Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ဈေးတွင်းရှိလက်လီ/လက်ကား ရောင်းချနေသောဦးသန်းဆွေဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၃၀) အချိန်တွင် ဝါးခယ်မမြို့နယ် ဈေးတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးသန်းဆွေဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဦးသန်းဆွေဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦး တို့သည် (၂၁.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၆၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် ဒေါ်နီလာဦး၊ ဦးစီးမှူးက ဌာန၏ဖွဲ့စည်းပုံ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်းဒေသကြီး/ပြည်နယ်များရှိ Consumer Information Complaint Center (CICC)များနှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Wesite ဖြစ်သော www.gov.mm ထဲသို့ ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိလက်လီ/လက်ကား ရောင်းချနေသောကြည်ကြည်ဦးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀) အချိန်တွင် အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လက်လီ/လက်ကားရောင်းချနေသောကြည်ကြည်ဦးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ရှိ လက်လီ/လက်ကား ရောင်းချနေသော ကြည်ကြည်ဦးဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မျတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးရှိလက်လီ/လက်ကား ရောင်းချနေသောမြပုလဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၉.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ကြီးဈေးရှိ လက်လီ/လက်ကားရောင်းချနေသောမြပုလဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော မြပုလဲဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင်အလှကုန်နှင့်လူသုံးကုန်ပစ္စည်းရောင်းချသူလုပ်ငန်းရှင်များအား  online Saleနှင့် ပတ်သက် သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည်(၁၉.၈.၂၀၂၅)ရက်နေ့၊နံနက်(၁၁;၃၀)အချိန်တွင် လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အလှကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းချသူလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အလှကုန်နှင့်လူသုံးကုန် ပစ္စည်းရောင်းချသူလုပ်ငန်းရှင်များ အား မိတ်ဆက်စကားပြောကြားပြီး   online Shopping မှတ်ပုံတင် လျှောက်ထား ရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg. gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၂၀)ဦး တက်ရောက် ခဲ့ပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များတွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ အား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် စားသုံးဆီများရောင်းချလျက်ရှိသော စျေးဆိုင်များအား သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၁၈-၈-၂၀၂၅ နံနက် (၁၁) နာရီက ဌာနဆိုင်ရာများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

    အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက် များနှင့် စျေးများရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်း စျေးနှုန်းဖြင့်ရောင်းချရန်၊ အခြားစားသောက်ကုန်ပစ္စည်းများဖြင့် တွဲဖက်၍ ရောင်းချခြင်းမပြုရန်၊ အမှတ်တံဆိပ်ပါ ရောင်းချသည့် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီနှင့် ဟင်းသီးဟင်းရွက်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့် ကုန်ပစ္စည်းများ၊ စားသံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားများ ပါဝင်သော ကုန်စည်ကို ရောင်းချရန်​စသည့် လုပ်ငန်းများကို ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

 

    ဓနုဖြူမြို့နယ်တွင်ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများ စားသုံးဆီများ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းက မြို့ပေါ်ရပ်ကွက်၊ စျေးများရှိ စားသုံးဆီ အရောင်း ဆိုင် (၂၄) ဆိုင်တွင် စားအုန်းဆီများကို ပြည်သူများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ (၁၈-၈-၂၀၂၅) နေ့နံနက်ပိုင်းက ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စစ်ဆေးမှုတွင် ဦးအောင်ဇော်ဦး ဦးစီးအရာရှိက မအူပင်၊ မင်္လာဈေး၊ မြို့မဈေး၊ ၃လမ်းဈေးနှင့် ၉ရပ်ကွက်ဈေးများမှ စားအုန်းဆီရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီကိုယ်စားလှယ်ထံမှ လက်ကားဈေး ဖြင့်ဝယ်ယူကာ ၂ ရာခိုင်နူန်းအမြတ်ဖြင့် မိမိတို့တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင်စု စာအုပ်ဖြင့်  ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ဈေးအတွင်း ရပ်ကွက်နေပြည်သူများ အတွက်လည်း နေ့စဉ် ဈေးနှုန်းဖော်ပြ၍ ရောင်းချပိဿာနှင့်အတူ မြင်သာသောနေရာတွင် ရောင်းချနေကြောင်း တွေ့ရှိရသည်။  ဆိုင်ရှင်များကို ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းမပြုရန် စားအုန်းဆီလက်လီ လက်ကား အရောင်းဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များအား ဆွေးနွေးခဲ့ပြီး  ကျေးရွာနေပြည်သူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

    အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူ‌‌ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဒေသတွင်း စက်မှုလုပ်ငန်းသုံး လုပ်ငန်းရှင်များတွင် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ၁၈-၈-၂၀၂၅ ရက်၊ နေ့ နံနက် ၁၀:၃၀ အချိန်တွင် မအူပင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဈေးခန်းမတွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်သော စားသောက်ကုန်နှင့် လူသုံးကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟော ပြောခဲ့ ကြောင်း သိရှိရသည်။

       ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အကြောင်းကို ရှင်းလင်းခြင်း၊ စီးပွားရေးလုပ်ငန်းရှင် အကြောင်းကိုရှင်းလင်းခြင်း၊ ဥပဒေ အခန်း(၁၁)မှ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်းများ၊ အခန်း(၁၅)မှ ကုန်စည်နှင့် ဝန်ဆောင်မှု လုံခြုံစိတ်ချရမှု စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အချက်များကိုရှင်းလင်းခြင်း၊ ကုန်စည် နှင့် ဝန်ဆောင်မှုအပေါ် စီးပွားရေးလုပ်ငန်းရှင် တာဝန်ရှိမှုဖြစ်သော စားသုံးဝယ်ယူအသုံးပြုမှုကြောင့် ဆုံးရှုံနစ်နာမှု ရှိလာပါက တာဝန်ရှိသူအကြောင်း ကိုလည်းကောင်း ရှင်းလင်းခြင်း၊ ဒေသတွင်း ကုန်စည်များထုတ်သူအနေဖြင့် အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီသိသာထင်ရှားစွဦ ဖော်ပြရမည့် အချက်များအကြောင်းကို ရှင်းလင်းခြင်း၊ မိမိတို့ထုတ်လုပ်သော ကုန်စည်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျ် သုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးဆိုင်ရာ အာမခံချက်များ ဖော်ပြရမည်ဖြစ်ကြောင်း၊ မိမိကုန်စည်ကြောင့် ထိခိုက်နစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အတွက် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး ဦးစားပေးထုတ်လုပ်ကြရန်၊ သက်ဆိုင်ရာဌာနတို့၏ ညွန်ကြားများအတိုင်း လိုက်နာ ဆောင် ရွက်ပြီး ထုတ်လုပ်နိုင်ရန်ကို အသိပညာပေးရှင်းလင်းခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသော လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး လုပ်ငန်းရှင် ၂၅ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ၁၇-၈-၂၀၂၅ ရက်၊ နေ့ နံနက် ၁၀:၀၀ ချောင်းကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟော ပြောခဲ့ ကြောင်း သိရှိရသည်။

      အဆိုပါဟောပြောပွဲတွင်  ဦးအောင်လွင် ဦးစီးအရာရှိကဟောပြောခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်။ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်းကို လည်းကောင်း၊  စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ် နှင့် ဆက်စပ်သော စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်၊ ဝန်ဆောင်မှုများ အကြောင်းကို လည်းကောင်း၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ဒေသတွင်း ထုတ်လုပ်ရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသော ကုန်စည်များကို စနစ်တကျထုတ်လုပ် သောကုန်စည်များကို ရွေးချယ်ဝယ်ယူ သုံးစွဲတတ် စေရန် ကုန်အညွှန်းအမှတ်အသား ကြည်ရှု့ခြင်းနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန်အချက်များကို ရှင်းလင်း ဟောပြောပြီး ဟောပြောပွဲတွင် မြန်မာနိုင်ငံအရန်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်ဟောပြောခဲ့ကြပြီး ဟောပြောပွဲတက်ရောက်သူ ဆရာ၊ ဆရာမ ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခြင်း

      ၁၈-၈-၂၀၂၅ရက်နေ့ နံနက် (၉)နာရီအချိန်တွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဆိုက‌ရေးတီးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိင်ရေး လုပ်ငန်းညှိနိူင်း အစည်းအဝေးသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်မှူးက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ရှင်းလင်းတင်ပြ၍ မအူပင်ခရိုင်အဆင့်ပြိုင်ပွဲ ယခင်နှစ် ဆောင်ရွက်မှုအခြေအနေနှင့် ယခုနှစ်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

    ဆက်လက်၍ ဂီတပညာရှင်များက က ဆို၊ က၊ ရေး၊ တီး ပညာရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် ပြိုင်ပွဲဝင်များ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

    ဆက်လက်၍ မအူပင်ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေးဆပ် ကော်မတီများ၊ ဒိုင်အဖွဲ့နှင့် သဘင်ပညာရှင် အဖွဲ့များက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်အကြံပြုပြောကြားပြီး (၂၆) ကြိမ်မြောက်  ဆို၊ က၊ ရေး၊ တီး မအူပင် ခရိုင်အဆင့်ပြိုင်ပွဲအောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာကျင်းပခဲ့သည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ