Main menu

HighLight News

Powered by Drupal

ဘောက်ထော်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်၊ ဘောက်ထော် ဈေးအတွင်းရှိ အသင့်သောက်ကော်ဖီမစ်ထုပ်များအား (၂-၇-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ Sunday, Lovita, Super, အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရန်ကင်းမြို့နယ် ၊ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ (၃၀-၆-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက မြို့နယ်အတွင်းရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

(KKS Clothes Retail & Wholesale)အထည်အလိပ်၊ အဝတ်အထည် ရောင်းဝယ်ရေး လုပ်ငန်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိ ကို (၃.၇.၂၀၂၅) ရက်နေ့ ၊နေ့လယ်(၁၃:၃၀)အချိန်တွင်(KKS Clothes Retail & Wholesale) အထည်အလိပ် ၊ အဝတ်အထည်ရောင်းဝယ်ရေးလုပ်ငန်း အမှတ် (၁၁၂)(ခ) ၊ ကျန်စစ်သားလမ်း၊ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ် ပေး ရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက် မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင် ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အိမ်သုံးပစ္စည်းများ၊ဆောက်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၃၀.၆.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၀၀) နာရီအချိန်တွင် အိမ်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်း အမှတ်(၅) ၊ (၁၄၀)လမ်း၊ မအူကုန်းရပ်ကွက် ၊တာမွေမြို့နယ်သို့ သွား ရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀) နာရီအချိန်တွင် အီလက်ထရောနစ် ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း အမှတ် (အေ-၈) ၊(၂၄)ရပ်ကွက်၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း နှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

(PEaK)ပညာရေးနှင့်သင်ကြားရေး ၀န်ဆောင်မှုလုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးနေလင်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၂.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၀၉:၀၀)အချိန်တွင် (PEaK) ပညာရေး နှင့်သင်ကြားရေး ၀န်ဆောင်မှုလုပ်ငန်း အမှတ်(၆၈) ၊ငွေကာရံ (၅) လမ်း ၊ (၃)ရပ်ကွက်၊ ရန်ကင်းမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက် ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှုရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် ပတ်သက်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊စျေးကွက်ဆိုင်ရာအခြေအနေများကိုကွင်းဆင်းစိစစ် ဆောင်ရွက်ခြင်း

ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ‌ဒေါ်ချိုချိုလွင်နှင့် ဝန်ထမ်း(၃)ဦး၊ စားသုံသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ခင်သီ (ဦးစီးအရာရှိ) ၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)၊ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး) နှင့်ဒေါ်ယုယုလွင်(ကြီး/ရေး) တို့သည် အလုံမြို့နယ်၊ ဆင်မင်း ဈေးတာဝန်ခံနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၂၇.၆.၂၀၂၅ ရက်နေ့၊ နံနက် (၀၈:၄၅) နာရီအချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက် ရှိသည့် ဆင်မင်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း (လက်လီ) ရောင်းချနေသည့် ဈေးနှုန်များမှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို ကွင်း ဆင်း စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကို သိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အွန်လိုင်းမှတ်ပုံတင်ဆိုင်ရာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲ မှ စစ်ဆေးရေးအရာရှိ ဉီးထွန်းထွန်းဉီးသည် (၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၄၅)နာရီအချိန်တွင် အမှတ်(၁၃၂)၊ စေတနာ(၁)လမ်း၊ သရက်ကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ Noble Home Myanmar Real Estates ဝန်ဆောင်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီ မှုရှိ/မရှိကို DOCA Application တွင် ထည့်သွင်း၍ စစ်ဆေးခဲ့ပြီး မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်သည် အမှတ်(၂၂)၊ သပြေတန်းလမ်းသွယ်၊ သရက်ခြံကျေးရွာ၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်က အစားအသောက် ဝန်ဆောင်မှုသင်ကြားရေးလုပ်ငန်းများပိုင်ရှင် ဒေါ်အေးသဥ္ဇာဦးနှင့် တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိစစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ဟင်္သာတမြို့နယ်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီအရောင်းဆိုင်များအားအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Pages

Subscribe to RSS - HighLight News