Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နတ်တလင်းခရိုင်တွင် ဆီလက်လီ/လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်း ခရိုင်ဦးစီးမှူးရုံး၌ (၂၀.၁.၂၀၂၆)နေ့ နေ့လယ်(၁၃:၀၀)နာရီတွင် ခရိုင်ဦးစီးမှူးနှင့် ဆီရောင်းချသော လက်လီ/လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ စားအုန်းဆီတင်သွင်းဖြန့်ဖြူးရာတွင် နိုင်ငံတော်ကိုယ်စား ကုမ္ပဏီမှ တာဝန်ယူတင်သွင်းဖြန့်ဖြူးခြင်းဖြစ်ကြောင်း ကုမ္ပဏီမှတစ်ဆင့် လက်ကားကိုယ်စားလှယ်များ၊ လက်ကားကိုယ်စားလှယ်များမှတဆင့် လက်လီရောင်းချသော ဆိုင်များ၊ လက်လီရောင်းချသောဆိုင်များမှတဆင့် စားသုံးသူပြည်သူများထံအရောက် ဖြန့်ဖြူးရောင်း ချရန်အတွက် လက်ကားကိုယ်စားလှယ်ကို ကုမ္ပဏီမှတာဝန်ယူ၍ လက်လီရောင်းချသူများကို လက်ကားကိုယ်စားလှယ်မှ တာဝန်ယူကာ ပြည်သူထံအရောက် ရောင်းချရန်လိုပါကြောင်း လက်ကားနှင့်လက်လီကြားတွင် တာဝန်ယူမှု တာဝန်ခံမှုရှိရန်လိုကြောင်း နိုင်ငံတော်ကချမှတ်ထား သည့် အရေးကြီးကုန်စည်စာရင်းတွင် ပါဝင်သောကြောင့် မိမိတို့တာဝန်ယူထားသည့်မြို့နယ်အလိုက် အမှားအယွင်းသတင်းမရှိစေရေး အလေးထားဆောင်ရွက်ရန် ဆီဖြန့်ဖြူးခြင်းနှင့်လုပ်ငန်းများနှင့် ပတ်သက်၍ မှန်(၆)မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် လက်လီလက်ကားစာရင်း မှန်ကန်ရန်အတွက် လက်လီလက်ကားရောင်းချ သောသူများသည် ဒေသခံဖြစ်ရန်၊ ဆီအသင်းဝင်ဖြစ်ရန်၊ အချိန်မရွေးစစ် ဆေးခံနိုင်သူဖြစ်ရန်၊ မြေပြင်သို့ အဓိက ဆီပျံ့ပျံ့နှံ့နှံ့ဆီရောက်ရှိရေး တာဝန်ယူနိုင်သူဖြစ်ရန်လို ကြောင်း ပြည်သူများထံသို့ ဆီဖြန့်ဖြူးရာတွင် ဈေးကွက်ဖြန့်ဆီ၊ ဈေးကားဆီ၊ အရန်ဆီ၊ စက်မှုကုန်ကြမ်းဆီများ၊ နေရာမှန်ကန်ရန်နှင့် ဗီနိုင်းချိတ်ဆွဲရန် လိုအပ်ပါကြောင်း၊ အချိန်မှန်ကန်ရန် သတ်မှတ်ထားသော ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချရန် တိုင်းဒေသကြီးပြည်နယ်အလိုက် ဒေသအရောက်အရင်းဈေးနှုန်းများတွက်ချက်၍ အပတ်စဉ်ပေးပို့ ထားရှိကြောင်း မိမိတို့ရောင်းချရမည့် ဒေသဦးရေ အရေအတွက်မှန်ကန်ရန် အလေးချိန်ပြည့်စွာ ရောင်းချရန်နှင့် ဆီအရည်အသွေးမှန်ကန်စေရန် လိုအပ်ပါကြောင်း လက်လီရောင်းချသော ဆီဆိုင်များမှလည်း သတ်မှတ်ချက်ကျော်၍ လာထုတ်ယူပါက ထုတ်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။   

DOCA(ပဲခူး)

တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌတို့ပူးပေါင်း၍ တောင်ငူမြို့ပေါ်ရပ်ကွက်များတွင် ၂၀.၁.၂၀၂၆ ရက်နေ့နံနက်ပိုင်းက စားအုန်းဆီရောင်းချနေမှုများအား သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

    ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကေတုမတီမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းလတ်နှင့်အဖွဲ့ သည် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိ မြို့ပေါ်ရပ်ကွက်များရှိလက်လီ/လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

     တောင်ငူခရိုင်တွင် ရပ်ကွက်ကျေးရွာ ၂၀၄ အုပ်စု၊ အိမ်ထောင်စုဝင်ဦးရေ (၁၇၆၆၆၁)ဦးအား လစဉ်စားအုန်းဆီ (၃၂၂၈) ပေပါကို လက်ကားကိုယ်စားလှယ် (၆)ဦး၊ လက်လီဆိုင်ခွဲပေါင်း (၁၂၁) ဆိုင်တို့ဖြင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိပြိး တောင်ငူမြို့နယ်အနေဖြင့် တစ်ရက်လျှင် (၃၉.၄)ပေပါနှုန်း၊ တစ်လလျှင် (၉၈၅)ပေပါခွဲတမ်းရရှိကာ ရပ်ကွက်ကျေးရွာ (၅၁)ခုတွင် အိမ်ထောင်စုဝင်လူဦးရေ (၄၄၇၄၈)ဦးအား အိမ်ထောင်စုတစ်စုလျှင် လစဉ်ဆီ(၁၅)ပိဿာကို သတ်မှတ်ရည်ညွန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

စတိုးဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၉.၁.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေလင်းအိမ်စတိုးဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများ သာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍သိကောင်းစရာများ သိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။  

  DOCA(စစ်ကိုင်း)

ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ

                 ဈေးကွက်အတွင်းထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းမူမြို့နယ်တာဝန်ခံသည် ၁၉.၁.၂၀၂၆ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ “Seven Dragon” ရေသန့်စက်ရုံ ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

          Seven Dragon” သောက်ရေသန့်လုပ်ငန်းရှင် ဦးလှမျိုးမောင်နှင့်တွေ့ဆုံပြီး စားသုံးသူရေးရာ ဦးစီးဌာန၏ (၂/၂၀၁၉)ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်စိစစ်ရာ ရေသန့်မှာ ညွှန်ကြားချက်နှင့်အညီကိုက်ညီမှုရှိကြောင်း၊ FDA ထောက်ခံချက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းတို့ထုတ်လုပ်သောကုန်စည်များ၌ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

 DOCA(စစ်ကိုင်း)

Metformin Tablet အမှတ်တံဆိပ် ဆီးချိုကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချနေသော Metformin Tablet အမှတ်တံဆိပ် ဆီးချိုကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ Metformin Tablet အမှတ်တံဆိပ် ဆီးချိုကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ဌာန၏ထောက်ခံချက်နှင့်  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းထားသော ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယင်းနောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူ များသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ် Import Registration No.(IR)များ ဖော်ပြထားသော ဆေးနှင့်ဆေးဝါးပစ္စည်းများကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိ လိုက်နာဆောင်ရွက်စေရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

 

“မင်းကြီး” အမှတ်တံဆိပ်ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍   တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်ရှိ မင်းကြီး မုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါ သည်။

           ထိုသို့စစ်ဆေးရာတွင် မင်းကြီး အမှတ်တံဆိပ်ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများစနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

“စင်ရွှင်” ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍   တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ စင်ရွှင် မုန့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

           ထိုသို့စစ်ဆေးရာတွင် စင်ရွှင် အမှတ်တံဆိပ်ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “ဒီပါလင်း” အမှတ်တံဆိပ် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      ၂၂.၁.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည်ဒီပါလင်း” အမှတ်တံဆိပ် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသောပြဋ္ဌာန်းချက် အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာ ဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

(၁/၂၀၂၆)ကြိမ်မြောက် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

      ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် (၁/၂၀၂၆)ကြိမ်မြောက် ရှမ်းပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်ဆန်းစပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့် ပြည်နယ်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာ များ၊ Virtual စနစ်ဖြင့် ခရိုင်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ Zoomဖြင့် တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဆန်းစပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစာကားပြောကြားပြီး ပြည်နယ်ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့  အတွင်းရေးမှူး ဦးရွှေဖြူက အစည်းအဝေးသို့ တင်ပြသည့် အမှာစာများနှင့် ပြည်ပကုန်သွယ်ရေးလုပ်ငန်းများအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့်သယ်ဆောင်ခွင့်ပြုထားသော စပါး၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများမှအပ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ စပါး၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း သယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း SOP အတည် ပြုနိုင်‌ရေး အကြံပြုချက်အပေါ် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆွေးနွေးတင်ပြချက်များအပေါ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ အထွေထွေဆွေးနွေးအကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် အမှာစာ (၉)စောင်၊ ဆုံးဖြတ်ချက် (၆)ချက် ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

မုဒုံမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၁.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တို့တွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာမိတ်ဖက် ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော  အရန်သင့်အစားအစာအမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စောင့်ကြည့် စစ်ဆေးခဲ့ရာ အဆိုပါ အရန်သင့်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ