Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ်၌ ပလတ်စတစ်လျော့ချရေး ဈေးများအတွင်း ကွင်းဆင်းပညာပေး

     ဧရာဝတီတိုင်း​ဒေသကြီး၊​ မအူပင်ခရိုင်၊​ ပန်းတနော်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ​အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၁-၈-၂၀၂၅ ရက်နေ့ နံနက် ၉ နာရီက  ပန်းတနော်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်း မရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ စစ်​ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ မြို့မ​စျေးအတွင်းနှင့်အပြင်တွင်  လိုက်လံကွင်းဆင်းစစ်​ဆေး​​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း မုန့်ဈေးတန်း စစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း မုန့်ဈေးတန်းသို့ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ၂၀-၈-၂၀၂၅ ရက်နေ့ နေ့လယ် ၁၂နာရီအချိန်က မုန့်ဈေးတန်းနှင့် ကျောင်းဝန်းကျင်မုန့်ရောင်းချသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

          ကျောင်းမုန့်ဈေးတန်းတွင် ကလေးသူငယ်များအား ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်အမှတ်အသား စစ်ဆေးခြင်း၊ သက်တမ်းလွန်မုန့်များစစ်ဆေးခြင်း၊ FDAခွင့်ပြုချက် ရှိ/မရှိ  မုန့်ဆိုင်များ အနီး ခြင်၊ ယင်၊ကင်းရှင်း ရေး၊ သန့်ရှင်ရေးများကို စစ်ဆေးခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျ ထားသို ရောင်းချခြင်းရှိ/မရှိတို့ကို ဌာနဆိုင်ရာများက ကျောင်းတာဝန်ခံ ဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ရှိစိုက်ပျိုးရေးသုံး ပိုသတ်ဆေးအရောင်းဆိုင်များအား ကွင်ဆင်းစစ်ဆေးအသိပညာပေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဆောင် သောမြေ၊ မျိုး၊ ပိုးတာဝန်ခံများနှင့် တာဝန်ရှိဝန်ထမ်းများမှ ဓနုဖြူမြို့ပေါ် ၁၁ရပ်ကွက်၊ ၁၂ရပ်ကွက် ၁၅ရပ်ကွက် ၁၆ရပ်ကွက်ရှိ စိုက်ပျိုးရေး လုပ်ငန်းသုံး ပိုးသတ်ဆေးအရောင်းဆိုင်များအား အသိပညာပေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်းကို (၂၁-၈-၂၀၂၅) နံနက် ၁၀ နာရီအချိန်တွင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

      ထိုသို့စစ်ဆေးရခြင်းမှာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ၊ ပိုသတ်ဆေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများတွင် ကုန်အညါှန်အမှတ်အသား စစ်ဆေးခြင်း၊  စျေးကွက်အတွင်း ပိုးသတ်ဆေးအတု အပများနှင့် လိုင်စင်မဲ့ အရောင်းဆိုင်များ မရှိစေရေး၊ တရားမဝင်ရောင်းချသော ပိုးသတ်ဆေးများ မရှိစေရေး၊ ဒေသခံတောင်သူများ အရည်အသွေးမှန်၊ စျေးနှုန်းမှန်သုံးစွဲမှု မှန်ကန်စေရေးအတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေ သြဇာ မျိုးစေ့အရောင်းဆိုင်များအား လစဉ်စစ်ဆေး လျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း ၎င်းတို့’ ဌာနမှ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျေးရွာများတွင် ရောင်းချနေသော ဘိလပ်မြေ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးရွာများ အတွင်းရှိ ဘိလပ်မြေ ရောင်းသည့်ဆိုင်၊ ဓါတ်မြေဩဇာအရောင်းဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများ သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၂၁-၈-၂၀၂၅) နေ့မွန်းလွဲပိုင်း (၁) နာရီအချိန်က လိုက်လံစစ်ဆေးခဲ့သည်။

      ထိုသို့ ဘိလပ်မြေအရောင်းဆိုင်များစစ်ဆေးရာတွင် တာဝန်ရှိသူများနှင့် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ၊ ညောင်တုန်းမြို့နယ်အနီးကျေးရွာ အတွင်းရှိ ဘိလပ်မြေများ၊ သံချောင်းများ၊ အထပ်သားများရောင်းသည့်ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးသုံးပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှုရှိမရှိ ကုန်အညွှန်အမှတ်အသားပြည်စုံစွာဖော်ပြပါရှိခြင်း ရှိမရှိ ဈေးကွက်အတွင်း ပစ္စည်းများ သိုလှောင်ထားခြင်းမပြုရန်တို့ကို စစ်ဆေးခဲ့ကြပြီး ဆိုင်ရှင်များကို လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ) 

ညောင်တုန်း ရွှေဝါနဒီ ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦး စီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁.၈.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန် ညောင်တုန်း မြို့နယ် အရွဲကျေးရွာ ရွှေဝါနဒီ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရွှေဝါနဒီ ဆန်စက်လုပ်ငန်းရှင် ဦးလူမော်မြင့်မောင်နှင့် တွေ့ဆုံ၍ ဆန်စက်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှု အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆန်တင်ပို့ရောင်းချမှု ဈေးကွက်အခြေအနေများ၊ ဆန်စက်အဆင့်အတန်းနှင့် Gasifier သုံးစနစ်ဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်းကြည့်ရှုလေ့ လာခဲ့ပြီး ရွှေဝါနဒီ ဆန်စက်မှ အဆင့်မြင့်တင်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး  ဆန်ထွက် ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက်  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မအူပင် ထိန်ထိန်လင်းဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ် ဦးစီးမှူး ရုံးသည် (၂၁.၈.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၁:၀၀)အချိန် မအူပင်မြို့နယ် စွန်သိုက်ကျေး ရှိ ထိန်ထိန်လင်း ဆန်စက်အား SME လုပ်ငန်းဖွံ့ဖြိုးရေးနှင့်ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

  အဆိုပါ ကွင်းဆင်ဆောင်ရွက်မှုတွင် မအူပင်မြို့နယ်တွင် ကောက်စော စပါးထွက်ရှိမှုအခြေ အနေမေးမြန်းခြင်း၊ စပါးဆန် အရောင်းအဝယ်အခြေအနေနှင့် ဆန်စက်တွင် စပါးကြိတ်ခြွမှု စပါးဆန်လက်ကျန် အခြေအနေများကို စစ်ဆေးခြင်း၊ ဆတ်ကို ရန်ကုန်ဘုရင့်နောင်ဈေးကွက်ထိ တင်ပို့နေနေမှုအခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ကြပြီး မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး(ဦူးစီးအရာရှိ)က စားသုံးသူကာကွယ်‌ပေးရေး ဥပဒေပါ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လိုက်နာရမည့် ဥပဒေအကြောင်း၊ SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များကို ရှင်းပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ) 

စက်မှုလယ်ယာသင်တန်းကျောင်း လူငယ်အသိပညာပေးဟောပြောခြင်း

     (၂၁.၈.၂၀၂၅) ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သည် ပန်းတနော်မြို့နယ် စက်မှုလယ်ယာသင်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အတူ သင်တန်းသူ (၅၇)ဦးအား စားသုံးသူအခွင့်အရေး သိရှိနား လည်စေရန် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးမှ သင်တန်းသူများအား စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် ပတ်သက်၍ ရှင်းလင်းပြီး၊ လူငယ်နှင့် ကျန်မာရေးအကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ပန်းတနော်မြို့နယ် စားသုံးသူရေး ရာဦး စီးဌာန မြို့နယ်ရုံးကိုယ်စား မအူပင်ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူရေးရာဦးစီးဌာ န၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့် အရေးဦး စားပေး” ဆိုသည့်အတိုင်း ပြည်သူများသည် မိမိတို့၏ အခွင့်အရေးကိုသိရှိနားလည်းနိုင်ရန် လိုအပ်ပါကြောင်း၊ စားသုံးသူရေးရာဦး စီးဌာနသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်မျှော်မှန်ဆောင်ရွက်လျှက်ရှိပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူသည် မိမိတို့၏အခွင့်အ‌ရေးကိုသိရှိနားလည်ပြီး ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အမှန်တကယ် နစ်နာဆုံးရှုံမှု ဖြစ်ပေါ်လာပါက နစ်နာမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသည် သို့ ဆက်သွယ် တိုင်ကြားလိုပါက Online မှတဆင့် တိုင်ကြားလို သူပြည်သူများအနေဖြင့် DOCA Website၊ DOCA Myanmae မိုဘိုင်း app တို့မှာပါတဲ့ Consumer Complaint System တိုင်ကြားလွှာပုံစံမှာ အချက်အလက်ဖြည့်သွင်းပြီး တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center 1535 သို့လည်းကောင်း၊ CICC စင်တာများ၊ လိပ်စာနှင့် ဖုန်းနံပတ်များကို သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

  ၀၉-၇၈၄၃၇၆၃၂၂

 

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသိပညာပေး ဆွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့က  နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆန်စပါးလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာ ပေးဆွေးနွေး ခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုးမှ ဆန်လုပ်လုပ်ငန်းရှင်များ ဆွေးနွေးကြရာ ဓနုဖြူနယ်ရှိ ဆန်စက်ဖွံ့ဖြိုးတိးတက်ရေးအတွက် တင်ပြဆွေးနွေးကြပြီး၊ ဆန်စပါးဈေး ကွက်တည်ငြိမ်ရေး ဆွေးနွေးခြင်း၊ Gasifierသုံးဆန်စက်များအနေဖြင့် ရေစစ်ကန်များကို စနစ်တကျ လုပ်ငန်းဆောင်ရွက်စေလုပ်ကိုင်ခြင်းများပြု လုပ်ရန်ဆွေးနွေး ကြပြီး ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ကိုစီးပွားရေးလုပ်ငန်းရှင်များ သိရှိရန် ဥပဒေပါအချက်အလက်များကို အကျယ်တဝင့်ဆွေး နွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ပွဲများ ဆောင်ရွက်လျက်ရှိရာ “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဆန်စက်လုပ်ငန်းရှင် များအား(၃၅)ဦးနှင့်အတူ ညောင်တုန်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် (၂၀.၈.၂၀၂၅)ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေး နွေးပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို လေးစား လိုက်နာကြရမည်ဖြစ်ပါ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညောင်တုန်းဆန်စပါးဈေးကွက်တည်ငြိမ်ရေးနှင့် ဆန်စက်လုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

DOCA(ဧရာဝတီ)

စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ သည် ၁၉.၈.၂၀၂၅ ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြစ် မအူပင်မြို့နယ် အတွင်းရှိ ဆီဆိုင် (၈) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်ခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိဘဲ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။ အလားတူ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်မျာကိုလည်း ၁၉.၈.၂၀၂၅ ရက်နေ့က ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီ ရောင်းချမှုအခြေအနေနှင့် ဆီလက်ကျန် သိုလှောင်ကန်းများကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ