Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့သည် အယ်ဖာအမည်ဖြင့် အွန်လိုင်းမှတ်ပုံ တင်ထားသော အမှတ်(၅/၁၃၁) (၅)ခန်းတွဲလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အီလက် ထရောနစ် ပစ္စည်းရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     မြေပြင်စစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင် စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈.၈.၂၀၂၅) ရက် နေ့ နံနက်(၁၀:၄၅)အချိန်တွင် လိုလားအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၉၆/ခ)၊ ဆရာစံ(၄)လမ်း၊ (၈)ရပ်ကွက်ရှိ မော်တော် ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်း နှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီးတို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၀)၊ မင်္ဂလာ(၂)လမ်း၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA (ရန်ကုန်)

 

 

အင်းစိန်မြို့နယ်ရှိ S & S Clothing သို့ အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၈.၈.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် S & S Clothing အမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်း များရောင်းချသည့်လိပ်စာသို့ သွားရောက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၄၂၂)၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ ဒေါ်စုမွန်ကျော်အား မြေပြင်စစ်ဆေးချက်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ် မှတ်ထားသည့်အတွက် အခြားလိုအပ်ချက်များကိုလည်း အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားကျင်းပ

       (၂၇.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဉီးစီးဌာနရုံး၌ မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်း အား စုပေးအပ်ခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဥက္ကဌ ဉီးထူးကျော်၊ မြို့နယ်ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီ ဝင်များဖြစ် ကြသည့်မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ မြေစာရင်းဉီးစီးဌာန၊ မြို့နယ်သမဝါယမဉီးစီး ဌာန၊ စားသုံးသူ ရေးရာဉီးစီးဌာန၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စပါးစိုက်တောင်သူ များ စုစုပေါင်း အင်အား(၇၀)ဉီးခန့် တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဉီးထူးကျော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူး ဉီးထွေးအောင်က ဓါတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း တက်ရောက်လာကြသည့် တောင်သူများမှ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး မြို့နယ်ဓါတ် မြေဩဇာဖြန့်ဖြူးရောင်းချ ရေးကော်မတီအဖွဲ့ဝင်များမှ တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာများရောင်းချပေး အပ်ခဲ့ရာ အခမ်းအနားကို နေ့လည် (၃:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့ နယ်တာဝန်ခံရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်စားရေးတို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ “သိန်းသန်းဖြိုး”ဆီစက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင်မှ မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  မိုးမြေပဲပေါ်ချိန်နှင့် ဆောင်း မြေပဲပေါ်ချိန်၌သာ အများဆုံးလည်ပတ်ကြိတ်ခွဲရကြောင်း၊ တာဝန်ခံက လုပ်ငန်းရှင်များ အနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကြိတ်ခွဲ၍ မိမိတို့တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလိုပါက လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကန့်ဘလူခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

         စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ်လ ၂၆ ရက် မွန်းလွဲပိုင်းက ကန့်ဘလူ မြို့၊ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကန့်ဘလူခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များအတွက် သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသလို ကန့်ဘလူခရိုင်အတွင်းမှာလည်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အေးခဲအစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ် တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် တာဝန်ခံဦးမျိုးဝင်း သန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ  ကုန်စုံဆိုင်များတွင် အေးခဲအစားအစာများ ရောင်းချ ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားများ သတ်မှတ်ကာ လစဉ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိစိစစ်ရောင်းချရန်၊ တရားမဝင်ကုန်စည်များနှင့် သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု တို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင် တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆို မေးမြန်းနိုင်ကြောင်း၊ အသိပညာ ပေးလျှက်ရှိရာ (၂၇.၈.၂၀၂၅)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူ တစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဖုန်းခေါ်ဆိုမေး မြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဩဂုတ်လတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

      စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးနှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ   အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူ အကျိုးစီးပွား နစ်နာဆုံးရှုံးများ တိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက် လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် အွန်လိုင်းအသုံးပြု၍ဖွင့်လှစ်သော စားသုံးသူရေးရာသင်တန်း(၂)ကြိမ်ဖွင့်လှစ်ခြင်း၊ မုံရွာမြို့ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ် ခြင်း၊ မုံရွာမြို့၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ကျင်းပပြုလုပ်သည့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာသင်တန်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ မုံရွာမြို့၊ ခရိုင်ပြန်ဆက်ရုံး၌ကျင်းပပြုလုပ်သည့် ဂျပန်ဘာသာစကားပြောသင်တန်းတွင် စားသုံးသူ အသိပညာပေး‌ဟောပြောပွဲပြုလုပ်ခြင်း၊ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် Talk Show ပြုလုပ်ခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ချမ်းမြေ့အောင်စည် ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၌ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲတွင်လည်ကောင်း၊ ကလေးခရိုင်၊ ဖောင်းပြင်မြို့ အင်ကြင်းမြိုင်ရပ်ကွက် အမှတ်(၃)မူလွန်ကျောင်းတွင်လည်းကောင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ်(၁)၊ အ.လ.က(ခွဲ) ကျောင်းတွင်လည်းကောင်း၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ အ.မ.က(၃)ကျောင်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ”တွင်လည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး အနေဖြင့် စစ်ကိုင်းမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဖွင့်လှစ်သည့် ဆပ်ပြာသင်တန်း တွင်လည်ကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊  အမှတ်(၃)ရပ်ကွက်ရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနတွင်လည်းကောင်း၊ ရွှေဘိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင်ကျင်းပပြုလုပ်သည့်တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လည်းကောင်း  အသိပညာပေးဟောပြောခြင်း စုစုပေါင်း (၁၁)ကြိမ်နှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြား နိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့်(၃)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့်(၃)ကြိမ်၊  မုံရွာခရိုင်ဦးစီး မှူးရုံးမှ(၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄) ကြိမ်၊ စုစုပေါင်း(၂၂)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာ ပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင် များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ