
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက်နေ့ ၊ နံနက် (၁၀:၀၀ ) နာရီအချိန်၌ ၊ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ လက်ပံတန်းမြို့နယ်တာဝန်ခံ ဦးကျော်မျိုးထွန်းတို့မှ ရွှေလမင်းငါးမုန့်ကြော် လုပ်ငန်းရှင် ဒေါ်နှင်း သီတာအောင် နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးရက်စွဲများ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်လမ်းများ အားလည်း ကောင်း၊ ဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါကုန်စည် နှင့်စပ်လျဉ်း၍ စားသုံးသူ လက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာ ပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)
