Main menu

HighLight News

Powered by Drupal

နန်းတော်ကုန်းကျေးရွာရှိ အထက်တန်းကျောင်းတွင် လူငယ်ရေးရာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က နန်းတော်ကုန်း စာသင်ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ၁၁.၁၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀) နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် အ.ထ.က နန်းတော်ကုန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ကျန်းမာရေးဦးစီးဌာနမှ  ဒေါ်မြင့်မြင့်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မေစိုးက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ ခေါင်းစဉ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး သိကောင်းစရာခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။ 

         မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး အကြီးတန်းစာရေးက ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် ကုန်စည် ဝန်ဆောင်မှုများအပေါ်တွင် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးနှင့် ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်​ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးရန်မသင့်သော အစားအစာများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုတစ်ခုခုကြောင့် စားသုံးသူအမှန်တကယ်နစ်နာဆုံးရှုံမှုရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သော Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (‌ဧရာဝတီ)

မအူပင်မြို့နယ် ရွှေတော်မှော်ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေတောင်မှော်ကျေးရွာ ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဓူခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှု၊ လိမ်လည်လှည့်ဖျားခြင်း၊ စသည့်အခြေခံအချက်များကိုရှင်းလင်းခြင်း၊ ကုန်အညွှန်းအမှတ်သားဖော်ပြချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ စားသုံးသူ၏ အခွင့်အရေးနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာဖြစ်သည့် Consumer Call Center ဖြစ်သည့် (၁၅၃၅)သို့ ခေါ်ဆိုမေးမြန်း တိုင်ကြားနိုင်ပြီး၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ရုံးသို့ တိုင်ကြားနိုင်ပါကြောင်းကို  အသိပညာပေးဟောပြောပြီး ကျေးရွာနေပြည်သူ (၃၅)ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များမေးမြန်းကြကာ တာဝန်ရှိသူမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ပန်းတနော်မြို့နယ် ခရေကန်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၂၀)ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ၁၁.၁၂.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်က စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

       ဟောပြောရာတွင် ပန်းတနော်မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်မှ ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာ နိုင်ရန်ရှင်းလင်းခြင်း၊  နစ်နာဆုံးရှုံးမှုများကို ရှင်းလင်း တင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် တိုင်ကြားနိုင်သည့် နည်းလမ်းများထဲမှ    စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားလို့ရမယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်းအဆင့်ဆင့်တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Complaint System 908&progo ဖြည့်စွက်တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm မှတဆင့် တိုင်ကြားနိုင်ကြောင်း၊ DOCA FaceBook Page Messanger မှလည်းကောင်း၊  Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြား လို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တယ့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည်ဖြစ်ဖြစ်၊ တိုင်ကြားချင်သည်ဖြစ်ဖြစ်၊ HOT Line No ကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရကြောင်း ထပ်ဆင့်အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ခရေကန်ကျေးရွာအုပ်စုတွင်  ဆီထုတ်ယူခွင့်စာအုပ်များနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ခရေကန်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကို  (၁၁.၁၂.၂၀၂၅ ) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ပြည်သူများ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် စာအုပ်များပေးအပ်ခဲ့ပြီး ဆီထုတ်ယူခွင့်စာအုပ်များနှင့် ပက်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ် ခရေကန်‌ကျေးရွာတွင် အိမ်ထောင်စု ၉၅၀ခန့်ရှိပြီး ကျေးရွာနေပြည်သူများကို စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် လစဉ် အိမ်ထောင် တစ်စုလျှင် ဆီ ၁ပိဿာခန့် လစဉ် သတ်မှတ်ရက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဆီရောင်းချသူ ကိုယ်စားလှယ်ထံမှဝယ်ယူရန်၊ ဆီစာအုပ်များကို မပျောက်မပျက်စေရန် သေခြာသိမ်းဆည်းထားရန်ကိုလည်းကောင်း၊ မိမိဆီထုတ်ယူရာတွင် ရောင်းချသူမှ ဗီနိုင်းချိန်ဆွဲဖော်ပြသည့်ဈေးထက် ပိုမိုရောင်းချကြောင်းသိရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ သတ်မှတ်ရက်အတွင်းတွင် ဆီများကိုဝယ်ယူရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူများထံ စားအုန်းဆီ အမှန်တကယ်ရောက်ရှိစေရေးကို စားအုန်းဆီ ဖြန့်ဖြူးမှုမှတ်တမ်း (၆)မျိုး မှန်(၆)မှန်ဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊  လက်ကား/လက်လီ စာရင်းမှန်၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့် အရည်အသွေးမှန်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းတို့အား ပြည်သူများသိရှိနိုင်ရန် အသိပညာပေးခဲ့ပါသည်။

         ထို့နောက် တက်ရောက်သူပြည်သူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းနှင့် တက်ရောက်သူ ၂၅ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်တာဝန်ခံရုံး၌ စတိုးဆိုင်နှင့်ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ငဝန်ဧရာလမ်းရှိ  မြို့နယ်တာဝန်ခံရုံး၌ စတိုးဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကိုဆိုလိုကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက် များကို ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းရောင်းချသူများမှ စားသုံးသူပြည်သူများအား လိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများက အွန်လိုင်းဝယ်ယူသည့်အခါ စိစစ်သင်သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလာဒ်များ၊ အွန်လိုင်းဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ် အ.လ.က(အင်းလပ်အရှေ့ကျောင်း)တွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး

 စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ် အင်းလပ်ကျေးရွာ အရှေ့ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ နှင့် ကျောင်းသား၊ ကျောင်းသူ ၁၀၆ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူစကားရပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များ ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များ အဓိက ဖက်ရှု့ရမည်ဖြစ်ကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူအသိပညာပေးဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ အဗျဉ်းကျေးရွာအုပ်စု၊ ဓမ္မာရုံ၌ စားသုံးသူပြည်သူ(၆၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

       ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ဆန်စပါး သို လှောင်ရုံများကို MyRO မှတ်ပုံတင်ရန် ကျန်ရှိသူများ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိ

         စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့် အညီ  မှတ်ပုံတင်ဆောင်ရွက်လုပ်ကိုင်ရန် အမိန်ညွှန်ကြားချက်များ ၈၂/၂၀၂၄ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန်ထွက်ရှိပြီးWebsite တွင် မှတ်ပုံတင်ဆောင်ရွက်လျောက်ထားရမည်ဖြစ်ကြောင်း ကြော်ငြာထားရှိပြီးဖြစ်သည်။

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ သိုလှောင်ရုံ (၃၉)လုံး မှတ်ပုံတင်ပြီးဖြစ်သော်လည်း မအူပင်မြို့နယ်အနေဖြင့် မှတ်ပုံတင်ရန်ကျန်ရှိသူများ မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ ပထမပါတ် အကြားတွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရန် ရွှေတော်မှော်ကျေးရွာရှိ ဦးဂျင်မီ၏ ကောင်းမြင့်မြတ် ဆန်စက်၊ တလုပ်လပ်နောက်၊ တာကောက်ကျေးရွာရှိ စိုးမိုးအောင်ဆန်စက်၊ ပန်းပင်စုကျေးရွာရှိ ဦးမောင်ဝင်း သိုလှောင်ရုံ (၃) MyRO တွင် မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ ဆန်စက်(၂)လုံးနှင့် သိုလှောင်ရုံ(၁)လုံး သည် ဝင်ဆံ့နိုင်သည့်ပမာဏမှာ ကောင်းမြင့်မြတ် ဆန်စက်မှ စပါး(၅၀၀၀)တင်း၊ စိုးမိုးအောင်ဆန်စက်မှ  စပါး(၁၃၅၀၀)တင်း၊ သိုလှောင်ရုံမှ စပါး (၄၅၀၀)တင်းရှိပြီး အမျိုးအစားအရယ်စားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံအဆောက်အဦမှာ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၀)ပေရှိပြီး အမိုး(သွပ်)၊ အကာ (အုတ်)၊ အခင်း(ကွန်ကရစ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော စပါးအမျိုးအစားမှာ ဧည့်မထအုပ်စု မျိုးစုံဖြစ်ကြောင်း  သိရှိရသည်။

          မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများ မှ MyRO တွင် မှတ်ပုံတင်ရန် ဆန်လုပ်ငန်းရှင်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များအား MyRO Website အသုံးပြုနည်းများကို ကူညီဆောင်ရွက်ပေး လျက်ရှိပြီး စပါး၊ ဆန်လက်ကျန်များကို MyRO တွင် လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဖြည့်သွင်းရမည်ဖြစ် ကြောင်းကိုပါ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စစ်ကိုင်းမြို့၊ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် အညီထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ “747” ခေါက်ဆွဲစက်ရုံသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         “747”ခေါက်ဆွဲစက်ရုံမှ ထုတ်လုပ်သည့် “မုန့်ဟင်းခါးခြောက်” (၃၂၀)ဂရမ် ကုန်စည်အမျိုးအစားအားစစ်ဆေးခဲ့ရာ ထိုကုန်စည်၏ ထုပ်ပိုးမှုပေါ်တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုပုံအညွှန်း၊ သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်မှုများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထား၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။စားသုံးသူရေးရာဦးစီးဌာနမှ တာဝန် ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 စစ်ကိုင်းမြို့၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရွေးချယ်ထားသည့် ကုန်စည်(၁၀)မျိုးအား ကုန်စည်(၁)မျိုးစီအလိုက် လစဉ် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရန် လမ်းညွှန်မှုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် အတူ စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်ရှိ ကလေးကစားစရာပစ္စည်းအရောင်းဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News