
စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် ၊စက်တင်ဘာလ (၁၇)ရက်နေ့ (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်တွင် ဆေးရုံများနှင့်တွဲလျက် ဖွင့်လှစ်ထားရှိသော ဆေးဆိုင်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။
စစ်ဆေးခဲ့သောဆေးဆိုင် နှစ်ဆိုင်မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်(သက်တမ်းတိုး)လျောက်ထားလာသည့် ဆေးဆိုင်များဖြစ်ကြောင်းသိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ် ဆေးဝါးများရောင်းချမှု မှတ်တမ်းများ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။
DOCA(မန္တလေး)
