Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကူမဲမြို့ရှိ သူရ ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

  ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇူလိုင်လ(၂၄) ရက်နေ့တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ကူမဲမြို့နယ်အတွင်းရှိ သူရ ဆန်လက်လီလက်ကား ရောင်းချနေသော ဆန်အရောင်း ဆိုင်သို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ကူမဲမြို့နယ်အတွင်းရှိ သူရ ဆန်အရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနမှ ဆန်သတ်မှတ်ရည်ညွှန်းဈေးများအား လစဉ် ထုတ်ပြန်ပေးလျက် ရှိကြောင်း ၊ ၎င်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်း မပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ဆန်တန်ချိန် (၂၅)တန် အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။

DOCA(မန္တလေး)

ကျိုက်လတ်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားအုန်းဆီလုပ်ငန်းရှင်အသင်း၊ မီးသတ်ဦးစီး ဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/လက်ကား အရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသောရည်ညွှန်းဈေးနှင့် အများပြည်သူထံသို့ အမှန်တကယ်ရောင်းချမှု ရှိ/ မရှိ၊ ဆိုင်းဘုတ်တင်ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသည်ကိုတွေ့ရှိရပါသဖြင့် အရေးယူ ဆောင်ရွက်မှု မရှိခဲ့ပါကြောင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်(၂) ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ် ဈေးနှုန်းများအား မြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရာင်းဆိုင်များတွင် ဝယ်ရင်းဈေးထက် အမြတ်(၇%)သာ ရောင်းချ လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျုံပျော်မြို့နယ် အ.ထ.က (၂) ကျောင်းမုန့်ဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၇.၂၅) ရက်နေ့၊ နေ့လည် (၁၁:၀၀) အချိန်တွင် ကျုံပျော်မြို့နယ် အ.ထ.က (၂) ၏ ကျောင်းမုန့်ဈေးတန်းရှိ မုန့်မျိုးစုံရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးဆိုင် (၁၂) ဆိုင်သို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းမုန့်ဈေးတန်း ကြီးကြပ်ကော်မတီ ဆရာမများ နှင့်အတူ သွားရောက်၍ မုန့်ရောင်းချသူများ လိုက်နာ ဆောင်ရွက်ရမည့်စည်းကမ်းချက်များ အသိပညာ ပေးပြောကြားပြီး၊ ရောင်းချလျက်ရှိသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိရေး၊ ရက်လွန်မုန့်များရောင်းချမှုမရှိစေရေး၊ FDA မှ တားမြစ်မုန့်များ မရောင်းချရန် ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

MYRO သိုလှောင်ရုံ မှတ်ပုံတင်ခြင်း ကိစ္စ ဆောင်ရွက်ခြင်း

     ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ယခုနှစ် စတင်ကြိတ်ခွဲသည့် မိုးကြိုးပစ်ကျေးရွာအုပ်စု၊ မလှပန်းကျေးရွာမှ ဆန်စက်လုပ်ငန်းရှင် ဦးညီညီထွန်းအား MYRO မှတ်ပုံတင်ကိစ္စအတွက် လိုအပ်သည်များ လမ်းညွှန်ဆောင်ရွက်ပေးပြီး လက်ရှိ စပါးဈေး၊ ဆန်ဈေး အခြေအနေ၊ ရန်ကုန်တင်ပို့မှု၊ ဒေသတွင်းရောင်းချမှုအခြေအနေများ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

 

ကျုံပျော်မြို့ပါ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အတူ (၂၂.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိသော စားအုန်းဆီ အရောင်းဆိုင်များသို့ သွားရောက်၍ စားအုန်းဆီရရှိမှုအခြေအနေ၊ စားအုန်းဆီ ထုတ်ရောင်းမှု အခြေအနေနှင့် စားအုန်းဆီလက်ကား၊ လက်လီဆိုင်များမှ သတ်မှတ်ထားသော ဈေးနှုန်းဖြင့် ရောင်းချမှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

သာပေါင်းမြို့နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့်အတူ မြို့ဝင်ဂိတ် စစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လ.ဝ.က ဌာနများနှင့် အတူ သာပေါင်းမြို့နယ် ကွက်ပြင်ကျေးရွာအုပ်စု၊ ပိန္ဒဲကုန်းကျေးရွာရှိ မြို့ဝင်ဂိတ်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိ/မရှိ မြို့ဝင်ဂိတ်တွင် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

ကန်ကြီးထောင့်မြို့နယ်ရှိ “ဒေါ်ခင်မျိုးအေး” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ်၊ မာလာကုန်း၊ အမှတ်(၅) ရပ်ကွက်ရှိ “ဒေါ်ခင်မျိုးအေး” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ် လျက်ရှိသော မုန့်ဟင်းခါးများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ကန်ကြီးထောင့်မြို့နယ်ရှိ “နှင်းဝေလွင်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကမြို့သစ်ရပ်ကွက်ရှိ “နှင်းဝေလွင်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်သားများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများအား (၂၁.၇.၂၀၂၅) ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှု ဖြင့် ဆန်၊ ဆီနှင့် ကြက် သားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ပါသည်။

    ထိုသို့ရောင်းချရာ၌ ဆန်(၁)ပြည်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီ(၁)ပိဿာ လျှင် (၆၈၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ