
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသ ကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် ဇူလိုင်လ( ၈ )ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ HOTEL CLASSICO ” ဟိုတယ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဟိုတယ်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မိုက စားသုံးသူ ကာကွယ်ရေးဥပဒေပါအခန်း(၁၀)အရ ဝန်ဆောင်မှုများ နှင့်စပ်လျဥ်း၍ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ၊ ကုန်စည် (သို့မဟုတ်) စီးပွားရေး လုပ်ငန်းရှင်က အာမခံချက်ပေးရမည့် အချက်များအကြောင်း၊ ပြည်သူတိုင်းဟာ စားသုံးသူများ ဖြစ်ကြောင်း၊ စားသုံးသူတိုင်းမှာ စားသုံးသူ အခွင့်အရေးများရှိကြောင်း၊ စားသုံးသူတိုင်းမှာ ဥပဒေအရ အလိုအလျောက်ရတဲ့ စားသုံးသူအခွင့်အရေး (၈)ရပ်ရှိကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေသည် စားသုံးသူနစ်နာဆုံးရှုံးမှုများကို ကုစားပေးသည့် အပြင် ဥပဒေပါတားမြစ်ချက်များကို ချိုးဖောက်ပါက ပြစ်မှုကြောင်းအရ အရေးယူဆောင်ရွက်သွားနိုင်ကြောင်း ၊ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပြီး အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
