
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇွန်လအတွင်း စက်မှုလုပ်ငန်းသုံးဆီများ လုပ်ငန်းရှင်များထံ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဝယ်ယူအသုံးပြု ဆီထုတ်ယူနိုင်ရေးကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များထံဆက်သွယ်၍ ဖြန့်ခွဲနိုင်ရေးကို မြို့နယ်တာဝန်ရှိသူများထံ လမ်းညွှန်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ် ဆီလက်ကားကိုယ်စားလှယ်များထံ ထုတ်ယူနိုင်ရေးကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၈.၆.၂၀၂၆ရက်နေ့ ညနေတွင် ပန်းတနော်မြို့နယ် လုပ်ငန်းများအား စက်မှုလုပ်ငန်းသုံးဆီ ထုတ်ပေးလျက်ရှိပြီး (၃)ကြိတ်မြောက် ဆီဖြန့်ခွဲမှု အခြေအနေဖြစ်ပြီး ပန်းတနော်မြို့နယ်အနေဖြင့် ဆီရရှိပြီး စနစ်တကျဖြန့်ခွဲကာ လုပ်ငန်းရှင်များမှ လုပ်ငန်းသုံးဆီလာရောက်ထုတ်ယူလျက်ရှိပြီး လုပ်ငန်းအရေအတွက် ၈၀မှ ပိဿာ ၂၂၀ တန်အနေဖြင့် ၀.၃၆တန်၊ ပေပါ ၂ပေပါကိုလည်းကောင်း၊ မအူပင်မြို့နယ်မှ လုပ်ငန်းအရေအတွက် ၁၀၂ အား ဆီပိဿာ ၃၃၀ပိဿာ ပေပါ ၃ပေပါနှင့် တန်အားဖြင့် ၀.၅၄တန်ကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်အနေဖြင့် လုပ်ငန်း ၁၂၈ခုမှ ဆီပိဿာ ၄၄၀၊ ပေပါ ၄ပေပါ၊ တန်အားဖြင့် ၀.၇၂ တန်ကိုလည်းကောင်း၊ ဓနုဖြူမြို့နယ်မှ လုပ်ငန်း ၉၉ခုမှ ဆီပိဿာ ၂၂၀အား ပေပါအနေဖြင့် ၂ပေပါ၊ တန်အားဖြင့် ၀.၃၆ တန်ကိုလည်းကောင်း ထုတ်ယူရရှိကြပြီး သက်ဆိုင်ရာမြို့နယ်များမှ လုပ်ငန်းရှင်များထံ ဆက်သွယ်၍ လုပ်ငန်းသုံးဆီငွေပေးသွင်း၍ စနစ်တကျထုတ်ယူမှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
