Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ လစဉ် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ၂၀၂၆ခုနှစ် ဇန်နဝါရီ လ ၂၃ရက် ညနေပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က ၅ရပ်ကွက် မင်္ဂလာစျေးနှင့် ၇ရပ်ကွက်၊ မြို့မစျေးတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

    အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တား မြစ်ထား သည့် မုန့်များရောင်းချခြင်း ရှိ၊ မရှိ၊ စားသုံးသူဘေး အန္တရာယ်ဖြစ် စေနိုင်သော မုန့်များရောင်းချနေမှု ရှိ၊ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင် ငါးကန်များသို့ ခရိုင်စိုက်တိုးမြှင့်အဖွဲ့နှင့်အတူ ကွင်းဆင်းလေ့လာဆောင်ရွက်

     ၂- ၂၀၂နေ့ နံနက် (၁၀)နာရီအချိန် က မအူပင်ခရိုင် မအူပင်မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးကန်များအား ခရိုင်အုပ်ချုပ်ရေးမူးနှင့် အဖွဲ့၊ ခရိုင်စိုက်တိုးမြင့်အဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါ၍ ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်မြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း ငါးကန်းပိုင်ရှင်များနှင့်တွေ့ဆုံ၍ ငါးကန်လုပ်ငန်း အခက်အခဲများကို  မေးမြန်းဆောင်ရွက်ခဲ့ကြပြီး  ပြည်တွင်းစားသုံးရန်ရောင်းချခြင်းနှင့် ပြည်ပတင်ပို့ရောင်းချ လျှက်ရှိပါသည်။ ငါးကန်များမှ ငါးကန်ဖော်ချိန်တွင် ရန်ကုန်ဈေးကွက်သို့ ကုန်ချိန်ပျမ်းမျှပိဿာ နှစ်စဉ် ခုနှစ်သောင်းခွဲခန့် ပေးပို့ လျှက်ရှိကြောင်း လေ့လာသိရှိရပြီး မအူပင်ခရိုင်အနေဖြင့် ရေထွက်ပစ္စည်းများပေါများသဖြင့် ပြည်ပဝင်ငွေများစွာရရှိသည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး စီးပွားဖြစ်ထွန်းရေးအတွက် ခရိုင်စိုက်တိုးမြှင့်အဖွဲက လုပ်ငန်းရှင်များဖြင့် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။

          မအူပင်ခရိုင်တွင် ငါးမွေးမြူရေးကန်းများ ရှိပြီး ငါးပုဇွန်မွေးမြူသူဦးရေမှာ ငါး ကန်ပိုင်ရှင်ဦးရေ (၂၄၁၅)ရှိပြီး  ငါးမွေးမြူရေးလုပ်ငန်းကို နှစ်စဉ် တိုးတက်မွေးမြူ လျှက်ရှိကြောင်း သိရှိရပါသည်။ မအူပင်ခရိုင်အတွင်းရှိ ငါးလုပ်ငန်းစခန်း (၄)ခုသို့ သွားရောက်၍ စခန်းတာဝန်ခံများနှင့် တွေ့ဆုံကာ ငါးမွေးမြူရေလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်စေရေးနှင့် ငါးထွက်ရှိ တင်ပို့မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂) ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်ဈေးအတွင်းရှိ ဒေါ်လှလှရီ (ဆီဆိုင်) နှင့် ဒေါ်ဇာနည်ကျော်(ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများ အားကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၇.၁.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြန်အောင်မြို့နယ် အင်ပင်မြို့မစျေး၌ အစားအသောက်များတွင်ဓါတုဆိုးဆေး သုံးစွဲထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦး ဆောင်သောအဖွဲ့နှင့်အတူ (၂၀.၁.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင် ပါဝင်မူ ရှိ/မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/မရှိ ရှောင်တခင်  ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် အင်ပင်မြို့မဈေးအတွင်းရှိ ဆိုင်များတွင် ရောင်းချ သော အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ ပဲပြား၊ မုန့်ဖတ်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန်ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ် ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ အင်ပင်မြို့မဈေးအတွင်း တချို့သော ကုန်စုံဆိုင်များတွင် အများပြည်သူများ စာသုံးရန် မသင့်သော ဒေါ်သိန်းခင် ငံပြာရည်ပုလင်းများတွေ့ရှိခဲ့ပြီး မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးကော်မတီမှ ပြန်လည်သိမ်းဆည်းဖျက်ဆီးဆောင်ရွက်မှုတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြ ထားသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၁.၁.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ကျောင်းကျန်းမာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ အခြေခံမူလတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် သက်တမ်းလွန် မုန့်များနှင့်ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး ၊ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၀)ဦး ၊ ကျောင်းသား/ ကျောင်းသူ(၈၅)ဦး၊စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအား ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဠ်ဦး နှင့်ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၂..၂၀၂) ရက်   နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆိုင်များတွင်  သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့်    ရောင်းချပေးနေခြင်း  ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မြောင်းမြမြို့နယ်ဦးစီးမှူးမှ မြို့ပေါ်ရှိ စက်သုံးဆီရောင်းချ နေသော ဆိုင်များအား  စက်သုံးဆီများကို လက်လီ/လက္ကား ရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး စက်သုံးဆီရောင်းချနေသောဆိုင်ပိုင်အား စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် လက်ရှိဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းကြီးမြင့်နေမှုကို မိမိတို့ဆိုင်များ အနေဖြင့် ပြည်သူများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချရန်၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်အား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

စားသုံးဆီ  လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် စားသုံးဆီလုပ်ငန်းရှင်များအား  ခရိုင်ဦးစီးမှူးဦးထွေးသိမ်းမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

     အဆိုပါဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု လုံခြုံစိတ်ချရမှု၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ခံမှု၊ ပြစ်မှုပြစ်ဒဏ်များရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှသိလိုသည်များ မေးမြန်းမှုအပေါ် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

( Doca ဧရာဝတီ )

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအားကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သည် ဆန်/စပါး ကို အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ(၂၁) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ တင်ပို့မည့် ဆန်တင်ရေယာဉ်အားကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ခြင်းကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ မှ ဦးဆောင်၍ ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.က ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် MV-အောင်တက်တိုး ရေယာဉ်နှင့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း၊ဧည့်မထ ဆန်အိတ်များ တင်ဆောင်ထားရှိမှု အခြေအနေ၊ သယ်ဆောင်ရာတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး၊တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေးတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

     ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေး သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ် ရေးအကြောင်းသိကောင်းစရာများ အသိပညာ ပေး Talk Show ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၂) ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ အခန်း(၁၈) ပါ ကုန်အညွှန်းမှတ်အသားဖော်ပြခြင်းများအကြောင်းတို့ကို အသိပညာ ပေးဟောပြော ခဲ့ပါသည်။ စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ပြီး နစ်နာဆုံးရှုံးမှု များ ဖြစ်ပေါ်လာ ပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ Call Centre 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးအမျိုးကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့မဈေးအတွင်းရှိ ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိူးအား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          ဈေးကွက်အတွင်းရောင်းချနေသော ကလေးအားဟာရ ဖြည့်စွက်စာများဖြစ်သည့် Dupro Dumex/ Gold Power/ Mikko Mate တို့တွင် မြန်မာဘာသာဖြင့် ရေးသား ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိ ၊ FDA ထောက်ခံချက် ပါဝင်မှုရှိ/မရှိတို့ကို  စိစစ်ခဲ့ပြီး ရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်အသိပညာပေး ဆွေးနွေးခဲ့သည်။ မြို့နယ်တာဝန်ခံက ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအသား ဖော်ပြချက်များ၊ FDA ထောက်ခံချက်များ ၊ ထုတ်လုပ်သည့်ရက်စွဲ၊သက်တမ်းကုန်ဆုံးသည့် ရက်စွဲ တို့ကို ရေးသွင်းဖော်ပြထားသော ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိူးသာ ဈေးကွက်အတွင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ