Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လေးမျက်နှာမြို့နယ် ဆေးဝါးများ ဒေသတွင်းပြတ်လပ်မှုနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာဌာနအဖွဲ့နှင့်ပူးပေါင်း ၍(၇.၁.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေး ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဆေးမျိုးစုံအရောင်းဆိုင်များ တွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်းတွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံ ချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူ သုံးစွဲသူများအနေဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

 “ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို  ဇန်နဝါရီလ(၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြောင်း  သိရှိရသည်။

     ထိုစာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာဉက္ကဌ ဒေါက်တာ ခင်ထက်ထက်နှင့် မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ခင်နှင်းဝေး၊ မြို့နယ်အားကစားမှူး ဦးခုတ်စွမ်းခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်ဆေးမှူး ဒေါ်လှမြတ်ထက်နှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ‌ ဒေါ်ကျော့ကေခိုင်တို့တက်ရောက်ခဲ့ကြပြီး အ.ထ.က၊ ကမာမတ်ကျေးရွာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမော်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ၊ အားကစားမှူး ၊ တိုင်းရင်းဆေးမှူးတို့က လူငယ်ရေးရာနှင့်ပတ်သက်သော အသိပညာများ သိကောင်းစရာများကိုဟောပြောခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံက စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းထားရှိမှု၊ ဉပဒေတွင်ပြဌာန်းထားသော စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းအား အသိပညာ ပေးခြင်းနှင့်ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ လိမ်လည်မှုများမခံစားရစေရေးအတွက် စိစစ်သင့်သည့်အချက်များအား ရှင်းလင်းခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများအား www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်းနှင့် စားသုံးသူများအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ရန်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ထုတ်ကုန် များတွင် ကုန်အညွှန်းအမှတ်အသားများထည့်သွင်းဖော်ပြရန်လိုအပ်သော အချက်အလက်များ အား စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူရေးရာ ဦးစီးဌာန၏ Call Center No(1535)သို့ ရုံးချိန်အတွင်း မည်သည့်ဖုန်းနှင့်မဆိုခေါ်ဆိုဆက်သွယ် နိုင်ပါကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

 

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန တို့သည် ၂၀၂ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် မြိတ်မြို့၊ မြစ်မရပ်ရှိဆေးဆိုင်များအား ဆေးစျေးနှုန်းများ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းများအားစုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်ဈေးနှုန်း ကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်ခြင်း

       (၈.၁.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တာမွေမြို့နယ်၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဗိုလ်တထောင်မြို့နယ်၊ ချမ်းမြေ့ဈေးရှိ ဆန်ဆိုင်များသို့ ဆန်ရောင်းချမှုအခြေအနေများကိုသွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြပြီး   ဆန်၊ စပါးသိုလှောင်ရုံများအနေဖြင့် ဆန်တန်ချိန် ၂၅ နှင့်အထက်သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် www.myro.com.mmတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်ရှိ ဆန်ဆိုင်များသို့  အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင် ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်စွာ ရောင်းချမှုမရှိစေရေးအတွက် (၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးရှိ ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် ဗိုလ်ကလေးဈေးအတွင်းရှိ ရောင်းချနေသော ဆန်ဆိုင်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်း ရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများကိုလည်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၈)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မူလွန်တိုက်ကြီး ဆင်ဦးကျေးရွာကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့က ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ ဟောပြောပွဲတွင် စာပေအကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနလက်အောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးဖြင့် ကုသနိုင်သည့် ရောဂါများအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကုန်စည်များဝယ်ယူခြင်းမပြုမီ ကြိုတင်သတိပြုရမည့်အချက်များ အကြောင်းတို့ကို အသီးသီးဆွေးနွေးဖော်ပြခဲ့ကြသည်။

        အဆိုပါ အသိပညာပေးဟောပြောသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ စုစုပေါင်း (၁၅၂)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြူမှ ယခုကဲ့သို့ အသိပညာပေး ဟောပြောခြင်းများအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ဈေးကွက်များအတွင်းဆပ်ပြာခဲ အမျိုးမျိုးတို့အားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလအတွင်း စစ်ဆေးရမည့် ဆပ်ပြာခဲအမျိုးမျိုးတို့အား  ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်းရောင်းချသော နွေးနွေး အလှကုန်နှင့် ကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး၊ ဒေါ်ငြိမ်းငြိမ်းသူ အလှကုန်နှင့်ကုန်မျိုးစုံဆိုင်၊ ဒေါ်မိုးစန္ဒာ ကုန်စုံဆိုင်တို့မှ NUVO (ပိုးမွှားကင်းစင်ရေချိုးဆပ်ပြာခဲ)၊ DOMI (ကြည်လင်အေးမြ ပြင်သစ်မွှေးရနံ့ဆပ်ပြာ)၊ Family Care (မိသားစုဆပ်ပြာ)၊ PARIS (ဆပ်ပြာမွှေး)၊ Life Plus (ဆပ်ပြာမွှေး)တို့တွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူများ တစ်ကိုယ်ရည်ကျန်းမာရေးအတွက် နေ့စဉ်သုံးစွဲနေရသော ဆပ်ပြာခဲအမျိုးမျိုးတို့အား ရောင်းချရာတွင် ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာ ဝယ်ယူရောင်းချကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှသာ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၅ ခုနှစ်၊ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ အခွင့်အရေးအပြည့်အဝရရှိနိုင် စေရန်၊ နစ်နာဆုံးရှုံးမှုမရှိစေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးမှုများ ဆောင်ရွက်လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ ဒီဇင်ဘာလအတွင်း အောက်ပါ အရေအတွက်အတိုင်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပါသည်-

(က)    အသိပညာပေးဟောပြောခြင်း                                       ( ၁၂၇ )ကြိမ်

( ခ)    လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း                                         ( ၂၈၃ )ကြိမ်

( ဂ)    တိုင်းစားသုံးသူရေးရာကော်မတီအစည်းအဝေး                    (  ၄  )ကြိမ်             

(ဃ)    စားသုံးသူအသိပညာပေးသင်တန်း(physical)                   ( ၃  )ကြိမ်

( င)    စားသုံးသူအသိပညာပေးသင်တန်း( Online)                     ( ၈  )ကြိမ်

( စ )   အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း                                        (  ၂  )ကြိမ်

( ဆ )  စားသုံးသူအသိပညာပေးပြခန်းပြသခြင်း                            (  ၂  )ကြိမ်

                                                                                                            

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလထိ Talk Show (၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          စားသုံးသူအခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများကို စားသုံးသူ ရေးရာဦးစီးဌာနကို အရေးဆိုတိုင်တန်းလာပါက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စားသုံးသူတိုင်ကြားမှု ( ၃ )မှုရှိပြီး တိုင်ကြားမှုအားလုံးကိုလည်း ဖြေရှင်းပေးနိုင်ပြီးဖြစ်သည်။ စားသုံးသူနစ်နာမှုများကို တိုင်ကြားတတ် လာသော အလေ့အထအားနည်းနေသေးသောကြောင့် နစ်နာမှုများကို တိုင်ကြားနိုင်ကြစေရေး အလေးထား အသိပညာပေး ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးမှ ဝန်ထမ်းများသည် မိမိဌာန၏ စားသုံးသူကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို NewsLetter သတင်းလွှာတွင် ထည့်သွင်းဖော်ပြနိုင်ရေး သတင်း၊ဆောင်းပါး များ ရေးသားပေးပို့ရာ ၂၀၂၅ ခုနှစ်အတွင်း သတင်းရေးသားပေးပို့မှုအနေဖြင့် သတင်း( ၂၅၁ )ပုဒ်၊ ဆောင်းပါး(၇ )ပုဒ် ပေးပို့ခဲ့ပါသည်။

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလထိ Commerce Journal တွင် သတင်းပါဝင်မှု အနေဖြင့် သတင်း(၁၅)ပုဒ်၊ ဆောင်းပါး(၅)ပုဒ် ရေးသားပါဝင်ခဲ့ပါသည်။

          ဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်‌ပေးရန်နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အန္တရာယ်ရှိကုန်စည်များကို ဈေးကွက်တွင် ရောင်းချမှုမရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း စည်ပင် သာယာဈေးများ၊ အရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၂၇၆)ကြိမ်၊ ကုန်ဈေးနှုန်းတည်ငြိမ်‌စေရေးအတွက် အထူးဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်း(၃၆)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် အထက်ဌာနများက အခါအားလျော်စွာ တာဝန်ပေးအပ်လာသော ကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ဌာနကတာဝန်ပေးထားသော စစ်ဆေးရေးအရာရှိမှသော်လည်းကောင်း၊ မိတ်ဖက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍သော်လည်းကောင်း စစ်ဆေးကြရပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လျာထားချက်ကျော်လွန်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့၊ မြို့သစ်ရပ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ လ(၉)ရက်နေ့၊ နံနက်(၀၉း၁၅)နာရီအချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှတာဝန်ရှိသူတို့သည် မြိတ်မြို့၊ မြို့သစ်ရပ်သို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စားလှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချ ကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ဈေးကွက်အတွင်းရှိ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၇.၁.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ City Martများ၊ ဆီအရောင်းဆိုင်များသို့ သွားရောက်၍ အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီဗူးများဖြစ်သော သူကြီးကတော်(သဘာဝမြေပဲဆီစစ်စစ်)၊ ရွှေ(မြေပဲဆီသန့်)၊ City Selection(မြေပဲဆီ)၊ ရွှေအုံ (မြေပဲဆီသန့်)၊ ဧရာဝတီ(မြေပဲဆီသန့်)နှင့် Meizan (အဆင့်မြင့်ဟင်းသီးဟင်းရွက်ဆီ) စသည့်အမှတ် တံဆိပ်များတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့် ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ