Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်းမြို့နယ် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ  ဒေါ်ချိုမီဇင် ဓူဦးစီးမှူးသည် (၁၈.၂.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အတွင်း ဆန်ဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ဒေသထွက် ဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ဆန်ဈေးနှုန်းတည်ငြိမ်မှုရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်း၊  ဆန်အမျိုးအစားအလိုက် ဈေးကွက်အတွင်းရောင်းချနေမှု ဈေးနှုန်းများကို သိရှိနိုင်ရန် သတ်မှတ်ရည်ညွှန်းဈေးကော်လွန်ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန် အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် ဆန်လက်ကျန် အခြေအနေ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဆန်ဆိုင်များမှာ ဆန်အိတ်လက်ကျန်စာရင်းများကို ကောက်ခံ၍ Myro တွင် ဖြည့်သွင်းဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှုရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုန့်မျိုးစုံရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးသည် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင် ညောင်တုန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ ညောင်တုန်းမြို့ပေါ်ရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မုန့်မျိုးစုံကို စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက မုန့်ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင် သည့်အခွင့်အရေးအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်က ပုဒ်မ ၂၃ အရ စားသုံးသူအပေါ် အာမခံချက်ပေးထားပြီး ရောင်းချသည့် ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူသည် တောင်းဆိုနိုင်သည့် အခွင့်အ‌ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်ရှိ နီဟွန်းအမှတ်တံဆိပ်အချိုရည် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ မတ်လ(၄)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ နီဟွန်းအမှတ်တံဆိပ်အချိုရည်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိစေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ် ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အကြောင်း၊ ထုတ်ကုန်များတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏အမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာ၊ ထုတ်လုပ်သည့်နေရာ သို့မဟုတ် ပြည်ပမှ ကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုပ်ပိုးသည့်နေရာ၊ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ ပမာဏ၊ ပါဝင်မှု အချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင် သတိပေးချက်၊သက်ဆိုင်ရာ အစိုးရ ဌာနများက ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

ညောင်တုန်းမြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

          (၁၈.၂.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  တွင် ကျင်းပပြုလုပ်သော လူငယ်အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ချိုမီဇင်မှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား ဟောပြောဆွေးနွေးပါသည်။      

         ဟောပြောဆွေးနွေးရာတွင် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၊ ဌာနဆိုင်ရာ အစည်းအဝေးခန်းမများတွင် ပုံမှန်ကျင်းပလျက်ရှိပြီး စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရသော ကုန်စည်များရရှိစေရန်၊ အခွင့်အရေးများသိရှိစေရန်၊ ကုန်အညွှန်းအမှတ်အသားများ ကြည့်ရှု ရွေးချယ်တက်စေရန်နှင့် စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အဓိက ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် ဝတ္တရားများ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ နစ်နာဆုံးရှုံးမှုများရှိလာပါက Consumer Call Center 1535 သို့ ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ(၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊  ချင်းတွင်းခန်းမ၌  ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြိုအထိမ်းအမှတ်အခမ်းအနားကျင်းပ

          (၅.၃.၂၀၂၆)ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံး၊  ချင်းတွင်းခန်းမ၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြို အထိမ်းအမှတ် အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

                   အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကော်မတီ၏ဆောင်ရွက်မှုများရှင်းလင်းခြင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ် ရေးဆောင်ရွက်မှုများကို   ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၅၁)ဦး တက်ရောက်ခဲ့ကြ ပါသည်။

            ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက " ဦးစားပေးမူ စားသုံးသူ" သီချင်း၊ “စောင့်ရှောက် ဝိုင်းကူ စားသုံးသူ " သီချင်းတို့ဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ဥာဏ်စမ်းပဟေဠိ‌မေးခွန်းများ မေးမြန်းခြင်းနှင့် ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြခန်းငယ်()ခန်း၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ပြခန်းငယ်()ခန်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြခန်းငယ်()ခန်းတို့ဖြင့် ခင်းကျင်းပြသခြင်း၊ စားသုံးသူအခွင့်အရေး ဗီနိုင်းပိုစတာများ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ နှစ်အလိုက်ဆောင်ပုဒ် ဗီနိုင်းပိုစတာ များ ချိတ်ဆွဲခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ နှစ်အလိုက်လုပ်ငန်း ဆောင်ရွက်မှုစာအုပ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ NewsLetter၊ ကော်မတီလက်စွဲ စာအုပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ စာအုပ်စာစောင်များ၊ အသိပညာပေးလက်ကမ်း စာစောင်များ ကို ခင်းကျင်းပြသခဲ့ပြီး  အခမ်းအနားတက်ရောက်လာကြသူများမှ စိတ်ဝင်တစားလေ့လာကြည့်ရှုကြပြီး ၎င်းတို့သိလိုသမျှ မေးမြန်းမှုများကို သက်ဆိုင်ရာ ပြခန်း တာဝန်ခံများက ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၂း၀၀)နာရီတွင် အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ ဆရာအတတ်သင် သင်တန်းကျောင်း၌ စားသုံးသူရေးရာဥပဒေအကြောင်း သိကောင်းစရာများဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူကာကွယ်ပေး ရေးအသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို မတ်လ ၄ ရက် နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ဆရာအတတ်သင် သင်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

                 အဆိုပါ သင်တန်းတွင် မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေအ ကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၉။ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခုပါဝင် ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို၂၀၂၂ခုနှစ် ၊ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပုဒ်မ(၁၉)နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာ ကွယ် ရေးဥပဒေအခန်း(၁၈)ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်အမှတ်အသား ဖော်ပြခြင်းစပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြမည့် အချက်(၈)ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြား ဘာသာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံး သူကာကွယ်ရေးဥပဒေသည် စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင်ဖြစ်စေ၊ Call Center နံပါတ် 1535တို့ဖြင့်  ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်းနှင့်  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၉.၂.၂၀၂၆)ရက်နေ့မွန်းတည့်(၁၂း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ဆန်စက်ပိုင်ရှင်များအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချပေးကြရန်၊ မြန်မာ့ဆန်စပါး  (MYRO)တွင် ဆန်စပါးသိုလှောင်ရုံများ Online မှ မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ခြင်း  ဆောင်ရွက်ကြရန် သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ခြင်းတို့ကို အသိညာပေးရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်၊ ဆွေးနွေးဟောပြောပွဲသို့ ဆန်စက်လုပ်ငန်းရှင်(၁၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြို့မဈေးရှိ မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပူးပေါင်း၍ (၁၉.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြို့မဈေးရှိ မုန့်မျိုးစုံဆိုင်များ တွင် ရောင်းချနေသော အချိုရည်ဘူး များနှင့်မုန့်ထုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ မြို့မဈေးရှိ မုန့်မျိုးစုံဆိုင်(၄)ဆိုင်တွင် ရောင်းချနေသောအချိုရည်ဘူးများနှင့်မုန့်ထုပ်များပေါ်တွင်ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအားစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒ၂၀၁ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ၊ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“အွန်လိုင်းစနစ်ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာ Talk Show ကျင်းပပြုလုပ်

             စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် တာဝန်ခံ ဒေါ်ခင်မာချို သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၊ နေ့လယ်(၁၃:၀၀) နာရီတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Center) ခန်းမ၌ အွန်လိုင်းစနစ် ရောင်းချခြင်း (Online Sale) လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြပါသည်။

                စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံ ဒေါ်ခင်မာချိုက အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုကို Online ဖြင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေကြသူ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင် ရမှာဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်လိုသူများအနေဖြင့့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံများတွင် ဖြည့်သွင်းပြီး အွန်လိုင်းစနစ်နှင့် ဦးစီးဌာနသို့ လျှောက်ထားရ မည်ဖြစ် ကြောင်း၊ Online မှတ်ပုံတင်လျှောက်ထားရာတွင် အမျိုးအစား (၂) မျိုးရှိပြီး မှတ်ပုံတင်လျှောက်ထား လျှင်ပေးသွင်းရမည် မှတ်ပုံတင်ကြေးများ၊ သက်တမ်းတိုးကြေးများ၊ ပြင်ဆင်ချက် တစ်ချက်ပြင်ဆင် လိုလျှင် သတ်မှတ်ထားသည့်ပြင်ဆင်ကြေးများအကြောင်း၊ မှတ်ပုံတင်လက်မှတ် ရရှိပြီး ရောင်းချသူ များအနေဖြင့် ရရှိနိုင်သည့်အခွင့်အရေးများအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊  အိမ်မဲကြီးရပ်ကွက်ရှိ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၈.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် အိမ်မဲမြို့၊ အိမ်မဲကြီးရပ်ကွက်ရှိ စတိုးဆိုင်များအား ရွှေပြည်နန်းမိတ်ကပ်ဘူးများနှင့် Bellaမိတ်ကပ်ဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အိမ်မဲမြို့၊ အိမ်မဲကြီးရပ်ကွက်ရှိ  စတိုးဆိုင်များတွင် ရောင်းချနေသော ရွှေပြည်နန်းမိတ်ကပ်ဘူးများနှင့် Bellaမိတ်ကပ်ဘူးများတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်   စပ်လျဉ်း၍      မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို    ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှ  င့်(ဆ)တို့ပါကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍   တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ