
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဇွန်လ (၁၂)ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် ကော့မှူးမြိုု့နယ်၌ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်များ ရောင်းချနေခြင်း ရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်မင်းနှင့်ဒုတိယဦးစီးမှူးဒေါ်နီလာဝင်း၊ စည်ပင်သာယာမြို့မဈေး တာဝန်ခံဦးအေးသွင်တို့ပူးပေါင်းအဖွဲ့ဖြင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်များ၊ စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား စားသောက်ကုန်ပစ္စည်းများဝယ်ယူဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိသည့် စားသောက်ကုန်များ၊ သက်တမ်းလွန်စား သောက်ကုန်များ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော စားသောက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
