ရက်နေ့ အလေးပြုခြင်း

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စ၍ အပတ်စဉ် တနင်္လာ နေ့နံနက်၊ သောကြာနေ့ ညနေခင်းတို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အလံတိုင်ရှေ့တွင် တိုင်းဒေသကြီးဦးစီးမှူးဦး ဆောင်၍ တိုင်းဒေသကြီးဦးစီးမှူးရှိ ဝန်ထမ်းများ  ( ၄၀ )ဦးသည် နံနက် ( ၉:၃၀ ) နာရီ အချိန်၌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် ( ၆ ) ချက် ရွတ်ဆိုခြင်းများကို မပျက်မကွက် ( မပျက်မကွက် ) ပြုလုပ်လျက်ရှိပါကြောင်းနှင့် ဌာနခွဲ တာဝန်ခံများအနေဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ဌာနမှ အချိန်နှင့် တပြေးညီ-ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “ဒီပါလင်း” အမှတ်တံဆိပ် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   ၄.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးသည် “ဒီပါလင်း” အမှတ်တံ ဆိပ် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့် ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် “မခိုင်” အမှတ်တံဆိပ် ကြက်ဥခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ..၂၀၂ ရက်နေ့တွင် “မခိုင်” အမှတ်တံဆိပ် ကြက်ဥခေါက်မုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

      ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

           ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး‌ ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦ၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ခင်ခင်အေး  (ဌာနခွဲစာရေး)၊ ရန်ကုန်တိုင်းဒေသကြီး  အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ   ဒေါ်ခင်မာဌေး (ဦးစီး မှူး)၊ ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင် နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၃.၇.၂၀၂၅ ရက်နေ့၊   နံနက် (၀၉:၀၀) အချိန်တွင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း(လက်လီ)ရောင်းချနေသည့် ဈေးနှုန်းများ မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် စားဖိုဆောင်သုံးပစ္စည်းများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ရှည်၊ငရုတ်ပု၊ အာလူး၊ သကြား၊ ကုလားပဲ စသည့်တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဦးမောင်တင့် (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် .၈.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ ဆင်ဘိုကုန်းကျေးရွာအတွင်းရှိ ဦးမောင်တင့် (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ DISKO အမှတ်တံဆိပ်ပါ နို့ဆီ သည် နို့နှင့်နို့ထွက်ပစ္စည်းအမျိုး မျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြ ရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖာ်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်များ ဖြန့်ဖြူးရောင်းချ ရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူ ဖြန့်ဖြူးရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

မင်္ဂလာဒုံစက်မှုဇုန်ရှိ Sunkit စက်ရုံသို့ ကွင်းဆင်းလေ့လာ

       (၂၃.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၁၅၁)၊ (၁၀)လမ်း၊ ဇေကမ္ဘာ ဝင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Sunkit အချိုရည်စက်ရုံသို့ ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထို့သို့ကွင်းဆင်းလေ့လာရာတွင် Sunkit အချိုရည်စက်ရုံမှ တာဝန်ခံနှင့်တွေ့ဆုံကာ Sunkit တံဆိပ်ဖြင့် စပါကလင်၊ လိမ္မော်၊ လီမွန်နိတ်၊ စပျစ်အချိုရည်ထုတ်လုပ်လျက်ရှိပြီး တစ်မျိုးလျှင် (၃၅၀) မီလီမီတာမှ (၁.၅)လီတာဗူးများ ထုတ်လုပ်လျက်ရှိရာ တစ်နေ့လျှင် တစ်မျိုးစီ (၃၃၀)မှ (၅၀၀)ဗူး ထုတ်လုပ်ကာ ပြည်တွင်းအနှံ့အပြားပို့ဆောင်ရောင်းချလျက်ရှိ ကြောင်း ယခုအခါစက်ရုံတွင် ဝန်ထမ်း အင်အား(၁၀၁)ဦး၊ မ(၄၁)ဦးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ဦးမြစိန် (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် .၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်အတွင်းရှိ ဦးမြစိန်(ကုန်စုံဆိုင်)သို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီ ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Xcite အမှတ်တံဆိပ်ပါ ကြက်သားချဉ်စပ်အရသာ ခေါက်ဆွဲထုပ် သည် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

သာစည်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း

  မိုးညှင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် .၈.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ သာစည်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၂)ဦး (အသက် ၆၀ အထက် ကျား-၁ဦး၊ အသက် ၅၀ အထက် ကျား- ၁ဦး)နှင့် ဦးကိုလေး (ကုန်စုံဆိုင်) ၌ တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှု စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း အခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်း ချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ ဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ် များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ