Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇;၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

     ( DOCA ဧရာဝတီ)

ပုသိမ်မြို့နယ်မှဆန်စက်အသင်းနှင့် ဆန်းစပါးကုန်သည်အသင်း လုပ်ငန်းရှင်များအား Myro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ အသိပညာ‌ပေး

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

   စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်အနေဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်း ဆိုင်ရာလုပ်ငန်း များကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စပါး/ဆန် သိုလှောင်ထားရှိသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ လူပုဂ္ဂိုလ်တို့မှ မှတ်ပုံတင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များ အနေဖြင့် My ro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ နှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် စားသုံးသူရေးရာအစည်းအဝေး ခန်းမတွင်(၅-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပုသိမ်မြို့နယ်ရှိ ဆန်စက်အသင်း နှင့် ဆန်စပါးကုန်သည်အသင်း၊ အသင်းအဖွဲ စုအဖွဲ့လုပ်ငန်းရှင်များ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ 

   ပုသိမ်မြို့နယ် လုပ်ငန်းရှင်တို့အား မဟုတ်မမှန်သတင်းများ လွဲမှားနားလည်မှု မရှိစေရန်အတွက် မှတ်ပုံတင် သတ်မှတ်ပမာဏထက်သိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါက  အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှု မရှိကြောင်းကို ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်နှင့် အသင်းအဖွဲ့မှ တာဝန်ရှိသူများ သိရှိနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊စည်ပင်သာယာရေးလမ်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစိစစ်

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၆.၈.၂၀၂၅) ရက်နေ့ နေ့လည် (၁၁:၀၀)နာရီက လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊စည်ပင်သာယာရေးလမ်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ခေါက်ဆွဲခြောက်များအား  ကုန်ညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ၊စည်ပင်သာယာရေးလမ်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ခေါက်ဆွဲခြောက်များအား ကုန်ညွန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ရှင်များအားစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားပါမည် ဖြစ်ကြောင်း သတင်းရရှိရပါသည်။

 DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခမမြို့နယ်၊ ကျုံမငေးမြို့ရှိမြို့မဈေးအတွင်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ခေါက်ဆွဲခြောက်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစိစစ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၄.၈.၂၀၂၅) ရက်နေ့ နေ့လည် (၁၁:၃၀)နာရီက ဝါးခမမြို့နယ်၊ ကျုံမငေးမြို့ရှိမြို့မဈေးအတွင်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ခေါက်ဆွဲခြောက်များအား  ကုန်ညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခမမြို့နယ်၊ ကျုံမငေးမြို့ရှိ မြို့မဈေးအတွင်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသောအသင့်စား ခေါက်ဆွဲခြောက်များအား ကုန်ညွန်း အမှတ်အသားဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ရှင်များအားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်ညွှန်းအမှတ်အသား ဖော်ပြချက်၊ ပြည့်စုံမှု ရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားပါမည် ဖြစ်ကြောင်း သတင်းရရှိရပါသည်။

        DOCA(ဧရာဝတီ)

မအူပင်မြို့နယ်အတွင်း ရောင်းချနေသော အသင့်စားမုန့်များအား ကုန်အညွှန်းအမှတ်အသားနှင့် ထောက်ခံချက်ပါဝင် မှုရှိ-မရှိ စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး နှင့် ဝန်ထမ်းတို့သည်  (၆-၅-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ ပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင် (၆) ဆိုင်တွင် ရောင်းချနေသော မုန့်များတွင် စားသုံးသူ ရေးရာ ဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားနှင့် FDAဌာန၏ ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြသည်။

   မအူပင်မြို့နယ်ကမ်းနားလမ်းတွင် ရောင်းချနေသော မုန့်မျိုးစုံအရောင်းဆိုင်မှ ရောင်းချနေ သော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များပါရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသား သိရှိနိုင်စေရေး စာသင်ကျောင်းများသို့ အသိပညာပေး

       စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ()ရက်နေ့ နံနက်(၀၉း၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ အ.မ.က(၂) စာသင်ကျောင်းတွင်  စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စားသုံးသူ ရေးရာဦးစီး ဌာန ပေါ်ပေါက် လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့၌ ပြဌာန်း ခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါ ကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်း မေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်နှင့်ပတ်သက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/   ကျောင်း သူများကို ထုတ်ကုန်ံခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် အ.မ.က(၂) စာသင်ကျောင်းရှိ ဆရာ/မနှင့်ကျောင်းသား/သူ စုစုပေါင်း(၈၀)ဉီးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များ ပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့နယ်မှ ဆန်စက်အသင်းနှင့် ဆန်းစပါးကုန်သည်အသင်း လုပ်ငန်းရှင်များအား Myro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ အသိပညာ‌ပေး

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

   မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်အနေဖြင့် မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စပါး/ဆန် သိုလှောင်ထားရှိသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ လူပုဂ္ဂိုလ်တို့မှ မှတ်ပုံတင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းရှင်များ အနေဖြင့် My ro မှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာများ နှင့် ပတ်သက်၍ သိရှိနားလည်စေရန်အတွက် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင်(၇-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ညောင်တုန်းမြို့နယ်ရှိ ဆန်စက်အသင်း နှင့် ဆန်စပါးကုန်သည်အသင်း၊ အသင်းအဖွဲံ၊ အစုအဖွဲ့လုပ်ငန်းရှင်များ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

   ညောင်တုန်းမြို့နယ် လုပ်ငန်းရှင်တို့အား မဟုတ်မမှန်သတင်းများ လွဲမှားနားလည်မှု မရှိစေရန်အတွက် မှတ်ပုံတင် သတ်မှတ်ပမာဏထက်သိုလှောင်ခွင့်မရှိကြောင်းသိုလှောင်ပါက  အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှု မရှိကြောင်းကို ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်နှင့် အသင်းအဖွဲ့မှ တာဝန်ရှိသူများ သိရှိနိုင်ရန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော စားသုံးသူကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

      ၂၀၂၅ ခုနှစ် ဩဂုတ်လ ရက်  နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာ စားသုံးသူကာကွယ်ရေးဆိုင်ရာကျွမ်းကျင်မှု သင်တန်းအား ကန့်ဘလူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အရာ ထမ်း၊ အမှုထမ်းများမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် သင်တန်းတက်ရောက်ခြင်း၏ အကျိုးကျေးဇူးများ၊ သင်တန်းတွင် အစဖော် ပေးလိုက်သည်များကို ဆက်လက်လေ့လာသင်ယူဖို့လိုကြောင်း၊ သင်တန်း ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများကို မှတ်သားတတ်ဖို့လိုကြောင်း၊ ပညာသင်ယူသည့်အခါ မိမိထက်ငယ်သည်၊ ကြီးသည်ကို မခွဲခြားပဲ သင်ယူနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်မှုရှိစေဖို့ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဝမ်းစာပြည့်ဖို့လိုကြောင်းနှင့် စာအရေး အသားကောင်းမွန်စေဖို့ စာဖတ်ဖို့လိုမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆ ရာ/ဆရာမများက သင်တန်းချိန်()ချိန်ဖြင့် သင်ကြားခဲ့ကြောင်း၊ သင်တန်းသား/သူများမှ သင်တန်း ဆန်းစစ်ချက် မေးခွန်လွှာများဖြေဆိုခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

    ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၅ ရက် နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေး မှူး ဦးခမ်လျန်စွမ်း ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ကန့်ဘလူခရိုင်စား သုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရမည့် အချက်များကို တင်ပြပေးစေလိုကြောင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ရိုင်းပင်ကူညီဖို့လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဆန္ဒကို လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်လို့ရပြီး ဖော်ထုတ်ဖို့လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ ရုံးပိုင်းဆိုင် ရာလိုအပ်ချက်များကို အမြဲလေ့လာပြီး ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ စီးမံရေးရာဌာနခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချွန်က ယခင်လ အစည်းအဝေးဆုံဖြတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးများမှ အလှည့်ကျမိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ် ဆန်စပါး လုပ်ငန်းရှင်များအား My Ro မှတ်ပုံတင်ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း

   မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးသည်  မြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင်(၇-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဓနုဖြူမြို့နယ်ရှိ ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက် လုပ်ငန်းရှင် (၂၀)ဦးခန့် အား My RO မှတ်ပုံတင်နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

   ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ဝန်ကြီးချုပ်မှ နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းရာတွင် တောင်သူတစ်ဦးမှ မှတ်ပုံတင်ရန်သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း သိုလှောင်ခြင်းပြုပါက အရေးယူခံရနိုင် ကြောင်း တင်ပြလာမှုအပေါ် မဟုတ်မမှန်သတင်းလွှင်ခြင်းများဖြစ်ပေါ်နေသဖြင့် တောင်သူနှင့် လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေး ခြင်းဖြစ်ကြောင်း၊  ပန်းတနော်မြို့နယ်မှ မှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၄၄)လုံး မှတ်ပုံတင် ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှလည်း သက်တမ်းတိုးဆောင်ရွက်ကြရန်၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရ မည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရကြောင်းမဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား မအူပင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင် များသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  လုပ်ငန်းများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ