Main menu

HighLight News

Powered by Drupal

ညောင်တုန်းမြို့နယ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦးသည် ညောင်တုန်းမြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၃-၉-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင်  ညောင်တုန်းမြို့၊ ၇ ရပ်ကွက်ရှိ Atom  Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ညောင်တုန်းမြို့နယ်တွင် အသုံးပြုသူများပြာသော Atom  Myanmar Co.,Ltd. ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး၍ ဆိုင်တာဝန်ရှိသူနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ‌ဒေါ်ချိုမီဇင် ဒုဦးစီးမှူးတို့ တွေ့ဆုံ၍  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍ စစ်ဆေးဆောင်ရွက်ခြင်း၊  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်မျာကို စားသုံးသူထံ  ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေးခြင်းမျာ ဆောင်ရွက်ပေးရန်၊ အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး စားသုံးသူစိတ်ကျေနပ်မှုမရှိ၍ တိုင်ကြားမှုအများဆုံး ဖြစ်ပေါ်လာသည့်အတွက် စားသုံးသူစိတ်ကျေနပ်မှုရှိပြီး စားသုံးအခွင့်အရေးအပြည့်အဝရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း အသိပညာပေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး၊ MSMEsပြပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် zoom meeting ဆွေးနွေးပွဲတက်ရောက်

        (၂၅.၉.၂၀၂၅) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် MSMEsပြပွဲ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် zoom meeting ဖြင့် ကုန်စည်ပြပွဲခင်းကျင်ပြသနိုင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

        ဆွေးနွေးရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်အဆင့်တာဝန်ရှိသူများ စုပေါင်း၍ MSMEsပြပွဲတွင် ပြသနိုင်မည့် ဒေသထွက်ကုန်များနှင့် ပြပွဲတွင် ရောင်းချရမည့် အစီအစဉ်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်နိုင်ရေး၊ အထက်ဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များကို သိရှိနားလည်နိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး၍ MSMEsပြပွဲတွင် ကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်းကို သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းနှင့် အသင်းအဖွဲ့ ရှင်သန်းစေရေး တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၂၄..၂၀၂)နေ့တွင် (၁၀း၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် အသင်းအဖွဲ့ရှင်သန်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

       စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးသည် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ ဦးမျိုးဆက်နှင့် သွားရောက်တွေဆုံ၍ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေ၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေရေး၊ ဆန်စက်လုပ်ငန်းရှင်များ စည်းလုံးညီညွတ်မှသာ စိုက်ပျိုးထုတ်လုပ်သူများ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မည်ဖြစ်ကြောင်း၊ သို့မှသာ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ဈေးကွက်ဝင် အရည်အသွေးမြင်မားတိုးတက်မည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့၊ အစုအဖွဲ့များ ရှင်သန်ပိုမိုအားကောင်းလာလျှင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ပြီး  ဆန်စက်ကြိုတ်ခွဲမှု အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆန်စက်များပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသထွက်ကုန်များနှင့် ပတ်သက်၍ ဈေးကွက်ရရှိရေး မိတ်ဖက်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသောကြောင့် ကောင်းမွန်သောအကျိုးရလာဒ်ကို စားသုံးသူပြည်သူများသာမက လုပ်ငန်းရှင်များပါ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်ဦးစီးမှူး တက်ရောက်အမှာစကားပြော

         သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းဆောင်ရွက်သည့် တန်ဖိုးမြှင့်စား သောက်ကုန်ထုတ်လုပ် မှုနည်းပညာ သင်ဆန်းဖွင့်ပွဲ အခမ်းအနားကို (၂၄..၂၀၂) နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ် အိုင်ဝိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဇင်အေးမှ သင်တန်းဖွင့်ရသည့် အကြောင်းအရင်းများကို အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးခြင်းအချက်အလက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက နစ်နာမှုအတွက်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားမှုနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းများ၊ လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ကုန်စည်ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား အပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်အများကို အလွယ်တကူစုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်လျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်များအပြင် အသေးစား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက့် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါ့သည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တာကောက်မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်း ဟောပြော

          စားသုံးသူရေးရာဦးစီးဌာန၊မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂..၂၀၂)နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဦးစီးဌာနတို့နှင့်အတူ မအူပင်မြို့ တာကောက်မူလွန်ကျောင်းတွင် ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

            အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့်၊ စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းစားသုံးရန်မသင့်သော အစားအသောက်များကို သိရှိစေရန် နမူနာပေး ရှင်းလင်းပြောကြားပြီး၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်နှင့် ဌာနတို့၏ ထောက်ခံချက်၊ ခွင့်ပြုချက်များပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူတက်စေရန် ပညာပေးပြောကြားခဲ့ပြီး မိမိတို့ဝယ်ယူသော ကုန်စည်ကြောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုက်ကြားနိုင်သည့် နည်းလမ်းအဆင့်ဆင့် အကြောင်းကို ဟောပြောခဲ့ပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ၂၅-၉-၂၀၂၅ ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့ ( Ayar Net) လုပ်ငန်းသို့သွားရောက်၍ဆက်သွယ် ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသုံးပြုမှုမျာသော( Ayar Net) ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိက  စစ်ဆေးရာ ဆပ်သွယ်ရေးတာဝန်ခံနှင့် တွေ့ဆုံ၍ အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍစုံအား အသုံးပြုသည့် စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် အမှန်တကယ်အသုံးပြုသူများအား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များအားသတ်မှတ်ပေးရန်၊ ဝန်ဆောင်ခနှုန်းထားများနှင့် ဝန်ဆောင်မှု အရည်အသွေးတို့ပါဝင်သော ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက် များကိုထုတ်ပြန်ထားရန်၊ အမှန်တကယ် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် သတင်းအချက်အလက် လုံခြုံရေးတို့ကို ကာကွယ်ပေးမည့် အစီအစဉ်များအား စာဖြင့်ရေးသားဖော်ပြထားရန်၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားရန်၊ ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုများရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများအား မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှုစည်းမျဉ်းစည်းကမ်း (Terms and Conditions)များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ စားသုံးသူများက ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ပိုမိုသေချာစေရေးအတွက် Double Confirmation ပြုလုပ်၍ ဝယ်ယူနိုင်စေရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်ရန် စီစဉ်ထားရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ပေစိကျွန်းကျေးရွာရှိ အထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂..၂၀၂)နေ့တွင် (၀၉း၄၅) နာရီအချိန်တွင် ညောင်တုန်းမြို့ ပေစိကျွန်းကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်းတွင် ကျောင်းသူး/ ကျောင်းသူ (၂၁၀)ဦးနှင့် ဆရာ/ ဆရာမ (၂၄)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ဥပဒေအကြောင်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူများကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်များကို သေချာကြည့်ရှုမှတ်သား၍ ဝယ်ယူနိုင်ရန်လည်းကောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီး ဌာန၏ Consumer Call Center ဝန်ဆောင်မှုကို ဆက်သွယ်၍ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel၊ Ooredoo Sim Card များအပြင် MPT Sim Card User များလည်း ခေါ်ဆိုတိုင်ကြားမေးမြန်းနိုင်ပါ ကြောင်းရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည့်များကို မေးမြန်းကြပြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ပေစိကျွန်းကျေးရွာ အထက်တန်းကျောင်း(ခွဲ) မုန့်ဈေးတန်းအား စစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကာ/ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၄..၂၀၂၅)နေ့တွင် (၁၂း၀)နာရီအချိန်တွင် ညောင်တုန်းမြို့ ပေစိကျွန်းကျေးရွာရှိ ..က(ခွဲ)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

         ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်းခြင်းရှိ/ မရှိနှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သောမုန့်များ ရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ကြပါသည်။ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်ရှင်များအား ကျန်းမာရေးအထူးဂရုစိုက်၍ ကိုဗစ်စည်ကမ်းများ ကိုလိုက်နာဆောင်ရွက်ပြီး မုန့်များကိုရောင်းချကြရန်၊ စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များအကြောင်း၊ ရှင်းလင်းပြောကြားပြီး၊ ဆိုးဆေးမပါဝင်သောမြန်မာမုန့်၊ လက်သုတ်မုန့်များ ရောင်းချရာတွင် ယဉ်မနားစေရန် အုပ်ဆောင်းများ၊ လက်အိပ်များအသုံးပြု၍ ကောင်းမွန်သော ရောင်းချမှုကျင့်စဉ်အတိုင်း ရောင်းချရန် ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့နှင့် မုန်ဆိုင် ()ဆိုင်မှ ဆိုင်ရှင်များအား အသိပညာပေး စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူရေးရာဦးစီးဌာနနှင့်ပ အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာနတို့မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၄..၂၀၂) နေ့ နံနက် (၀၈း၃၀) နာရီမှစ၍ မအူပင် အခွန်လွတ်ဈေး၊ ကုန််စိမ်းဈေးနှင့် တာပေါ်ဈေးများတွင် ရောင်းချနေသော ပဲပြားနှင့် ပဲသွေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့ကြပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ပဲပြားနှင့် ပဲသွေးရောင်းချသောဆိုင်များမှ  ပဲပြား၊ ပဲသွေးများကို နမူနာကောက်ယူ စစ်ဆေးမှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

DAWN နို့ဆီဘူးတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ DAWN နို့ဆီဘူးရောင်းချသော ဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News