Main menu

HighLight News

Powered by Drupal

သထုံမြို့မဈေးရှိ စတိုးဆိုင်၌ အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ခြင်း

     ၁၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ သထုံမြို့မဈေးရှိ အရန်သင့်အစားအစာအမျိုးမျိုး ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အရန်သင့်အစားအစာအမျိုးမျိုးအပေါ်၌ ကုန်အညွှန်းအမှတ်အသားအား မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော အရန်သင့်အစားအစာ အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်လျောက်ထားခြင်းနှင့် စပ်လျဉ်း၍  မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် “Goon Pet Food & Accessories ” Online Shop မှတိရစ္ဆာန်မွေးမြူရေးလုပ်ငန်သုံးပစ္စည်းများ”အား အမှတ် (၄၁) လမ်း၊ ဗိုလ်ကလေးဈေးတိုက်ဈေးရုံရှေ့၊ ဗိုလ်တထောင်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်ခန့်တွင်  ရွှေကျီးကုမ္မဏီ မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား အမှတ်(၈၉)၊ ကနောင်မင်းသားကြီးလမ်း၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကျီးအမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ရွှေကျီးမုန့်လုပ်ပုံအဆင့်ဆင့်ကိုမေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ရွှေကျီးမုန့်အမျိုး မျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊  ကုန်စည်၏ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု သက်ဆိုင်ရာဌာနထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေတွင်ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

တာမွေမြို့နယ်၊   Orange Mart သို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊   Orange Mart သို့ (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် တာမွေမြို့နယ်၊ Orange Mart တွင်ရောင်းချလျက်ရှိသော  ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/ မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိတို့ ကိုသွားရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

တာမွေမြို့နယ်၊ မေတ္တာညွှန့်ဈေးသို့ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ တာမွေမြို့နယ်၊ မေတ္တာညွှန့်ဈေးသို့သွား ရောက်၍ ဈေးနှုန်း၊ ဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးရန်နိုင်ထွန်း(အကြီးတန်းစာရေး)က ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ် ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Nice Food Myanmar မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်ခန့်တွင်  Nice Food Myanmar မုန့်ထုတ်လုပ်ရေးလုပ်ငန်းအား အမှတ်(၄၄)၊ သံချပ်ဝန်ဦးညွှန့်လမ်း၊ (၁၂၂)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ ဈေးကွက်မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများက စက်ရုံမှတာဝန်ရှိသူနှင့်တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကိုမေးမြန်းခြင်း၊ ထုတ်လုပ် သည့်ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိမှု ကုန်စည်ဖော်ပြချက်အမှတ်တံဆိပ်များကို ကြည်ရှုစစ်ဆေးခြင်း၊ ရောင်းချမ့ မုန့်အမျိုးအစားအလိုက် ဈေးနှုန်းအခြေအနေများကို မေးမြန်းခြင်း၊ ကုန်ကြမ်းရရှိမှု အခြေအနေများကိုဆွေးနွေးခြင်း “Nice Food Myanmar မုန့်ထုတ် လုပ်ရေးလုပ်ငန်း”မှထုတ်လုပ်သည့် Nice အမှတ်တံဆိပ်မုန့်အမျိုးအမျိုးတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါရှိခြင်း ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး ဌာန၏လမ်းညွှန်းချက်များအကြောင်းကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ခရမ်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအား GAP/GHP သင်တန်းပို့ချခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပဲစိုက်တောင်သူများ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ရာတွင် GAP/GHP နည်းစနစ်များအတိုင်းစိုက်ပျိုးပြီး ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော အရည်အသွေးမြင့် ပဲတီစိမ်းများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ တောင်သူ နည်းပညာပေးသင်တန်းကို ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ခရမ်းမြို့ နယ်အားကစားခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။

      ထိုတောင်သူနည်းပညာသင်တန်းသို့ စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်သွေးစီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်၊ တောင်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်အေးပွင့်ခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်တို့ တက်ရောက်ခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ ပဲစိုက်တောင်သူများအား ပဲတီစိမ်းစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများအား ဆွေးနွေးပို့ချခဲ့ ပြီးသင်တန်းသို့ ပဲစိုက်တောင်သူ (၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော တောင်သူများအား နည်းပညာပေးစာအုပ်များ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“တွံတေးခရိုင်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဈေးအတွင်း/ အပြင်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား  ဒီဇင်ဘာ လ(၉)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဈေးတာဝန်ခံ ဦးသန်းထွန်းတို့ပူးပေါင်း၍ ကမာကဆစ်ဈေးအတွင်း/ အပြင်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ မုန့်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် မုန့်မျိုးများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “သန်လျင်မြို့နယ်အတွင်းရှိ Orange Super Marketသို့စားသုံးဆီ(ဗူးဆီ)အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ Orange Super Marketသို့ သွားရောက်၍ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိစားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာလ(၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများသည် စားသုံးဆီဗူးများတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် စားသုံးဆီဗူးများအား ဈေးကွက်အတွင်း ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆိုင်မှတာဝန်ရှိသူ မန်နေဂျာအား ကုန်အညွှန်းအမှတ်အသားညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီများအားရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရောနှောဆီအပါအဝင်အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စားသုံးဆီအမျိုးမျိုး(ဗူးဆီ)တို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားအုန်းဆီ(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ စားသုံးဆီအများစုသည် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန် ရည်ရွယ်၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့် လိုက်နာဆောင်ရွက်မှု အားနည်းနေသေးသည့်အတွက် ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများ ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News