Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

              ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၃.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

                        ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ စစ်ဆေးရေးအရာရှိ ၏လုပ်ငန်းတာဝန်(၁၁)ချက်အား အသေးစိတ်ပြောကြားခဲ့ပြီး၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၂၃)ပါ တားမြစ်ချက်များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီဆောင်ရွက်ကြရန်၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက် များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca. gov. mmwebsite တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်း ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA ဧရာဝတီ

ရေသန့်ဘူးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊  မြောင်းမြခရိုင်၊    အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၁;၃၀)နာရီက အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော 1 + Plus ရေသန့်ဘူးများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော 1 + Plus အမှတ်တံဆိပ်ပါ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက် ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA ဧရာဝတီ

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ နှင့် စပ်လျဉ်း၍ ယာဉ်လိုင်းဝန်ဆောင်မှု လုပ်ငန်းရှင်များနှင့် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၃-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁၄၀၀)အချိန်က တွေ့ဆုံ၍ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

                စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မအူပင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအဖွဲ့တာဝန်ရှိသူများ၊ အိမ်အရောက်ကုန်စည်ပိုဆောင်ရေး ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များ၊  ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနနှင့်  အခြားသော ဌာနဆိုင်ရာများကို ဖိတ်ကြား၍ ဆွေးနွေးခဲ့ရာ ခရီးသွားဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာ ဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူးအရေးပါသည့်အတွက် ခရီးသည်ပို့ဆောင်မှုနှင့် ကုန်စည်တန်ဆာပေးပို့မှုအခြေအနေများကို တိကျမှန်ကန်စွာပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ အာမခံချက်နှင့်အညီ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး၊ စားသုံးသူဝန်ဆောင်မှုကို အသုံးမပြုမီ ကြိုတင်သတင်းအချက်အလက်များကြော်ငြာထားနိုင်ရန်တို့ကို လည်းကောင်း၊ မိမိတို့ဌာန၏ လုပ်ငန်း လမ်းညွှန်ချက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊လုပ်ထုံးလုပ်နည်းများနှင့်ပတ်သတ်၍ရှင်းလင်းခြင်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို တင်ပြမေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

               အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း  အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများ ရရှိရန် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ဒေသတွင်း ကုန်ထုတ်လုပ်ငန်း များသို့ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး (၂၃-၁၂-၂၀၂၅ ရက်နေ့ နေ့လည် (၁၃၀၀)နာရီအချိန်က မအူပင်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                     ကွင်းဆင်းစစ်ဆေးရာတွင် ဦးဇော်မင်း ခရိုင်ဦးစီးမှူးက ဒေသအတွင်းရှိ လုပ်ငန်း များ    အချင်းချင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ ထုတ်ကုန်များ ထုပ်ပိုး မှုစနစ် ပိုမိုကောင်းမွန်လာ ရန်၊ ထုတ်ကုန် အရည်အသွေးမြင့်မားလာရန်၊ ဈေးကွက် ပိုမိုရရှိလာရန်နှင့် တီထွင်ဆန်းသစ်မှုများ ကို ပိုမိုသိရှိလာရန်အတွက် စီးပွားဖြစ် ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ   တိုးတက်ရေးကို အိုင်ဝိုင်းကျေးရွာရှိ စက်မှုဇုန်လုပ်ငန်း တာဝန်ရှိသူနှင့် ဆွေးနွေးခဲ့ပြီး စက်မှုဇုန်မှ ထုတ်လုပ်နေသော လက်အိတ်ထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဤကဲ့သို့စီမံ ကိန်းများ ပိုမိုရရှိရန် ကြိုးပမ်းအားထုတ်၍ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် အထောက် အပံ့ကောင်းများ ပံ့ပိုးကူညီပေးခြင်း၊ MSME ထုတ်ကုန်များ ဆန်းသစ်တီထွင်လာနိုင်စေရန်နှင့် လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ တိုးတက်အောင်မြင် လာစေရန် မူဝါဒလုပ်ငန်းစဉ်များကို ပြင်ဆင်ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် နည်းပညာ၊ စျေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကို တင်ပြချိတ်ဆက် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပင်လုံမြို့၊ ကောင်းသန့် အလုပ်ရုံတွင် စားသုံးသူများ၏ အခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းတိုး (ဦးစီးအရာရှိ)က ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ ပါသည်။ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

"စိန်ပလောင်"အသင့်စားလက်ဖက်နှပ်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

                     စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက် ဖြစ်သော ၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် အာဏာတည်ပြီး ဖြစ်ပါသည်။ စားသုံးသူကာကွယ် ရေးဥပဒေ ပုဒ်မ ၄၃ အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ သတ်မှတ်ချက်များနှင့်အညီ အခက်အခဲ မရှိလိုက်နာဆောင်ရွက်နိုင်ရန် ကုန်စည်အမျိုးအစားအလိုက်အုပ်စု(၈)ခုခွဲ၍ အသေးစိတ်ညွှန်ကြားချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ၂၀၁၉ ခုနှစ်၊ဒီဇင်ဘာလ ၃ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကို ထုတ်ပြန်ပေးခဲ့ပြီးလည်း ဖြစ်ပါသည်။

                        စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်စေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ စားသုံသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ သုံးစွဲခြင်း ကြောင့် ဖြစ်ပေါ်လာသောနစ်နာဆုံးရှုံးမှုများကာကွယ်ပေးရန်၊ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဘဏ္ဍာရေးနှစ်အလိုက် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်ရယူပြီး ဦးစားပေးကုန်စည်များ သတ်မှတ်လျက် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်းကာ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဧပြီလတွင် အသင့်သောက်အချိုရည် အမျိုးမျိုး၊မေလတွင် စားသုံးဆီအမျိုး မျိုး၊ ဇွန်လတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်မုန့်အမျိုးမျိုး၊ ဇူလိုင်လတွင် အရန်သင့်အစားအစာ အမျိုးမျိုး၊ ဩဂုတ်လတွင် သောက်ရေသန့်အမျိုးမျိုး၊ စက်တင်ဘာလတွင် ဆရာဝန်ညွှန်ကြားချက် မလို အိမ်သုံးဆေးဝါးသောက်ဆေးမျိုးမျိုး၊ အောက်တိုဘာလတွင် တိုင်းရင်းဆေးအမျိုးမျိုး၊ နိုဝင်ဘာလ တွင် ကလေးနှင့်လူကြီးဖြည့်စွက်စာ အမျိုးမျိုး၊ ဒီဇင်ဘာလ တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်းအမျိုးမျိုး၊ ဇန်နဝါရီလတွင် သွားတိုက်ဆေးအမျိုးမျိုး၊ ဖေဖော်ဝါရီလတွင် အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးနှင့် မတ်လတွင် အရန်သင့်အစားအစာအမျိုးမျိုးတို့အား သက်ဆိုင် ရာဌာနများမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော ကုန်ပစ္စည်း များအား ဥပဒေများနှင့် အညီ ဖြစ်စေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက် ရှိပါတယ်။

                                                မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းများနှင့်ကုန်စည်အမျိုးအစားအားလုံး ရာခိုင်နှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရန်အတွက် အစီအစဉ်အသစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက် သည့်အနေဖြင့် ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ယခင်က ဈေးကွက်ရောက်ပြီး ကုန်စည်များကို စစ်ဆေးဆောင်ရွက်သည့်စနစ် (Post Market Surveillance) ဖြင့် အဓိကထား စစ်ဆေးခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီ စစ်ဆေးသည့်စနစ် (Pre-Market Surveillance) ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းအား ကုန်စည် ထုတ်လုပ်သည့်လုပ်ငန်း များ၊ စက်ရုံများ၊ ကုမ္ပဏီများ၊ ပြည်ပမှ ကုန်စည်တင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းစာရင်းများပြုစု၍လအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လျာထားချက်များသတ်မှတ်ကာ လုပ်ငန်း စီမံချက်ရေးဆွဲ၍ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌထံတင်ပြခွင့်ပြုချက်ရယူပြီး စစ်ဆေးဆောင်ရွက် ခြင်းများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်မန္တလေးမြို့ပေါ်ရှိ ချမ်းမြသာစည်မြို့နယ်တွင် အသင့်စားလက်ဖက်နှပ် အမျိုးမျိုး ထုတ်လုပ်သည့် "စိန်ပလောင်" အသင့်လက်ဖက်နှပ်လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စစ်ဆေးခြင်း (Pre Market Survillance) ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)  

 

 

စိန်ရတနာ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ   ကျိုင်းတုံမြို့၊ ရပ်ကွက်(၄)အတွင်းရှိ စိန်ရတနာ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့စစ်ဆေးရာတွင် စိန်ရတနာ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် စိန်ရတနာ အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့် ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

တောင်ကြီးမြို့ပေါ်ရှိ WELINK FIBER INTERNET SERVICE CENTER အင်တာနက်ဝန်ဆောင်မှုအား ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း          

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးရှိ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခွန်ကျော်ဌေး ဦးဆောင်သောဝန်ထမ်းများသည် (၁၈-၁၂-၂၀၂၅)ရက်နေ့  နေ့လယ် (၁၃:၃၀)အချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍  WELINK FIBER INTERNET SERVICE CENTER သွားရောက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု ကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ စစ်ဆေးရာတွင် တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့်အဖွဲ့သည် ဆက်သွယ်ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းရှင်များအား မိမိတို့ဝန်ဆောင်မှုပေးသော လုပ်ငန်းများ တွင် မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်း၊ သတင်းအချက်အလက်များကို ကြိုတင်အသိပေး ဖော်ပြစေရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းတို့ကြောင့် စားသုံးသူများ၏ နေ့စဉ်ကိစ္စရပ်များ အဆင်ပြေချောမွေ့ပြီး အခွင့်အရေးကို ပြည့်ဝစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (18) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိုးနဲမြို့ပေါ်ရှိ ရွှေဥယျာဉ်သောက်ရေသန့် စက်ရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားအရ ထည့်သွင်း ပေးရမည့် အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်းများကို ထည့်သွင်းပေးရမည် ဖြစ်ကြောင်း၊ ယခုအချိန်၌ ဈေးကွက်အတွင်းတွင် မိမိစက်ရုံထုတ် ရေသန့်ဗူးခွံများ မဟုတ်သည့် အခြားစက်ရုံထုတ်ရေသန့်ဗူးခွံများရှိ အမှတ်တံဆိပ်များကိုခွာပြီး မိမိတံဆိပ်များကပ်၍ ရောင်းချခြင်း များရှိနေသဖြင့် ရေသန့်လုပ်ငန်းရှင်အချင်းချင်း စည်းကမ်းရှိရှိ စောင့်ထိန်းဆောင်ရွက်နိုင်စေရန် ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

       ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့၊ နေ့လယ် (၁၆:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)အတွင်းရှိ ကမ္ဘောဇဘဏ် (KBZ BANK)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဘဏ်ဝန်ထမ်း စုစုပေါင်း (၂၈)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဘဏ်ဝန်ထမ်းများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏ တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်း အမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး ထောက်ခံချက်ရှိသော အစားအစာနှင့် ထောက်ခံချက်မရှိသော အစားအစာများကို ပုံများနှင့်တကွ ပြသခဲ့ပါသည်။

          ယင်းနောက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)အကြောင်း ရှင်းလင်းပြောကြားကာ Consumer Call Center ဖြစ်သည့် (၁၅၃၅) သို့ လက်တွေ့ခေါ်ဆိုမှု ပြုလုပ်ဆောင်ရွက်ခဲ့ပြီး  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို  (၁၇:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ