
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်ထူး (ခရိုင်ဦးစီးမှူး)သည် ဧပြီလ (၂၃) ရက်နေ့၌ Online မှတစ်ဆင့် ရောင်းဝယ်လုပ်ကိုင်နေသော တံတားဦးမြို့ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှု၊ အီလက်ထရောနစ် ပစ္စည်းနှင့် အခြားသုံးပစ္စည်းများ ရောင်းချနေမှုအပေါ် စစ်ဆေးမှုအရ လုပ်ငန်းရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင် လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူများသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက်ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အွန်လိုင်း ရောင်းချသူများ အနေဖြင့် ကုန်စည် ဝန်ဆောင်မှုအတွက် စားသုံးသူကပေးချေရန်နည်းလမ်းနှင့်ပတ်သက်၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရန်၊ အရောင်းပြေစာပေးအပ်ရန်၊ ပွင့်လင်းမြင်သာမှုရှိစွာ ရောင်းချရန်၊ လုပ်ငန်းရှင်မှတင်ပြလာသောအချက်အလက်များ၊ အမှတ်တကယ် ဆောင်ရွက်ခြင်း ရှိ/မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
