Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ်တွင် ကော်ဖီမစ်အမျိုးမျိုးနှင့် အသင့်စား ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဈေးဆိုင်များ၌ အသင့်သောက် ကော်ဖီနှင့် လက်ဖက်ရည်ထုတ်များ၊ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ (၂၂-၁၁-၂၀၂၅) နေ့၊နံနက် ၉ နာရီ အချိန်က ညောင်တုန်းမြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ရပ်ကွက် အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန် ပစ္စည်းများ၊  စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ကြပြီး အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန် များ တွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး အလှကုန်များတွင် သတ်မှတ် ချက်နှင့် အညီ ဖော်ပြချက်များ ကိုက်ညီမှုရှိမရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောနှောရောင်းချခြင်း ရှိမရှိကိုစစ်ဆေးခဲ့ပြီး စတိုးနှင့် ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း အလှကုန်နှင့် ဆက်စပ်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ ကုန်စုံဆိုင်နှင့် အလှကုန်အရောင်းဆိုင် များတွင် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းကို ၂၂-၁၁-၂၀၂၅ ရက်နေ့ ၊ နံနက် ၁၀ နာရီက စစ်ဆေး ဆောင်ရွက်ခဲ့သည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များ တွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင် သတိပေးချက်၊ ထား သိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန် များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်း မရှိသော  အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အမှတ်တံဆိပ်ပါ ဗူးဆီများအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင်  ပန်းတနော်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်တံဆိပ်ပါ စားသုံးဆီ ဗူးဆီအရောင်း ဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံနှင့် ခရိုင်ဦးစီးမှူးတို့က  ဈေးအတွင်းရှိ ရောင်းချနေသော ကုန်မျိုးစုံဆိုင်(၆)ဆိုင်ရှိ Meizan Lotus, Goody   စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍  ပြည်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၁၉  ကိုလိုက်နာ ဆောင်ရွက် ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြ ရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

    မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၅)ဆိုင် အား မြိုနယ်ကုန်ဈေးနှုန်တည်ငြိမ်ရေး လုပ်ငန်းအဖွဲ့မှ (၂၂-.၁၁-၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀)အချိန်က ဆီဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိမရှိ၊ စက်သုံးဆီပြတ်လပ်မှုရှိမရှိ ကွင်းဆင်းစစ်ဆေးပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ညောင်တုန်းမြို့နယ်အတွင်း စက်သုံးဆီဆိုင်များ၌ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD မှ နေ့စဉ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှု ရှိ/မရှိစသည့် အခြေအနေများကို မေးမြန်းစစ်ဆေးခဲ့ပြီး ဆီများသိုလှောင်ထားရှိမှု များကို စနစ်တကျစစ်ဆေးခြင်း၊ စက်သုံးဆီများရောနှောရောင်းချခြင်းရှိမရှိ ဆီအရောင်းနမူဏာယူ စစ်ဆေးခြင်း၊  ဆီဆိုင်များ၌ LED Board မှာ တင်ထားသည့်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပြီး စစ်ဆေးစဉ် ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်တာဝန်ခံများအား ဆီပြတ်လပ်မှု ရှိပါက အချိန်နှင့် တပြေးညီ သတင်းပို့ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Talk Show အသိပညာပေး ကျင်းပပြုလုပ်

    မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk-Show)ကို  ၂၂-၁၁-၂၀၂၅ ရက်နေ့ နေ့လယ်  ၁နာရီအချိန်က ဓနုဖြူမြို့နယ် လူထုအခြေပြု ဗဟို ဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

   ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ယခုအချိန်တွင် Online Shopping များ ရောင်းဝယ်ခြင်း ဆိုင်ရာလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍  ပြုလုပ်ရခြင်း ဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးက  အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စားသုံးသူ ကာကွယ်ရေး အခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ စားသုံးသူ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရခြင်းများ၊ စားသုံးသူပြည်သူများ ၀ယ်ယူခြင်း မပြုမီ သတိပြုရမည့် အချက်များ၊ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့လျှင် တိုင်ကြားရန် နည်းလမ်းများ၊ Online Shopping Page တွင် ဖော်ပြထားသည့် ဆက်သွယ်ရန် ဖုန်းနံပတ်လိပ်စာများအား မြေပြင်တွင်အမှန်တ ကယ်ရှိမရှိစစ်ဆေးရန် လိုအပ်ခြင်း၊ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ၏ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ခြင်းများ ရှိသဖြင့် သေချာစွာစစ်ဆေးရန်အကြောင်းများ၊ စစ်ဆေးရေးအရာရှိမှ မြေပြင်စစ်ဆေးခြင်းကိစ္စအကြောင်းကို ဆွေးနွေးခဲ့ပြီး အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

DOCA(ဧရာဝတီ)

“စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းစိစစ်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် (၄) ရပ်ကွက် ၊ ပိတောက်လမ်းရှိ ဒေါ်တင်ဝေ ပိုင် “စည်းစိမ်” ခေါက်ဆွဲဖိုသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်း ဖွံ့ဖြိုးရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

 “စည်းစိမ်” ခေါက်ဆွဲဖို လုပ်ငန်းမှာ စားသောက်ကုန်ဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့ အသုံးပြုမှု အနေဖြင့် ဆန်ကြမ်းအိတ် (၁) အိတ်ခွဲ အသုံးပြုရပြီး မုန့်ပိဿာချိန် (၇၀) ထွက်ရှိပါသည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် တစ်ပိဿာလျှင် (၂၈၀၀) ခန့် မြို့နယ်အတွင်း၌သာ ရောင်းချပါသည်။ လုပ်သားဦးရေ (၅) ဦးထားရှိပြီးတစ်လလျှင်  လုပ်ခအနေဖြင့် (၂) သိန်းကျပ်ပေးရပါသည်။

   ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ အသုံးပြုမှုမရှိစေရေး ၊ အလေးချိန် အချိန်အတွယ် ပြည့်မီမှန်ကန်စေရေး တို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဘိုကလေးမြို့နယ်(၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်း စစ်ဆေး

     ဘိုကလေးမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် (၁၀)ရပ်ကွက်၊စက်စုလမ်းရှိ ဧရာတမာ သောက်ရေသန့်စက်ရုံသို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဧရာတမာသောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ် အနေဖြင့် (၆)ဘူးပါ ၁လီတာ အကဒ်ရေ (၁၂၀) ကဒ် ထုတ်လုပ်၍ ဒေသအတွင်း ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါ သည်။ ဈေးနှုန်းဈေးကွက် အနေဖြင့် (၆) ဘူးပါ ၁လီတာ တစ်ကဒ် လျှင် (၂၅၀၀) ကျပ်ဖြင့် လက်ကားရောင်းချပေးလျက်ရှိပြီး လုပ်သားဦးရေ (၂)ဦး ခန့်ထားပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံမှလည်း ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး တို့အတွက်ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာထည့်သွင်းဖော်ပြရန်နှင့် စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ် ရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

(Doca ဧရာဝတီ)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိရာ (၂၆.၁၀.၂၀၂၅) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏ အခွင့်အရေးများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းအား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသော စားသုံးဆီ(ဘူးသွင်းဆီ) များအား စိစစ်ခြင်း

     ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် မြို့မ (၅) ရပ်ကွက်ရှိ ကုန်မျိုးစုံ ဆိုင်တွင်‌ ရောင်းချနေသော စားသုံးဆီ(ဘူးသွင်းဆီ) များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ရောင်းချနေသော Lotus ၊ Meizan ၊ Duck အမှတ်တံဆိပ်ပါ (ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိမှု အခြေအန၊ အလေးချိန်ကို ပိဿာ (ကျပ်သား) ဖြင့် ဖော်ပြထားရှိမှု အခြေအနေ၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူ ဆောင်ရွက်မှု မရှိပါကြောင်း ကွင်းဆင်းခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် Online Sale နှင့် ပက်သက်၍ သင်တန်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်သည် Online Sale ရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား (၂၄.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်  (၁၃:၀၀) နာရီ အချိန်တွင် ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ Online Sale နှင့် ပက်သက်၍ သင်တန်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ သင်တန်းတွင် ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က Online Sale နှင့် ပက်သက်၍ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမည် ၊ လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပတ်မှန်ကန်မှုများ ရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်း၏ အမှတ်တံဆိပ် နှင့် လုပ် ငန်းရှင်၏ မှတ်ပုံတင် မှန်ကန်မှု၊ နိုင်ငံသား ဖြစ်ရန်လိုအပ်ကြောင်းရှင်းလင်းဆွေးနွေးခဲ့သည်။၎င်းအပြင် လျှောက်ထားသူသည် အမည်ပျက် စာရင်း(BlackList) တွင် ပါဝင်ခြင်းမရှိကြောင်း ထောက်ခံချက်၊ ကန့်သတ်ထားသော ကုန်စည် (သို့) ဥပဒေနှင့် ငြိစွန်းထားသော ကုန်စည် များ ရောင်းချခြင်းမပြုစေရေး နှင့် စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်နှင့် တားမြစ်ချက်များ အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စည်းမျဉ်းစည်းကမ်း များ၊ ပြစ်မှု ပြစ်ဒဏ်များ အကြောင်း အသိပညာပေး  သင်တန်းပြုလုပ်ခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ