Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်ကြီးမြို့ပေါ်ရှိ စားသုံးဆီရောင်းချနေသော လက်လီအရောင်းဆိုင်များ အမှန်တကယ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ  ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြား ရေးမှူး)နှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်()ဆိုင်အား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသော နေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် လက်လီဈေးများ အတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေး ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားရှိခြင်း၊ ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိအောင် ရောင်းချပေးရန်နှင့် မမှန်မကန် ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

ပင်လုံမြို့မဈေးရှိဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (၁၈.၈.၂၀၂၅) ရက်နေ့၊ နံနက် (1၁:၀၀) အချိန်တွင် ပင်လုံမြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကား ရောင်းချနေသော ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပင်လုံမြို့မဈေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကိုသိုလှောင်ခြင်းမပြု ရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင်ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ်ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်းတည်ငြိမ်ပြီး ပုံမှန်လည်ပတ်၍ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။ 

DOCA(ရှမ်း)

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

        (၁၉.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် အတူ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ  စားအုန်းဆီလက်လီ အရောင်းဆိုင်များ အမှတ်(၈၂၅)၊ ခင်ဦးလမ်း၊ (၈၉)ရပ်ကွက်အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းများကိုရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိ၊ စျေးနှုန်းမှန်ကန်မှုရှိ/ မရှိ၊ အရေအတွက်မှန်ကန်မှုရှိ/ မရှိ၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်းလက် ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၅၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

   ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

    ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၅၂၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။      

      ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

    စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀;၀၀)နာရီ အချိန်တွင် ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆင်းပွဲအခမ်းအနားသို့ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း()ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါ သင်တန်းတွင် သင်တန်းဆရာ/မများမှ အမျိုးသမီးနှင့် ရေချွေတာ သုံးစွဲရေးအကြောင်း၊ စွန့်ပစ်ပစ္စည်းများအကြောင်းနှင့် အမှိုက်အမျိုးအစား()မျိုးခွဲခြားပြီး စွန့်ပစ်ရန် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ပြီးနောက် သင်တန်းဆန်းစစ်ချက်များဖြေဆိုခြင်း၊ တက်ရောက်သည့် ဌာနအလိုက် အမှတ်အများဆုံးရရှိသူများအား အမှတ်တရ အင်္ကျီလက်ဆောင်များ ပေးအပ်ခြင်း နှင့် ခရိုင်တာဝန်ခံမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းနှုတ်ဆက်အမှာစကားပြောကြားခြင်း နှင့် သင်တန်းဆရာ/မများနှင့် သင်တန်းသူ/သားများ အုပ်စုအလိုက် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခြင်း များ ဆောင်ရွက်ပြီး သင်တန်းဆင်းပွဲ အောင်မြင်စွာပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ၏  (၁/၂၀၂၅) လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကျင်းပ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မူဝါဒများချမှတ်နိုင်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် လိုအပ်သည့်အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးကော်မတီ (၁/၂၀၂၅) ကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် (၁၁း၀၀) နာရီတွင် ကျင်းပခဲ့ပြီး ကော်မတီအဖွဲ့ဝင် (၇) ဦးတက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေး ကော်မတီ ဥက္ကဌ၊ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကော်မတီအတွင်း ရေးမှူး တိုင်း ဒေသ ကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်းက စစ်ကိုင်းတိုင်းဒေသကြီးအတွက် လစဉ်ခွဲတမ်းရ ပြည်သူဆီ အပေါ်တွင် ခရိုင်အလိုက် ဖြန့်ဖြူးမှုအခြေအနေများ၊ လက်လီ/လက်ကား ရောင်းချမှ အခြေအနေများ၊ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်မှုများ၊ ဈေးကားများဖြင့် ရောင်းချမှု များ ကွင်းဆင်း စစ်ဆေးမှုများ၊ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးမှုများ၊ တိုင်းဒေသကြီးအတွင်းသို့ နေ့စဉ်စားအုန်းဆီရောက်ရှိမှု၊ ရောင်းချမှု၊ လက်ကျန် အခြေအနေများ၊ အိမ်ထောင်စုများအား ဆီဝယ်စာအုပ်စနစ်ဖြင့် ရောင်းချနိုင်မှု အခြေအနေများ၊ On Call စာရင်းရရှိမှု၊ ရောင်းချမှု၊ လက်ကျန်အခြေအနေများ၊ စက်မှုလုပ်ငန်း သုံးစားအုန်းဆီ အဆိုပြုမှု၊ ဖြန့်ဖြူးမှုအခြေ အနေများအား အမှာစာ () ရပ်ဖြင့်  ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးကို (၁၂း ၂၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။

Doca(စစ်ကိုင်း)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာ ရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့ ၂၇.၈.၂၀၂၅ ရက်နေ့တွင် MT RM-2 သင်္ဘောဖြင့် GGM ဆီကန်သို့  2050 MT ၊  Htoo ဆီကန်သို့ 1900 MT၊HTT ဆီကန်သို့ 1050 MT စုစုပေါင်းတန်ချိန်(5000) ဝင်ရောက်လျှက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ်အသိပညာပေးမှု ဆောင်ရွက်ချက်များ

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင် ၍ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  ဒဂုံမြို့နယ် ပန်တျာအခွန်လွတ်ဈေး အတွင်းရှိ ဒေါ်လှလှရီ(ဆီဆိုင်) နှင့် ဒေါ်ဇာနည်ကျော် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၂၇.၈.၂၀၂၅ ရက်နေ့ တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား  ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

   ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၂၈.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက် ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ဝါးတန်းဆိပ်ကမ်းနှင့် ဗားကရာဆိပ်ကမ်းအား အကောက်ခွန် ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင် ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း ၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါးဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီနီတိုး (စာရင်းကိုင်-၃ ) သည်(၂၈.၈.၂၀၂၅)ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါးဈေး နှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဇွန်တောင်ဈေးအတွင်းရှိ အသား/ငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်တစ်ပိဿာ (၂၁၀၀၀) ကျပ်၊ မြန်မာကြက်တစ်ပိဿာ (၃၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၄၀၀၀)ကျပ်၊ ဘဲသား တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၄၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ‌ရေချိုငါးခူတစ်ပိဿာ (၃၅၀၀၀) ကျပ်၊ မွေးမြူရေး ငါးခူတစ်ပိဿာ (၂၇၀၀၀) ကျပ်၊ ပုဇွန်ထုပ် (ကြီး)တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ပုဇွန်ထုပ်(လတ်) တစ်ပိဿာ (၅၀၀၀၀) ကျပ်၊ ပုဇွန်ကျော့ တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ ပင်လယ်ငါးတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငါးရံ့တစ်ပိဿာ( ၃၅၀၀၀ )ကျပ်၊ ငါးကျည်းတစ်ပိဿာ (၃၈၀၀၀) ကျပ် ၊ ရေချို ငါးသလောက်တစ်ပိဿာ (၃၅၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (ကြီး)တစ်ပိဿာ (၁၅၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်) တစ်ပိဿာ (၁၂၀၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (သေး) တစ်ပိဿာ (၁၀၀၀၀၀) ကျပ် ၊ ငါးရံ့ခြောက်တစ်ပိဿာ (၉၀၀၀၀) ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာ (၉၅၀၀၀) ကျပ်၊ ငါးပိကောင်တစ်ပိဿာ (၂၅၀၀၀၀) ကျပ် ၊ အာဗြဲခြောက်တစ်ပိဿာ (၄၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အသား/ငါးများမှာ အလုပ်သမားရှားပါး၍ သယ်ယူစရိတ်ကြီးမြင့် ခြင်းတို့ကြောင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်တက်လာကြောင်း  စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ