Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သန်လျင်မြို့နယ်ထမလုံဈေးအတွင်းရှိစားသုံးဆီလက်လီလက်ကားရောင်းချသည့်ကိုယ်စား လှယ်များအား တွေ့ဆုံဆွေးနွေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထမလုံဈေးအတွင်း စားသုံးဆီ ခွဲတမ်းရရှိသည့် လက်လီလက်ကား ကိုယ်စားလှယ်များအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ ခွဲတမ်းရရှိသည့် စားသုံးဆီများအား အိမ်ထောင်စုအလိုက် အလေးချိန်မှန်၊ ဈေးနှုန်းမှန်မှန်ကန်ကန်နှင့် ပြည့်ပြည့် ဝဝရောင်းချနိုင်ရေးအတွက် ဩဂုတ်လ(၂၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး က တက်ရောက်လာသည့် စားသုံးဆီ ခွဲတမ်းရရှိသည့် ကိုယ်စားလှယ် (၃၅)ဦး တက်ရောက်ပြီး စားသုံးဆီများအား ရောင်းချရာတွင် စားသုံးသူပြည်သူများ လက်ဝယ်သို့ အိမ်ထောင်စုစာရင်း အလိုက် အလေးချိန်မှန်မှန်နှင့် ပြည့်ပြည့်ဝဝ ရောင်းချရန်၊ ရောင်းချရာတွင်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာလျက်ရှိသည့် အခြေခံလက်ကားရည်ညွှန်းဈေးအပေါ် ဒေသအရောက် အမြတ် (၂%)ထက်မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သန်လျင်မြို့နယ်အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား အသိပညာပေး ဆွေးနွေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သန်လျင်မြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား ဩဂုတ်(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သန်လျင်ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

  ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သန်လျင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် သန်လျင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်း အတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များဖြစ်၍ Online Sale စနစ်ဖြင့် ရောင်းချ သည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)နှင့် စပ်လျဉ်း၍ Online Sale & Reg ပြုလုပ်၍ မှတ်ပုံတင်ရောင်းချပါက ခိုင်မာမှုရှိ၍ စားသုံးသူများအနေဖြင့် ယုံကြည်စိတ်ချရမှု ရရှိ လာပြီး လုပ်ငန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းခြင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် ကုန် အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန် အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအား ecomreg System အသုံးပြုသူ Member များအနေဖြင့် ecomreg Website အား ဝင်ရောက်ရာတွင် အချက်အလက်များ ပိုမိုလုံခြုံစိတ်ချရမှုရှိစေရန်အတွက် Two Factor Authentication (2FA)တွင် ထည့်သွင်းဆောင်ရွက်ထားပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သန်လျင်မြို့အတွင်း တစ်ပိုင်တစ်နိုင် ထုတ်ကုန်ထုတ်လုပ်သူ စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများနှင့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် ဩဂုတ်(၂၆)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန် တွင် သန်လျင်မြို့နယ်ရှိ အမှတ်(၁)၊ အဓိပတိလမ်း (၂)ရပ်ကွက်ရှိ မုန့်ဟင်းခါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာ ဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ဖော်ပြရမည့် အချက်အလက် အကြောင်းများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ မုန့်ဟင်းခါးဟင်းရည်ခြောက် ထုတ်လုပ်ရာတွင် ကုန်စည်အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့် ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ မုန့်ဟင်းခါးဟင်းရည် ခြောက် မုန့်ဖြစ်၍ သက်တမ်းကုန်ရက်စွဲကို မဖြစ်မနေထည့်သွင်းဖော်ပြရန် မှာကြားပြီး စားသုံးသူ များသာမက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No.1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၄.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘို မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရေဦးလမ်းထွက်ရှိ ဈေးကွက်မရောက်မီကုန်စည်ဖြစ်သည့် အောင်တံခွန် အမှတ်တံဆိပ် ပေါင်မုန့်၊ ကိတ်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ ဆွေးနွေးပြီး လုပ်ငန်းရှင်အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်အမျိုးအမည်အလိုက်  ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် တံဆိပ်များကိုသာ အသုံးပြုပြီးရောင်းချရန်၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ် မေးမြန်းနိုင်သည့်အကြောင်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကန့်ဘလူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးနှင့်ပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် သင်တန်းကို(၁၉.၈.၂၀၂၅) မှ (၂၁.၈.၂၀၂၅)ရက်နေ့ အထိ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ထိုသင်တန်းသို့ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီး ဌာနမှဝန်ထမ်း(၂)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဦးစီးဌာနဖြစ်ပေါ်လာပုံ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ်တို့၏ ဖွဲ့စည်းထားရှိပုံများ၊ ဦးစီးဌာန၏ အထိမ်းအမှတ် အခမ်းအနားနေ့(၄)ခုရှိကြောင်း၊ ဝန်ကြီးဌာန/ဦးစီးဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများအသေးစိတ်ရှင်းလင်းခြင်းနှင့် သင်တန်းတွင် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။ ထိုသင်တန်းခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ၏ပတ်ဝန်ကျင်ထိန်းသိမ်းရေးကြိုပမ်းမှုများ၊ လတ်တလော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေများ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နိုင်ရန် အကြံပြုချက်များ၊ ပတ်ဝန်းကျင် ဆိုင်ရာကြုံတွေ့နေရမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရန် လိုအပ်ရခြင်းအကြောင်းရင်းများ၊ တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သန်းရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်များ ရေရှည်ထိန်းသိမ်းနိုင်ရန်တို့ကို အကျယ်တဝင့် သင်တန်းပို့ချခဲ့ပြီး သင်တန်းသူ/သား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

MyRO တွင်မှတ်ပုံတင်ထားသည့် တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးလာရောက်လျှောက်ထား

      မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေး နိုင်ရေး မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား လာ ရောက်မေးမြန်းဆောင်ရွက်လျက်ရှိရာ(၂၅.၈.၂၀၂၅)ရက်နေ့တွင် အမှတ်(၈)ရပ်ကွက်ရှိ ဆန်သိုလှောင် ပိုင်ရှင် ဒေါ်ကြူကြူခိုင် သည် ၎င်း၏သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာ ရောက်တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး က သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံ များ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင် သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် စားသုံသူကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွားကာကွယ်ရေး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ် ယူသုံးစွဲတတ်စေရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကုစားမှုများ ရယူတောင်းဆိုတတ် စေရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးတို့အတွက် အသိပညာပေး လျက်ရှိရာ မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၅.၈. ၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Commuity Center)ခန်းမ၌ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းပြီး အသိပညာပေး Talk Show အားကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း က စားသုံးသူကာ ကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုတာဖြစ်ကြောင်း၊ ဆက်လက်၍ စားသုံးသူ၏ အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှု အဓိပ္ပာယ်များ၊ နစ်နာဆုံးရှုံးမှုနှင့် ကုန်အညွှန်းအမှတ်အသားတို့၏ အဓိပ္ပာယ်များနှင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင် သည့် နေရာများနှင့်နည်းလမ်းများအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

                                                         

ကျောက်ပန်းတောင်းမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)သည် မြို့နယ်တာဝန်ခံရုံး၌ (၂၆.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်  ၁၄:၀၀ နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အင်တာနက်ဝန်ဆောင်မှု ဆက်သွယ် ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ် အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ၊ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့မှာဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ခေါ်ဆိုတာဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၆ အရ စားသုံးသူ အပေါ် အာမခံချက်ပေးထားသည့်ကာလတိုင်း ဝန်ဆောင်မှုမပေးနိုင်လျှင် သို့မဟုတ် ဝန်ဆောင်မှုပေးရန် ပျက်ကွက်လျှင် ဝန်ဆောင်မှုပေးရန်ပျက်ကွက်ခဲ့မှုကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ခဲ့လျှင် ယင်းအတွက် လျော်ကြေးပေးရန်၊ အာမခံထားသော အချိန်ကာလအတွင်း သဘောတူညီထားသော ဝန်ဆောင်မှုကို မရခဲ့လျှင် စားသုံးသူ၏ နစ်နာမှုအတွက် ကုစားခွင့်ပေးရန် စားသုံးသူမှတောင်းဆိုပိုင်ခွင့်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရ သည်။

DOCA(မန္တလေး)

 

 

ကျောက်ပန်းတောင်းမြို့ရှိ ဆေးအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် မြို့နယ်တွင်း စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချ ရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိသော ကုန်စည်များနှင့်လုံခြုံစိတ် ချရမှုမရှိသောကုန်စည်များ လျော့နည်းပပျောက်သွားစေရေးတို့ အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ် ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

            (၂၇.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်  (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့၊တမ္ပဝတီရပ်ကွက်ရှိ မိဘဂုဏ်ရည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည်  အရည် အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့်ခွင့်ပြုလိုင်စင်မရှိ သည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများမရှိစေရေး ၊ သက်ဆိုင်ရာဌာနထောက်ခံ ချက်ပါဝင် သောဆေးဝါးများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသောဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှု များတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းများနှင့်သာ ဝယ် ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့် ကြည့်စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာသုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်း မှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန စသည့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍(၂၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ရောင်းချနေသောကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များ၊ ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြပါဝင်မှုများနှင့် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြမှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည် များအား ရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် သက်တမ်လွန်ကုန်စည်များ ရောင်းချမှုများမပြုလုပ်ကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်နှင့်သုံးစွဲ ရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်၊ ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထုတ်ပြန် ချက်များ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သော ကုန်စည်များစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများ ခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တ စိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ