Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးလိပ်နှင့် ကွမ်းစားဆေး အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၁၅.၅.၂၀၂၆ )ရက်နေ့ ‌ညနေ (၁၅း၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးသည် မအူပင်မြို့ပေါ်စတိုးဆိုင်များတွင် Myanmar Japan Tobacco Co.Ltdမှ ဆေးလိပ်အတု ထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတု အသုံးပြုထားခြင်း ရှိ/မရှိအား ပူးပေါင်းမိတ်ဖက်ဌာနများဖြစ်သော  မြို့နယ်အခွန်များဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ် ဆေးလိပ်နှင့် ဆေးရွက်အရောင်းဆိုင် ဈေးကွက်အတွင်း မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆေးလိပ်အတုထုတ်ကုန်များ တိုးပွားလာနေပြီး နိုင်ငံတကာအဆင့်မီ စီးကရက်များမှထုတ်ကုန်တစ်ခုဖြစ်သော Mevius Original Blue အမှတ်တံဆိပ်ကိုရည်ညွှန်း၍ ထုတ်ကုန်အတုများ ဈေးကွက်အတွင်း တွေ့ရှိလာသည့်အတွက် အဆိုပါဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုများအသုံးပြုပြီး မြို့နယ်အတွင်းရှိ ကုန်စုံအရောင်းဆိုင်များတွင် ရောင်းချမှုမရှိစေရေ ဈေးကွက်အတွင်းတွင် ဆေးလိပ် Mevius Original Blue ဗူးများမှာ မူလလက်ဟောင်းနှင့် လက်သစ်ဗူးများကိုသာရောင်းချကြောင်း လက်ဟောင်းဈေး ၁၉၀၀၀ကျပ်၊ လက်သစ်ဗူးမှာ ၉၀၀၀-၁၀၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အခွန်တံဆိပ်အစစ် အသုံးပြုထားသော ကုန်စည်များကိုသာရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ လုပ်ငန်းရှင်များအား အသိပညာပေး

        အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် ဈေးရောင်းချသူများ ယုံကြည်စိတ်ချမှုရှိစေရန်၊ အတုအပ လိမ်လည်ရောင်းချခြင်းများမရှိစေရန်၊ Online Shopping များနှင့်ပတ်သက်၍ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများကိုကာကွယ်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် မအူပင်မြို့နယ်တာဝန်ရှိသူ ဦးအောင်ဇော်ဦးမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး မအူပင်မြို့နယ်မှ  အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မှ လုပ်ငန်းမှတ်ပုံတင်ခြင်း၊ စားသုံးသူအခွင့်အရေးကာကွယ်ပေးခြင်းနှင့် တရားဝင်လုပ်ကိုင်ရမည့် နည်းဥပဒေများကို အဓိကထား အသိပညာပေးလျက်ရှိပါသည်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများသည် လုပ်ငန်းမှတ်ပုံတင် လက်မှတ် ECOMREG ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ဝယ်ယူသူများ၏ ထိခိုက်နစ်နာမှုများအပေါ် တာဝန်ယူဖြေရှင်းပေးရမည့်အပြင်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ စစ်ဆေးမှုများကို ခံယူနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်လျောက်ထားပြီး လုပ်ငန်းများမှ အွန်းလိုင်းစနစ်ဖြင့်ရောင်းချရာတွင် လိုက်နာကျင့်သုံးရမည့် အချက်အလက်များနှင့် မိမိတို့လျှောက်ထားသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်လျှောက်ထားရာတွင် မြေပြင်အချက်အလက်များ ကွဲလွဲမှုမရှိစေရန်အတွက် အထူးဂရုစိုက်ရန်၊ မြေပြင်အချက်အလက်များ ပြုပြင်ပြောင်းလဲလိုပါက ပြန်လည်ပြင်ဆင်တင်ပြနိုင်ရန်တို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူလုပ်ငန်းရှင် ၂၅ဦးရှိကြောင်း၊ လုပ်ငန်းရှင်တို့မှလည်း သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း  သိရှိရပါသည်။    

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ “မက်ဒီကယ်”ဆေးဆိုင်တွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးနှင့် တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့စစ်ဆေးရာ တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူးမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း၊ တာဝန်ခံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခြင်း

    ၂၀၂၆ ခုနှစ်၊ မေလ  ၁၉  ရက်နေ့၊ နံနက်  ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာ(ဈေးများဌာန) တို့နှင့်ပူးပေါင်း၍ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရွာတော် မင်္ဂလာဈေးတွင် စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ထုတ်ပြန်ကြေညာထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ် လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ဆွေးနွေးပြောကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိ တို့ကိုစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ခြင်းတို့ကို (၁၉-၅-၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ စစ်ကိုင်း(၃)လမ်း၊  အိမ်အမှတ်(၅၂၈၆)ရှိ “Pointed By Joy” အထည်အလိပ်၊ အဝတ်အထည် နှင့်ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်း‌ချခြင်း လုပ်ငန်းသို့ သွားရောက်စစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုလိုအပ်သည်များ မေးမြန်းခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

ကလေးမြို့ပေါ်တွင် Mevius Original Blue အမှတ်တံဆိပ်ကို ရည်ညွန်း၍ ထုတ်ကုန်အတုများ ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ပေါ်တွင် ( ၁၅.၅.၂၀၂၆ ) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံဖြန့်ချိရေးဆိုင်များ၊ စတိုးဆိုင်များနှင့် Liquor ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ကွင်းဆင်းစိစစ်ရာတွင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆေးလိပ်အတုထုတ်ကုန်များ တိုးပွားလာနေပြီး ၎င်း၏ ထုတ်ကုန်တစ်ခုဖြစ်သော " Mevius Original Blue " အမှတ်တံဆိပ် ထုတ်ကုန်အတုများအနေဖြင့် အစိုးရအခွန်တံဆိပ်အတုအသုံးပြု၍ ရောင်းချမှုရှိ/ မရှိ၊ ကွင်းဆင်းစစ်ဆေး၍ရောင်းချခြင်းရှိပါက သက်ဆိုင်ရာဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ထုတ်လုပ်သော ထုတ်ကုန်များအပေါ် သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များပါရှိရေး မိမိဝယ်ယူရောင်းချသော ကုန်ပစ္စည်းအပေါ် အာမခံချက်ရှိစေရေးနှင့် ကုန်အညွှန်အမှတ်သားများ ပြည့်စုံစွာပါဝင်စေရေးတို့ကို အသိပညာပေးခြင်း လက်ကမ်းစာဆောင်များအား ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ကုန်သွယ်မှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံတက်ရောက်ဖွင့်လှစ်

     မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနှင့် ၇၈ လမ်းထောင့်ရှိ  မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)အစည်းအဝေးခန်းမ ၌  ၂၀၂၆ ခုနှစ်မေလ ၁၇ ရက်နေ့တွင် ကျင်းပသော ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့  စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးထွန်းအုံတက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါသင်တန်းဖွင့်ပွဲသို့ မန္တလေး တိုင်းဒေသကြီး၊စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးသိန်းဌေး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းကျော်နှင့် ဌာဆိုင်ရာများ၊မန္တလေးတိုင်း ဒေသကြီး ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအမှုဆောင်များနှင့်အသင်းဝင်များတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ ၁၈.၅.၂၀၂၆ ရက်နေ့မှ ၂၀.၅.၂၀၂၆ ရက်နေ့အထိ နေ့စဉ် နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၃၀)နာရီအချိန်ထိ သင်ကြားပို့ချကြောင်းသိရှိရပါသည်။အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံမှ အမှာစကားပြောကြားရာ  ယခုသင်တန်းမှ ပို့ချပေးသည့် ပို့ကုန်သွင်းကုန်ပညာရပ်များကို လက်တွေ့ဆောင်ရွက်ရာတွင် ပြန်လည်အသုံးချဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက်  နိုင်ငံတကာမှ မည်သည့် ထုတ်ကုန်ပစ္စည်းများ ကြိုက်နှစ်သက်သည်ကို  စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သင်တန်းတက်ရောက်သူ(၈၅)ဦးဖြစ်ကြောင်း သိရှိရပါသည်။   

DOCA(မန္တလေး)                                                                                                                          

                                                                                                  

“ ကော့မှူးမြို့နယ်၌ အစားအသောက်များရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အစားအသောက်များရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေးခြင်းအား မေလ (၁၈)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ မကျီးကန်ကျေး ရွာရှိ ပြည်ကျော်စားသောက်ဆိုင်အား သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းခဲ့ကြောင်း သိရသည်။

       ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ် လမ်း၊ မကျီးကန်ကျေးရွာရှိ ပြည်ကျော်စားသောက်ဆိုင်မှ အစားအသောက်ရောင်းချသည့်နေရာများ၊ အစားအသောက်ထည့်သည့် ပန်းကန်နှင့်ခွက်များ၊ အစားအသောက်ချက်ပြုတ်သည့် အိုးခွက်များသန့်ရှင်းမှုရှိ/မရှိ၊ ချက်ပြုတ်သည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံ၊ အသား၊ ငါးများ လက်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူပြည်သူများအပေါ် ဝန်ဆောင်မှုပေးသူများ အစားအစား ချက်ပြုတ်ကိုင်တွယ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ စားသောက်ဆိုင်တွင် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအမည်နှင့် အမျိုးအစားအလိုက် ဈေးနှုန်း (မီနူး)စာအုပ်တွင် ဖော်ပြ ထားခြင်းရှိ/မရှိ တာဝန်ရှိသူများမြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ချက်ပြုတ်မည့် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအား စနစ်တကျလုံခြုံစွာ ဖုံးအုပ်ထားရန်၊ အသုံးပြုပြီးသားအိုးခွက်၊ ပန်းကန်များအား သန့်ရှင်းအောင်ဆေးကြောသန့်စင်ထားရန်၊ ချက်ပြုတ်ပြီးသော ဟင်းလျာများနှင့် သားစိမ်း၊ ငါးစိမ်းများ ရောနှောထားခြင်းမပြုုလုပ်ကြရန်နှင့် ကြော်လှော်ချက်ပြုတ်မည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား စနစ်တကျဆေးကြောသန့်စင်ပြီးမှ အသုံးပြုရန်နှင့် စားသောက်ဆိုင်မှ ထွက်ရှိလာမည့် စွန့်ပစ်ပစ္စည်းများအား အမှိုက်အမျိုးအစားလိုက် ခွဲခြားပြီး စနစ်တကျစွန့်ပစ်ရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး အစားအသောက်များ ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း အမှုထမ်းများအား ၁၆.၅.၂၀၂၆ ရက်နေ့နေ့လည် ၁၁:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍  အမှာစကားပြောကြားရာ နိုင်ငံတော်မှ ချမှတ်ထားသော ဥပဒေ၊နည်းဥပဒေ၊ လုပ်ငန်းထုံးလုပ်နည်း၊ညွှန်ကြားချက်နှင့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်၊လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံ ရေး၊အဆောက်အဦလုံခြုံရေး နှင့် သတင်းလုံခြုံရေးအလေးထားဆောင်ရွက်ကြရန်၊ “ည” ၃လုံး ရှောင် ရန်နှင့်နိုင်ငံ့ဝန်ထမ်း ဥပဒေ အခန်း ၄ ပါ တာဝန်နှင့်အခွင့်အရေးများတွင် ဝန်ထမ်းများလိုက်နာရမည့်တာဝန်(၁၂)ချက် အတိုင်း လိုက်နာဆောင်ရွက်ကြရန်၊လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများတွင် ပို့ကုန်နှစ်ဆမြှင့် တင်ရေး လုပ်ငန်းစဉ်များအလိုက် ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်နှင့် ဌာန အသီးသီး၏ တင်ပြချက်များအပေါ်  လုပ်ငန်း လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ဦးထွန်းအုံသည် အစည်းအဝေးတက်ရောက်လာသည့် အရာထမ်းအမှုထမ်းများအား တစ်ဦးလျှင်  စားဆီတစ်ပိဿာနှုန်းဖြင့် ဌာနအလိုက်ဝန်ထမ်း(၁၆၈)ဦးသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA(မန္တလေး)                                

အာလူးကြော်လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည်(၁၂.၅.၂၀၂၆) ရက်နေ့၊ နံနက်  ၀၉:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ် ကွက်ရှိ “ပိုင်ဇမ္ဗူ” အာလူးကြော်လုပ်ငန်းသို့ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား နိုင်ငံတော်မှသင့်တင့် မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် သုံးစွဲမှုပမာဏနှင့်လျှောက်ထားသည့်ပမာဏများ မှန်ကန်မှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်း နှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ပါရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များမှလည်း ဥပဒေပါပြဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ