
ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးစျေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့်အစားသောက် ရောင်းချနေသည့်ဝန်ဆောင်မှုအား ၂၀၂၆ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ စျေးကွက်စောင့်ကြည့်စစ် ဆေးလျက်ရှိပါသည်။
၈.၅.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ မှ ၁၂:၀၀ နာရီအချိန်ထိ ကော့သောင်းခရိုင် စားသုံး သူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ကော့သောင်းမြို့ ပိတောက်ရွှေဝါ ရပ်ကွက် Mingalar အစားသောက်ဆိုင်အား စားသုံးသူပြည်သူများ၊ ဘေးအန္တာရယ်ကင်းရှင်းရေး၊ အစားသောက်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများပွင့်လင်းမြင်သာအောင် သတင်းအချက် အလက်ဖော်ပြထားရှိမှု၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ တကိုယ်ရေသန့်ရှင်းမှုရှိ / မရှိအား သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းနှင့်ကိုက်ညီမှု ရှိ/မရှိတို့အား သွားရောက်ကွင်း ဆင်းစစ် ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကိုလည်းရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
