Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MyRo  တွင် မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းရှင်များအား ဆန်စပါးသိုရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေး အသိပေးဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online – MyRo) တွင်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ့ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင်  ခရိုင်/ မြို့နယ်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၈၉) လုံး မှတ်ပုံတင်ထားရှိကြောင်း သိရသည်။

          စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ  ဝန်ထမ်း များနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည်(၈.၇.၂၀၂၆)ရက်နေ့တွင် တိုင်းဒေသကြီး ဆန်ကုန် သည်များအသင်းနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ လုပ်ငန်းရှင်များအား  ဖုန်းဖြင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ လစဉ် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် ဖြည့်သွင်းရန် ကျန်ရှိသည့်  လုပ်ငန်းရှင်များ ၊    (Myanmar Rice Online Myro)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို မပျက်မကွက် မှန်ကန်စွာထည့် သွင်းပေးနိုင်ရေး၊ ရေးသွင်းသည့်အချက်အလက်များနှင့် မြေပြင်လက်ကျန် အခြေအနေများ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်စားသုံးသူများ စားသုံးသူကာကွယ်ရေး ဥပဒေအားသိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

       ပခုက္ကူခရိုင်အနေဖြင့်၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင် ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အ.မ.က(၅၆)ဆယ်ရွာ ကျေးရွာနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအား အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်အနေဖြင့်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားတွင် အသိပညာပေးခြင်းနှင့် ရွာသစ်ရပ်ကွက်ရှိ “ ဒေါ်နိုင်နိုင်” စာသင်ဝိုင်းတွင် အသိပညာပေးခြင်း၊  ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ၊ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာ ပေးဆွေးနွေးခဲ့ပြီး ပခုက္ကူခရိုင်မှ (၅)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ(၁)ကြိမ်၊ စုစုပေါင်း(၆)ကြိမ်ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိ သော ဆေးဝါးများ၏ အရည်အသွေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံနိုင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းများသည် အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ယင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းပါဝင်ကာ ကန့်ဘလူမြို့ ပေါ်ရှိ ဆေးဆိုင်များကို သွားရောက်စစ်ဆေးခဲ့ကြသည်။ စစ်ဆေးရာတွင် ဆေးဝါးများ၏ ထုတ်လုပ် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ၊ မှတ်ပုံတင်ခွင့်ပြုချက် (FDA)ထောက်ခံချက်ရှိ/မရှိ၊ ထုတ်လုပ် သူနှင့် တင်သွင်းသူအချက်အလက်များ ပြည့်စုံမှုရှိမရှိတို့ကို အသေးစိတ်စစ်ဆေးခဲ့ကြပြီး သက်တမ်း လွန်ဆေးဝါးများ၊ အရည်အသွေးမပြည့်မီသောဆေးဝါးများ မရောင်းချရန် ဆိုင်ရှင်များအား အသိ ပညာပေးညွှန်ကြားခဲ့ကြောင်း သိရသည်။

     ထို့အပြင် ဆေးဝါးများကို စည်းကမ်းတကျ သိုလှောင်ထားရှိမှုရှိမရှိ၊ ဆေးဆိုင်လိုင်စင် တရားဝင်ရှိမရှိတို့ကိုလည်း စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း၊ စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယခုကဲ့သို့ အဖွဲ့စုံ ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၂၉.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၂)ဆိုင်အား စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်မျိူးစုံရောင်းချသည့် ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ဖော်ပြလာရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း  ဖော်ပြချက်တို့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့်      သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ကို ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချ‌နေသည်ကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး မြို့မဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက် နံနက်(၁၀:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်း(၁)ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်သိုလှောင်မှုအခြေအနေများကို ကန့်ဘလူမြို့မဈေးရှိ ဆန်လက်လီ ၊ လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန် မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း၊ ထို့နောက်တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အား စစ်ဆေး ခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်တန်ချိန် ၂၅ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့် အထက် သိုလှောင်ရုံပိုင်ဆိုင်သည့် လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online(MyRo)- www.myro.com.mmတွင်မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြား ကာ စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဂန့်ဂေါမြို့၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ရေး  ကွင်းဆင်းအသိပညာပေး

        စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဂန့်ဂေါမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဇာဇာချိုဦးနှင့် အကြီးတန်းစာရေး ဒေါ်ခင်နွဲ့ဝင်းတို့သည် (၁၈.၆.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ “အောင်ရွှေပုလဲ” ပဲကြော်လုပ်ငန်းသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်နိုင်ရေး ကွင်းဆင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

        မြို့နယ်တာဝန်ခံက ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌါန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ ကုန်ပစ္စည်းများကို စားသုံးသူအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်အပေါ် ယုံကြည်မှုရှိလာပြီး အကျိုးစီးပွားပိုမိုရရှိလာနိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်သည့် ဥပဒေပြဌါန်းချက်များ၊ အရေးယူတားမြစ်ချက်များ၊ ပြစ်မှု/ ပြစ်ဒဏ်များအကြောင်းအား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

      စီးပွားရေးလုပ်ငန်းရှင်သည် မိမိတို့ကုန်စည်၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှုရှိ/ မရှိ မိမိတို့ဌာနသို့ စိစစ်ခွင့်ပြုချက် တင်ပြလျှောက်ထားနိုင်ကြောင်း၊ ဌာနမှဥပဒေနှင့် အညီ ပြည့်စုံမှန်ကန်သော ကုန်အမှတ်တံဆိပ်များဖြစ်စေရန်  စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်အား သိရှိနားလည်စေရန် အသေးစိတ်အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများကဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

          ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ဒု-ခရိုင်ဦးစီးမှူးနှင့် ဆိပ်ဖြူမြို့နယ်မှ ဦးစီးအရာရှိတို့ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးဆီအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရှိ စတိုးဆိုင်များတွင် (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်ရှိ ကုန်စုံဆိုင်တွင်(၁)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ကုန်စုံဆိုင်များတွင်(၁)ကြိမ်နှင့် ပခုက္ကူမြို့၊ ကျောင်းမုန့်ဈေးတန်းတွင် အသင့်စားမုန့်အမျိုးမျိုးအား စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်၊ စုစုပေါင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၄)ကြိမ်၊ ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမည့် အာလူးကြော်နှင့် ကိတ်မုန့်လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ (၁) ကြိမ်၊ ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် ဆေးဝါးနှင့် စက်သုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် ကွင်းဆင်းခဲ့ကြပြီးဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထို့ပြင် ပခုက္ကူခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်များပေးအပ်ခြင်းနှင့် MSME ဒေသထွက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံထားသည့်လုပ်ငန်းရှင်များထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံတင်ခြင်း   ဆိုင်ရာအကြောင်းအရာများနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရန် တို့ကို အသိပညာပေးခြင်း၊  ဆိပ်ဖြူမြို့နယ်မှ မိဘပြည်သူများအား အွန်လိုင်းမှတ်ပုံရန်    အသိပညာပေးခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့မှ အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးလျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

          ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆ ရက်နေ့၊ (၁၆း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(၁၃)၊ နီလာလမ်း၊ ဇေယျာသီရိ(၁)ရပ်၊ မြိတ်မြို့ရှိ Paradise Myeik Online Store အဝတ်အထည်၊ လူသုံး ကုန်ပစ္စည်းအမျိုးမျိုးရောင်းချသည့်လုပ်ငန်းမှ အွန်လိုင်းရောင်းချခွင့်လိုင်စင် သက်တမ်းတိုးလျှောက် ထားလာမှုနှင့်စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/ မရှိနှင့် အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/ မရှိအား DOCA Application ပါ အချက်(၁၈) ချက်အား အခြေံ၍စစ်ဆေးဆောင်ရွက်ခဲ့ကာ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆  ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်း‌ကျောင်း၌ ဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေးဦးစားပေး” ဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သော အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့်ပြေစာ (သို့မဟုတ်) အထောက်အထားရယူခွင့်၊ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့် စသည့်စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ အွန်လိုင်းရောင်းချမှုများနှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘားအံမြို့ရှိ ဆိုင်ဆန်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

 

          ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ခြင်းအလို့ငှာ သိုလှောင်းထားခြင်း မရှိစေရေး နှင့် စားသုံးသူပြည်သူများ အနေဖြင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ဆန်ဝယ်ယူစားသုံးနိုင်ရေး အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဆန် ကုန်သည် များ အသင်း တို့ပါဝင်သော အဖွဲ့သည် ၇-၇-၂၀၂၆ ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်တွင် ဘားအံမြို့ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ဆန်အရောင်းဆိုင်များ၏ ဆန်ဝယ်ယူမှုအထောက်အထားပြေစာများ၊ ဒေသအရောက်အရင်းဈေးနှုန်းအပေါ် အမြတ်တင်ရောင်းချမှု ရာခိုင်နှုန်း ၊  နေ့စဉ်ဆန်ရောင်းချနိုင်မှု ဝယ်လိုအားနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို စစ်ဆေးခဲ့ကြသည်။  ဆန်ဆိုင်များအနေဖြင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် အရည်အသွေး၊ အချိန် အတွယ်၊ ဈေးနှုန်းမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ