Main menu

စီးပွားရေးလုပ်ငန်းရှင်များကျင့်ဝတ်နှင့်အညီ ထုတ်လုပ်နိုင်စေဖို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစို့

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းသည် စားသုံးသူများ ကျန်းမာပျော်ရွှင်ပြီး လုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ် နှင့်အညီ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ (၁၉.၉၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ် လျက်ရှိသော “ သာထက်လျှံ ” နှင့် “အောင်မြန်မာ” မြေပဲဆုံဆီ၊ “ကောင်းကျော်” တို့ဟူးကျိုပဲမှုန့်၊  “A-1” သောက်ရေသန့် ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်များထံ သို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်များအား စားသုံးသူများ နေ့စဉ်အသုံးပြုနေရသော ထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုသည် လူမှုစီးပွားဘဝလုံခြုံရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အလွန်အရေးကြီးသောကြောင့် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း၊ သောက်ရေသန့် လုပ်ငန်းရှင်နှင့်ဆွေးနွေးရာတွင် ရေသည် လူသားတိုင်းအတွက် မရှိမဖြစ်အရေးပါသောကြောင့် သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တရာယ်မရှိအောင် ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြေပဲဆုံဆီထုတ်လုပ်သော လုပ်ငန်းရှင်များအနေဖြင့် မြေပဲမှာ အာဖလာတောက်ဆင် မှိုဆိပ်ပါနိုင်၍ အထူးသတိပြု လုပ်ကိုင်စေလိုကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)၊ ပုဒ်မ-၂၁ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ပုဒ်မ-၄၁၊ ၄၃ ပြဌါန်းချက်ပါ အကြောင်းအရာများ၊ အခန်း(၂၃)ပါ တားမြစ်ချက်များနှင့် အခန်း(၂၄) ပြဌါန်းချက်ပါ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းအားဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)