
၂၀၂၆ ခုနှစ် ၊ မေလ ၂၂ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ကုန် စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးပေါ်ရှိ အိမ် ဆောက်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဘိလပ်မြေစျေးနှုန်းများနှင့် လက်ကျန်အခြေအနေ များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းများနှင့် ဘိလပ်မြေရရှိမှုအခြေ အနေများ၊ လက်ကျန်အခြေအနေများ စုံစမ်းစစ်ဆေးခြင်းနှင့် ဘိလပ်မြေများအား ဝိသမလောဘဖြင့် စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
