Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသင့်သောက်ကော်ဖီထုပ်များအား (၂၃-၇-၂၀၂၅) ရက်နေ့ ၊  နံနက်(၁၀:၃၀)နာရီအချိန်တွင် ဈေးအတွင်းရှိကုန်စုံဆိုင်အား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          BEST၊ PLATINUM၊ SUNDAY၊ PREMIER ကုန်စည်များတွင်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ရောင်းချသည့်ဈေးနှုန်းများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ  အသင့်သောက်ကော်ဖီမစ်ထုပ်များအား (၂၁-၇-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ Sunday, Lovita, Super,  အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌  ဝန်ထမ်းများအား( Digital Payment‌) အသုံးပြုနိုင်ရေးစီစဥ်ဆောင်ရွက်

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူး ဦးခမ်းလျမ်စွမ်းမှ ဦးဆောင်၍ ဝန်ထမ်းများကို (Digital Payment‌) ဖြင့်လစာပေးရန် MCB Bank မှတာဝန်ရှိသူများနှင့် ချိတ်ဆက်၍တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါသည်။ MCB Bank မှတာဝန်ရှိသူများမှ တိုင်း/ခရိုင်ရှိ ဝန်ထမ်း(၅၁)ဦးအား အကောင့် သစ်ဖွင့်ပေးခြင်းနှင့် အကောင့်‌‌ဟောင်းများ ပြန်လည်အသုံးပြု၍ရအောင်ဆောင်ရွက်ပေးခြင်း၊ ဘဏ် စာအုပ်၊  ကဒ်များထုတ်ပေးခြင်းနှင့် CTZ Pay APP သုံးပြုပုံများကို အသေးစိတ်ရှင်းပြ ပေးခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ (၂၂-၇-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီရောင်းချ နေသောဆိုင်များအားသွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက မြို့နယ်အတွင်းရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်း၆/၂၀၂၅ ဆက်လက်ကျင်းပ ”

  ကော့မှူးမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်၏ လမ်းညွှန်ချက်ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာ့အီလက်ထရော နစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ၆/၂၀၂၅ကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း နှင်းဆီ ခန်းမ၌  ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ လကုန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုင်း အောင်မြတ်က ပါတီစု ဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်အောင် ကျင်းပနိုင်ရေး၊ စီမံ ခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအား ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ မြို့နယ်အနေဖြင့် သတ် မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီရေးနှင့်ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက် နိုင်ရေး၊ မိုးစပါးလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးစသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ချပြဆွေးနွေး ပြောကြားခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ သိရှိလိုသည့် အချက်များ အား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ လကုန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုင်း အောင်မြတ်က ပါတီစုဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေး၊ စီမံ ခန့်ခွဲရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးနှင့် ပတ်သတ်၍ မြို့နယ်အနေဖြင့် သတ်မှတ်ပေးပို့ရမည့် အင်အားအတိုင်း ပြည့်မီရေးနှင့် ဥပဒေ၊ နည်းဥပဒေအတိုင်း တိကျစွာ ဆောင်ရွက်နိုင်ရေး၊ မိုးစပါးလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးစသည့် အကြောင်းအရာ များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ချပြဆွေးနွေး ပြောကြားခဲ့ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ သိရှိလိုသည့်အချက်များအား ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း(၁)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထူးစုံစမ်း စစ်‌ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ  (၂၁.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပုဇွန်တောင်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

          ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေး၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့် အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချကြရန်နှင့် ခွဲတမ်းရရှိ သည့် ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိအခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းအခြေအနေကွင်းဆင်း စစ်ဆေး”

  ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဩဂုတ်လ(၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဒေါ်မွှေးကြူ၊ မိဘရိတ်၊ ဒေါ်လုံးလုံး၊ ဦးချမ်း၊ ဒေါ်မူဆန်ဆိုင်များ၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့်၊ ဦးဌေးလှိုင်၊ ဦးတင်ဝင်း၊ ဦးတင့်ဆွေဦး ကုန်ခြောက်ဆိုင်များ၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက် ကြက်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလားအမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဒေါ်သင်းသင်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်စိုးကြည် ရေချို၊ ရေငံ ငါးပုဇွန် အရောင်းဆိုင်၊ ဒေါ်ချို၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥ လက်လီလက်ကားအရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက်ဆိုင်နှင့် ဒေါ်စိန်မမ၊ ဦးဖိုးထောင်၊ ဦးကျောက်ခဲ ကုန်စိမ်းအရောင်းဆိုင်တို့တွင် ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လအစတွင် ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းတို့၏ အခြေအနေမှာ သိသိသာသာ ကွာခြားမှု မရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားသည်ကို ကွင်းဆင်းစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးကွက်အတွင်းရှိဆန်ဆိုင်များတွင်ဆန် အမျိုးအစား အလိုက်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း ရှိ ဆန်ဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဩဂုတ်လ (၁) ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ ဖြစ်ကြ သော ဦးမြင့်ထူး၊ ဒေါ်မူ၊ မိဘရိတ်၊ ဒေါ်မွှေးကြူဆိုင် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင် ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ လျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန် အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်၊ ဈေးနှုန်း များ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ် ကြရန် နှင့် ဆန်အမျိုးအစားအလိုက် လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်း တို့အား စာရင်းကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိဆန်ဆိုင်များသို့ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ သို့ စားသုံးသူပြည်သူများ၏ နေ့စဉ်အဓိက စားကုန်ပစ္စည်းတစ်ခုဖြစ်သော ဆန်အမျိုးအစား အလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဈေးနှုန်း အခြေအနေအား ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆိတ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ဆိတ်ကြီးခနောင်တိုမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန်အမျိုးအစားအလိုက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတ သည့် ဆန်ဈေးကွက်၊ ဈေးနှုန်း ဇူလိုင်လအတွက် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆ မတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ