Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တိုင်းဒေသကြီးဦးစီးမှူးမှ ဆန်စပါးကုန်သည်များ၊ ကားဂိတ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

 

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းရုံးတွင် ဆန်စပါးကုန် သည်များ၊ ကားဂိတ်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဒေသန္တရအမိန့်များအား လိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးမှူး၊ ကုန်းလမ်း ပို့ဆောင်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ထားဝယ်ခရိုင်ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ တို့မှ တက်ရောက်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊  ထားဝယ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မြန်မာ့စီးပွားရေး ဘဏ်ရှေ့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ (၁) ပိဿာနှုန်းအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာ(အ.မ.က လွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာ(အ.မ.က လွန်) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

         ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အတူ သာယာကုန်းကျေးရွာ (အ.မ.က လွန်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၂ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၆၃ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒုတိယညွှန်ကြားရေးမှူးချုပ်၏ သက်ပြည့်ပင်စင်ယူခြင်း နှုတ်ဆက်ပွဲ အခမ်းအနားနှင့် ရုံးချုပ် (ဒါဘာ)အား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Online (Zoom Meeting)ဖြင့် တက်ရောက်

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးနေဆန်းသည် ၁၁.၁၀.၂၀၂၅ ရက်နေ့တွင် သက်ပြည့် အငြိမ်းစားပင်စင်ယူမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ (ရုံးချုပ်နေပြည်တော်)မှ ညွှန်ကြားရေးမှူးချုပ်ကြီးနှင့်တကွ ဝန်ထမ်းများက နှုတ်ဆက်ဂါဝရပြုပွဲ အခမ်းအနားနှင့်  ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနား (ဒါဘာ)အား တစ်ချိန်တည်းမှာပင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ ဝန်ထမ်းများနှင့် ညောင်လေးပင်ခရိုင်ဦးမှုးရုံး ဝန်ထမ်းများ Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

               အဆိုပါ နှုတ်ဆက် ဂါဝရအခမ်းအနားပွဲတွင် ညွှန်ကြားရေးမှူးချုပ်ကြီး ဦးခင်မောင်လှိုင်မှ အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အရာထမ်း၊ အမှုထမ်းများက နှုတ်ခွန်းခြွေဂါဝရစကားပြောကြားကြကာ ဒုညွန်ချုပ်ကြီးမှ သက်ပြည့်အငြိမ်းစား ပင်စင်ယူသွားသော်လည်း နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်များကို ဆက်လက်ထမ်းဆောင်ပေးပါရန် မေတ္တာရပ်ခံကြပါသည်။ ထို့နောက် သက်ပြည့်အငြိမ်းစား ပင်စင်ယူမည့် ဦးနေဆန်းမှ မုဒိတာစကား၊ ဩဝါဒ စကားပြောကြားပါသည်။ ဆက်လက်၍ ညွှန်ချုပ်ကြီးမှ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကို ဆက်လက်ကျင်းပပြီး နိဂုံချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှလည်း Online (Zoom Meeting)ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မဲပေးရမည့် စက်ကိရိယာနှင့် ပတ်သက်၍ သရုပ်ပြဆောင်ရွက်

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်မှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လာရောက်၍ မဲပေးခွင့်ဆုံးရှုံးခြင်းများမရှိစေရန် မဲပေးရမည့် စက်ကိရိယာအား ဝန်ထမ်းများကို လက်တွေ့သရုပ်ပြ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

           ယနေ့အင်္ဂါနေ့ ၁၁.၁၁.၂၀၂၅ ရက်နေ့၌ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လာရောက်၍ ဝန်ထမ်းများအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ မဲပေးခွင့်ဆုံးရှုံးခြင်းများ မရှိစေရေး၊ မှားယွင်းစွာ မဲပေးခြင်းမရှိစေရန်အတွက် မဲပေးရမည့် စက်ကိရိယာအား မည့်သို့မည်ပုံ အသုံးပြုရမည်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

သထုံမြို့နယ်၌ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးနှင့် စပ်လျဥ်း၍  စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

     ၂၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သထုံမြို့မစျေးရှိ စတိုးဆိုင် (၂) ဆိုင်အား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့မစျေးရှိ စတိုးဆိုင်များတွင် ရောင်းချ လျက်ရှိသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိ/မရှိ ၊ ဘေးအန္တရာယ် ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်ပစ္စည်းတစ်မျိုးချင်းစီအလိုက် ကြိုတင်သတိပေးထားချက်မရှိသော ကုန်စည်များရောင်းချခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံတွင် စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ စနစ်တကျရောင်းချရေး လိုက်လံစစ်ဆေး

     ၁၉.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ ရောင်းချကြစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းကာ လိုက်လံစစ်ဆေးခဲ့ကြသည်။

      သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ မီးသတ် ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စားသုံးသူ ရေးရာဦးစီးဌာနတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ သထုံမြို့နယ်၊ စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်ကာ စက်သုံးဆီအမျိူးအစားအလိုက် စျေးနှုန်းမြင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင် ထားခြင်းရှိ/မရှိ၊ အရန်ဆီထားရှိ သိုလှောင်မှုနှင့် သတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချရေးကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို (၂၀.၁၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

          တွေ့ဆုံပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးဦးမြင့်ဝင်းနှင့် တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ လေ့လာ စောင့်ကြည့် သုတေသနအဖွဲ့ခေါင်းဆောင် ဦးပိုင်ဖြိုးသန့်နှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် ကုမ္ပဏီများ၊ လက်ကား/လက်လီကိုယ်စားလှယ် စုစုပေါင်း(၉၆)ဦး တက်ရောက်ခဲ့ကြ သည်။ 

          တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီး အနေဖြင့် စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန် ချက်များအပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုအတိုင်း သက်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချနိုင်ရေးအတွက် ဒေသအရောက် စျေးနှုန်းများအပေါ် ၂ရာခိုင်နှုန်း အမြတ်ထက် မပိုသောစျေးနှုန်းဖြင့် စျေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး၊ လက်လီစျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့်ရောင်းချစေရေး၊ စျေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများမရှိစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်အတွက် စျေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသောလုပ်ဆောင်မှုများ ပြုလုပ်နေသည်ကိုတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ၊ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၊ လက်ကားကိုယ်စားလှယ် များအနေဖြင့် လက်ကား/လက်လီစာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ စျေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့်အရည်အသွေးမှန်စသည့် မှန်(၆)မှန်ဖြင့် ပြည်သူများထံသို့ စားအုန်းဆီများ ပြန့်ပြန့်နှံ့နှံ့ရောက်ရှိစေရေး၊ မှန်မှန်ကန်ကန်ဖြန့်ဖြူးရောင်းချပေးရန် လိုအပ်ပါကြောင်းပြောကြား သည်။

          ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌဦးပိုင်ဖြိုးသန့်မှ အထက်အကြီးအကဲများကလည်း ပြည်သူသုံးစားအုန်းဆီများကို ပြည်သူထံအပြည့်အဝရောက်ရှိ စေရေး လမ်းညွှန်မှုပြုသဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ စားအုန်းဆီဖြန့်ဖြူးပေးသည့် ကုမ္ပဏီများ၊ လက်ကား/လက်လီကိုယ်စားလှယ်များအနေဖြင့်လည်း ဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီမျာကို ရပ်ကွက်၊ ကျေးရွာများရှိသတ်မှတ်နေရာများအရောက် အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့် နှင့် စာအုပ်များဖြင့် ပြန့်ပြန့်နှံ့နှံ့ရောင်းချပေးကြစေရေးနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပြီးနောက် အထွေထွေဆွေးနွေး တင်ပြကြရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူ များကလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကာ အခမ်းအနားကို ရုတ်သိမ်းလိုက် ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့၊ အ.ထ.က (ခွဲ) ရဲဘော်ကုန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်

      ၁၉.၁၁.၂၀၂ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင် မြို့နယ်၊ အ.ထ.က (ခွဲ) ရဲဘော်ကုန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်မိုးမိုးဆန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဆိုင်ရာပြဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

        အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ (၁၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (မွန်)

စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ ဝဥစက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံ

 

၁၉.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုရှိ ရွှေဝါမြေ ဝဥစက်ရုံပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကုန်ကြမ်းဝယ်ယူမှု၊ ကုန်ချောထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု အခြေအနေများအား ဆွေးနွေးမေးမြန်းရာ ကုန်ကြမ်းများဖြစ်သော ဝဥအစိုများကို မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးတို့မှ အများဆုံးဝယ်ယူကြောင်း၊ ဝဥအစို တစ်ပိဿာလျှင် စက်ရုံအရောက်ဈေးနှုန်းမှာ (၄၀၀၀) ကျပ်ပေးရကြောင်း၊ ၎င်းဝဥအစိုများကို စက်ဖြင့်ရေဆေးခြင်း၊ အလွှာလွှာခြင်း၊ အခြောက်ခံခြင်းတို့ကိုပြုလုပ်၍ ဝဥအလွှာခြောက် ပြုလုပ်ရကြောင်း၊ အဆိုပါ ဝဥအလွှာခြောက်များကို တရုတ်နိုင်ငံသို့ တစ်တန်လျှင် ဒေါ်လာ (၁၂၀၀) ဖြင့် တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ