Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသိပညာတိုးပွားစေရေး စားသုံးသူကာကွယ်ရေး ဟောပြောပေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၁၀.၁. ၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ် ()ရပ်ကွက်ရှိ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၇၅)ဦးနှင့် ဆရာ၊ ဆရာမ () ဦး စုစုပေါင်း (၇၉) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်းနှင့် ယခုဌာနမှဆောင် ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ မိဘပြည်သူများ အခွင့်အရေးများကို သိရှိပြီး နစ်နာဆုံးရှုံးမှု ရှိခဲ့လျှင်တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ “CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်း ကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း၊ တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်း ကို လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က စားသုံး သူကာကွယ်ရေးဥပဒေ၊ အခန်း ()ပါ စားသုံးသူများရရှိသည့်အခွင့်အရေး ()ချက်နှင့်  စားသုံးသူများ လိုက်နာရမည့်တာဝန် ()ချက်ကိုလည်းကောင်း၊  ဒုတိယဦးစီးမှူး ဒေါ်ပပရွှေက အခန်း (၁၈)ပါ ကုန်အ ညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက် ()ချက်အားလည်းကောင်း အသေးစိတ် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့၊ အနောက်ရပ်တောင်ပိုင်းရပ်ကွက်၊ အုဠ်ဖိုတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၁၄..၂၀၂၆)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် သရက် မြို့ အနောက်ရပ်တောင်ပိုင်းရပ်ကွက် အုဠ်ဖိုတိုက်ကျောင်း ဘုန်းတော်ကြီးကျောင်း ကွမ်းအုံ ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းမှ ဆရာ/ဆရာ()ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦး၊မိဘပြည်သူ()ဦး စုစုပေါင်း(၁၀၉)ဦးနှင့် ဘန့်ပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)မှ ဆရာ/ဆရာ(၁၂)ဦး၊ကျောင်းသား/ကျောင်းသူ (၄၀)ဦး၊ မိဘပြည်သူ ()ဦး စုစုပေါင်း(၅၄)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးက စားသုံးသူဘေးကင်း လုံခြုံစိတ်ချ ရသည့် ကုန်စည်များဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသား၏ အဓိပ္ပါယ်နှင့် မြန်မာစာဖြင့် ရေးသားဖော်ပြပါရှိသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာ ဝယ်ယူခြင်း၊ အသုံးပြုခြင်းများ ဆောင်ရွက်ရန် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအကြောင်းနှင့် အွန်လိုင်းမှ ဈေးဝယ် ယူရာတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ် ရရှိပြီးသည့် လုပ်ငန်းရှင် များထံမှသာ ဝယ်ယူကြစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

စပါးကုန်သည်(ကြားပွဲစား)ကဒ် ပြုလုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်

    ၂၀၂၄ခုနှစ်၊ ဇူလှိုင်လ()ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မကွေးတိုင်း ဒေသ ကြီးအတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ တွေ့ဆုံဆွေးနွေးပွဲ၌ ဆန်စပါးဈေးနှုန်း တည်ငြိမ်ရေးနှင့် ဈေးကစားမှုများ ထိန်းချုပ်နိုင်ရေးအတွက် စပါးကုန်သည်(ကြားပွဲစား)များ မှတ်ပုံ တင်ပြုလုပ်သွားရန် ဆွေးနွေးညှိနှိုင်းခဲ့မှုအရ မကွေးခရိုင်အနေဖြင့် ခရိုင်အတွင်းရှိ ဆန်စပါးအဓိက ထွက် ရှိရာဒေသများဖြစ်သော တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ်မြို့နယ်များတွင် စပါးအရောင်းအဝယ် ပြုလုပ်သည့် စပါးကုန်သည်များအား မှတ်ပုံတင်ပြုလုပ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။

    ထို့သို့ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလအထိ မကွေးခရိုင် အတွင်း တောင်တွင်းကြီးမြို့နယ်မှ (၄၆)ဦး၊ မြို့သစ်မြို့နယ်မှ ()ဦး၊ စုစုပေါင်း (၅၄)ဦး စပါးကုန်သည် (ကြားပွဲစား)ကဒ် လျှောက်ထားလာမှုအပေါ် (၅၄)ဦးလုံး မှတ်ပုံတင်ကဒ် ရရှိခဲ့ကြပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်တွင်းကြီးမြို့နယ်မှ (၃၃)ဦး၊ မြို့သစ်မြို့နယ်မှ (၁၅)ဦး၊ စုစုပေါင်း (၄၈)ဦး၊ (ကြားပွဲစား) မှတ်ပုံတင်ကဒ် လျှောက်ထားကြရာ (၄၁)ဦး မှတ်ပုံတင်ကဒ် ရရှိခဲ့သဖြင့် သက်ဆိုင် ရာမြို့နယ်များသို့ ပေးပို့ထားခဲ့ပြီး ကျန်ရှိသော မှတ်ပုံတင် လျှောက်ထားသည့် စပါးကုန်သည် (၇)ဦးကိုလည်း  စပါးကုန်သည်(ကြားပွဲစား)ကဒ် ရရှိနိုင်ရေးအတွက် ဆက်လက်တင်ပြဆောင်ရွက် ထား ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

    စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန်နှင့် အတည်ပြုဆုံးဖြတ်ပေးရန်၊ စားသုံး သူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို မှတ် တမ်းတင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး စားသုံးသူ ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅..၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အခမ်းအနားတွင် ကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက (/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ် ချက်များရယူခြင်း၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြ ပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

DOCA(မကွေး)

ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသောပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြ လာစေရေးတို့အတွက် (၁၄.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ အ.ထ.က(၁) လမ်းပေါ်ရှိ "ထက်မြတ်အောင်" ကုန်စုံဆိုင်၊  မဲထီးလမ်းပေါ်ရှိ "နိုဘယ်" စတိုးဆိုင်၊ မြို့မဈေး အတွင်းရှိ "သိန်း" ကုန်စုံဆိုင်၊ "သိန်းလှ"ကုန်စုံဆိုင်၊ "ဦးအုန်း"ကုန်စုံဆိုင်နှင့် "နတ်မင်း"ကုန်တိုက် များသို့ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁၊ ၄၂၊ ၄၃) တို့တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း၊ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) အရ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

အဆိပ်အတောက်ပါဝင်နိုင်ခြေရှိသော Nestle အမှတ်တံဆိပ်  ကလေးဖြည့်စွက်စာအမျိုးအစား(၅)မျိုး ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဝန်ထမ်းများသည် စင်ကာပူအစားအသောက် အေဂျင်စီက အဆိပ်အတောက်ပါဝင်နိုင်ခြေရှိသော ကြောင့် Nestle အမှတ်တံဆိပ်ကလေးဖြည့်စွက်စာရောင်းချမှုကို ရပ်နားထားရန် ကြိုတင်ကာကွယ်မှု တစ်ခုအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့်ကာလအတွင်း အဆိပ်အတောက်ပါဝင်နိုင်ခြေရှိသော Nestle အမှတ်တံဆိပ်ကလေးဖြည့်စွက်စာ အမျိုးအစား(၅)ခုအား ရောင်းချခြင်း ရှိ/မရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၆.၁.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၄၅)နာရီအချိန်တွင် မကွေးမြို့၊  ရွာသစ်ရပ်ရှိ "ကောင်းစံ" ဆေးဆိုင်၊ "အာရောဂျံ" ဆေးဆိုင်၊  "တူးတူး" ဆေးဆိုင်၊  "ဖန်ခါးမြေ"ဆေးဆိုင်၊ "ပုလဲ"ဆေးဆိုင်၊ "သံလွင်"ဆေးဆိုင်၊ ပြည်တော်သာလမ်းမပေါ်ရှိ "ကြယ်စင်" ဆေးဆိုင်နှင့် "မေတ္တာမွန်"ဆေးဆိုင်များသို့ Nestle အမှတ်တံဆိပ်ကလေးဖြည့်စွက်စာအမျိုးအစား (၅)မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

           "Nestle"အမှတ်တံဆိပ် ကလေးဖြည့်စွက်စာ အမျိုးအစား(၅)မျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးရာ၌ အဆိုပါဆိုင်များတွင် ရောင်းချမှု မရှိကြောင်း ၊ စားသုံးသူကာကွယ်ရေး ဥပဒေနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။

DOCA(မကွေး)

ချောက်မြို့၌ ဆန်၊ ဆီများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်း

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီများကို သတ်မှတ်ညွှန်ကြား ချက် များ နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၁၂.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်၊ ဆီ‌ရောင်ချသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိ ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆီနှင့်ဆန်များအား အခြားအမျိုး မတူဆန်များနှင့် ရောနှော ရောင်းချခြင်းမပြုရေးနှင့် စျေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ကုန်စည်များပေါ်တွင် ကုန်စည် အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည် များကိုသာ ရောင်းချရေး၊ စီးပွား ရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် ရေး၊ ဆန်သို လှောင်ရုံ၊ ဆန်စက်များ၏ ကြိတ်ခွဲထုတ် လုပ်မှု၊ စျေးနှုန်းစျေးကွက်နှင့် ဆန်စီးဝင်/ စီးထွက်စာရင်းများ၊ MyRO တွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ် လက်ကျန်စာရင်းများ ရေးသွင်းထားခြင်းရှိ/မရှိနှင့် Update စာရင်းရေးသွင်းနိုင်ရေး မှာကြားခြင်း၊ ဆန်ဆိုင်များအနေဖြင့် အိတ်(၅၀၀)အထက် ဆန်လက်ကျန်များ သိုလှောင် ထား သော်လည်း မှတ်ပုံတင်ထားခြင်းမရှိသည်ကို စိစစ်တွေ့ရှိပါက ဥပဒေအရအရေးယူခြင်း ခံရနိုင် ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်သည့် Thaw Thaw Aunglan အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် အောင်လံခရိုင် တာဝန်ခံ နှင့် ဝန်ထမ်းများသည် (၁၃.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် အောင်လံမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုဆောင်ရွက်သည့် Thaw Thaw Aunglan အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေးလုပ်ငန်းအား Online မှတ်ပုံတင်ရာတွင် အချက်အလက်များနှင့်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်တာဝန်ခံက Thaw Thaw Aunglan အိမ်၊ ခြံ၊ မြေ လုပ်ငန်းအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည် မှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ၊ ဖုန်းနံပါတ်မှန်ကန်မှု ရှိ/မရှိ၊ ဝန်ဆောင်မှုသည် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ထားသော (သို့မဟုတ်) ကန့်သတ်ထားသော ဝန်ဆောင်မှု ဟုတ်/မဟုတ် (သို့မဟုတ်) ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် မြေပြင်စစ်ဆေးရမည့် အချက် (၁၈)ချက်နှင့်အညီ စစ်ဆေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိထားသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် အာမခံရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)                  

MILK POWER ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်း

         ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်း၍   တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ MILK POWER ဒိန်ချဉ်လုပ်ငန်းအား ထုတ်ကုန်မျာ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် MILK POWER ဒိန်ချဉ်သည် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာဆောင် ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

စန်းသော်တာအမှတ်တံဆိပ် ကိတ်မုန့်/ ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ  ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ စွန်မိုင်ရပ်အတွင်းရှိ စန်းသော်တာ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် စန်းသော်တာ အမှတ်တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ