စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဌာန၏မျှော်မှန်းချက်၊ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကလုပ်ဆောင်ရသည့် ဝန်ထမ်းများ လက်ရုံးရည်၊ နှလုံးရည် စသည့် အရည်အသွေးများပြည့်ဝစေရန်နှင့်လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်း(၁/၂၀၂၆)ကို ၁၁-၅-၂၀၂၆ ရက်နေ့မှစ၍ ၂၆-၅-၂၀၂၆ ရက်နေ့ အထိ စာတွေ့နှင့်လက်တွေ့သင်ကြားပို့ချခြင်းများအား ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီး/ခရိုင်အပါအဝင် သင်တန်းသား/သူ(၂၈)ဦး တက်ရောက် သင်ကြားလျက်ရှိရာ ၁၉-၅-၂၀၂၆ ရက်နေ့တွင် ဦးစီးအရာရှိ၊ဦးမျိုးထွန်းမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ၏လုပ်ငန်းဆောင်ရွက်မှုဘာသာရပ်အား သင်ကြားပို့ချခြင်း၊ ဘာသာရပ်တွင်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၏မျှော်မှန်းချက်(Vision)၊ရည်မှန်းချက် (Mission)၊ လုပ်ငန်း တာဝန်များ၊ အဓိက လုပ်ဆောင်နေသော လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)