
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးဇေယျာအောင်သည် ကချင်ပြည်နယ် ဆားလုပ်ငန်းဌာနခွဲမှဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ ပြည်နယ်အတွင်း ဆားသုံးစွဲမှု ဖူလုံရေးနှင့် အရည်အသွေးပြည့်မီသော အိုင်အိုဒင်းပါဝင်မှုပြည့်မီသော ဆားများရောင်းချစေရန်အတွက် ၇-၇-၂၀၂၆ ရက်နေ့တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၃)ရှိ ဆားအရောင်းဆိုင် (၃)ဆိုင်သို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ဆားလက်လီအရောင်းဆိုင်များတွင် ရောင်းချ နေသော ဆားချောများ၌ အိုင်အိုဒင်းပါဝင်မှု ရှိ/မရှိကို Field Test Kit ဖြင့် ပဏာမစစ်ဆေးခဲ့ရာ အိုင်အိုဒင်းပါဝင်မှု သတ်မှတ်စံချိန်စံညွှန်း ပြည့်မီကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆားလက်လီရောင်းချ သည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ရောင်းချသည့် ကုန်စည်အပေါ်တွင် တာဝန်ရှိမှုအခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်အလက်များအကြောင်း၊ တားမြစ် ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းနှင့် တရားဝင် မှတ်ပုံတင် ဖြန့်ဖြူးတင်သွင်းလာသည့် ကုန်စည်များကိုသာ ရောင်းချရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
