Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင်  တရားမဝင်လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး နှင့်ဝန်ထမ်းများသည် ဧရာဝတီတိုင်းဒေသကြီး၊ FDA နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီ အဖွဲ့များနှင့်ပူးပေါင်း၍  (၂၄.၁၁.၂၀၂၅)ရက်နေ့  နံနက်(၀၉:၃၀)နာရီက ဝါးခယ်မမြို့နယ် မြို့ပေါ်ရှိ ဆေးဆိုင်များအား သွားရောက်စစ်ဆေးခဲ့ပါသည်။

            ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင်များမှဆိုင်ရှင်များအား တရားမဝင် တင်သွင်းလာသော ဆေးများ၊ သက်တမ်းလွန်ဆေးဝါး၊ ဆေးဝါးအတု၊ စပ်ဆေးများ၊ သုံးစွဲရန်မသင့်သောဆေး ဝါးများအားရောင်းချခြင်းမပြုကြရန် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်း မပြုကြရန် အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျုံးမငေးမြို့၊ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စက်သုံးဆီစစ်ဆေးကြီးကြပ်ရေးကော်မတီအဖွဲ့ဖြင့် (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီက ဝါးခယ်မမြို့နယ် ကျုံးမငေးမြို့၊ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင် ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင်   မြို့နယ်တာဝန်ခံမှ စက်သုံးဆီတင်သွင်းရောင်းချဖြန့် ဖြူးနေသည့် လုပ်ငန်းရှင်များအား စက်သုံးဆီ၊ ချောဆီများ မြို့နယ်အလိုက်စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့် လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်း၊ ဖြန့်ဖြူးရောင်းချနေခြင်း စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPRD မှ နေ့စဉ် ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးထက်ပိုမိုရောင်းချခြင်းရှိ/မရှိနှင့် ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး စက်သုံးဆီများကို သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုပဲ အချိန်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီလုပ်ငန်းရှင်များသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်၊  ဘူးသွတ်ဆီများကုန် အညွှန်းအမှတ်အသား၊ FDA ထောက်ခံချက်မပါဝင်သော ဘူးသွတ်ဆီများ ဈေးအတွင်း ရောင်းချခြင်းမပြုကြရန် စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍  ပြဌာန်းချက်များအား အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံး နိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား  online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည်(၂၄.၁၁.၂၀၂၅)ရက်နေ့၊ညနေ(၁၅:၀၀)အချိန်တွင် အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက် စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည် ဆိုင်လိပ်စာ မှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၇)ဦး တက်ရောက်ခဲ့ပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်အတွင်းရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆန်လက်လီလက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက်လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင် ရှိ လက်လီ/ လက္ကားရောင်းချနေသော ဆန်ဆိုင်များအား ပူးပေါင်း အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မှ တာဝန်ရှိသူများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ညောင်ပင်ကြီးဈေးရှိ လက်လီလက္ကား ရောင်းချနေသော ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူ ရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)

အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၂၄-၁၁-၂၀၂၅) ရက်နေ့ နေ့လယ် (၁၄၀း၀)နာရီအချိန်က မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြသည်။

        အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများရောင်းချသော ပန်းစံအရောင်းဆိုင်၊ သမာဓိအရောင်းဆိုင်မှရောင်းချသော အိမ်ဆောင်ပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် ပန်းတနော်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံးသံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ဒေသတွင်း ကျောက်၊ သဲရောင်းချမှု ဈေးနှုန်းအခြေအနေများ၊ ဘိလပ်မြေမှာယူရောင်းချမှုနှင့် အခက်အခဲ ရှိ/မရှိ၊ ဈေးကွက်အတွင် ပစ္စည်း ပြတ်လပ်မှုရှိ/မရှိ ဆိုင်အတွင်း ဘိလပ်မြေလက်ကျန်အခြေအနေများကို ကြည်ရှုမေးမြန်းပြီး ၊ ဘိလပ်မြေအမျိုးအစား ဈေးနှုန်း လက်ကားဝယ်ယူနေမှု လက်လီရောင်းချမှု အခြေအနေများကို မေးမြန်းစစ်ဆေးပြီး စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့၌ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင် ဆေးဝါးများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိဆေးအရောင်းဆိုင်များတွင် စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့မစျေးရှိ ဆေးဝါး အရောင်းဆိုင်များအား သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
         အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲ ရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် များဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် စျေးများတွင် ရောင်းချလျက်ရှိသော ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်အား ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိ၊ မရှိ စစ်ဆေးခြင်း၊ စံမညီ ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများ၊ တရားမဝင် ဆေးဝါးအတုများနှင့် စပ်ဆေးများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုက်နာရမည့် အချက်များကို ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

(Docaဧရာဝတီ)

ဘုရားကလေးကွင်းကျေးရွာရှိ"အောင်ချမ်းသာ” ဆန်စက်သို့ သွားရောက်ကွင်းဆင်းစစ်ဆေး ခြင်း

       ဖျာပုံခရိုင်၊     ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့ သည် ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဒေးဒရဲမြို့ရှိ ဆန်စက်များသို့ သွားရောက်၍    ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
      ထိုသို့ကွင်းဆင်းရာတွင် ဆန်ထုတ်လုပ်မှုနှင့်ပတ်သက်၍    ဆန်စပါးအရည်အသွေးပြည့်မီစေ
ရေး၊  အချင်အတွယ်များ ပြည့်မီမှန်ကန်မှု ရှိ / မရှိ၊    ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ /မရှိ၊  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး၊   ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် SMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊    စက်ကိရိယာနှင့် ပတ်သက်၍  နည်းစနစ်သစ်များ၊တပ်ဆင်မှုများခေတ်မီဖွံ့ဖြိုးတိုးတက်မှသာ   ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ခြင်း၊ ထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်မှသာ အလုပ်သမား မိသားစုများအတွက် စား၀တ်နေရေးပြေလည်စေနိုင်ခြင်း စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Docaဧရာဝတီ)

 

ဘိုကလေးမြို့နယ်(၅)ရပ်ကွက်ကမ်းနားလမ်းရှိမိုးပျံ(သုံးဒေါင့်)မုန့်လုပ်ငန်းသို့MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

    စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့မ(၅)ရပ်ကွက်ရှိ မိုးပျံ(သုံးဒေါင့်)မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          မိုးပျံ သုံးဒေါင့်မုန့်လုပ်ငန်းမှ ထွက်ရှိသောကုန်စည်၏ ပါဝင်ပစ္စည်းများမှာ(သကြား၊ဂျုံ၊ဘဲဉ၊ ဆီ၊ရေသန့်)ဖြစ်ပြီး တစ်နေ့ထုတ်လုပ်မှုမှာဘူး(၁၀၀)ဘူးထုတ်လုပ်နိုင်ပြီး မုန့်တစ်ဘူးလျှင်လက်လီ (၃၀၀၀) ကျပ်နှင့်လက်က္ကား(၂၇၀၀) ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ လုပ်သားဦးရေမှာ မိသား စုဝင်(၄)ဦးဖြင့် တပိုင်တနိုင် လုပ်ကိုင်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်းသာရောင်း ချလျက်ရှိပါသည်။

          ထို့နောက်ကုန်စည်အရည်အသွေး ပြည့်ဝစွာထုတ်လုပ်နိုင်ရေး၊ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေးအတွက် ဆွေးနွေးမှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ