Main menu

HighLight News

Powered by Drupal

ချောက်မြို့၌ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအား (၁၅.၈.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် space link Fiber Internet sevice လုပ်ငန်းလုပ်ကိုင်နေသည့်ဆိုင်အား ကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေးဖော်ပြထားမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများစိတ် ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း(၄)ခုရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့တွင် အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လက်မှတ်လျှေက်ထားလာသည့် လုပ်ငန်းများအား မြေပြင်စစ်ဆေး

        ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြေနီလမ်း၊ ကန်ဖျားရပ်၊ မြိတ်မြို့ရှိ The Classic Collection ဖက်ရှင်အသုံးအဆောင်ပစ္စည်းများလုပ်ငန်း၊ နဝရတ်လမ်း၊ အထက်ရေပုန်းရပ်၊ မြိတ်မြို့ရှိ King Island Cocount Oil လူသုံးကုန်ပစ္စည်းများလုပ်ငန်း၊ အမှတ်(၆)၊ ဘုရားကိုးဆူ(၂)လမ်း၊ ကန်ဖျားရပ်၊ မြိတ်မြို့ရှိ Ma Htet အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ အမှတ်(၂၁၁၂)၊ သီတာ(၃)လမ်း၊ အလယ်ကျွန်းရပ်၊ မြိတ်မြို့ရှိ အထည်အလိပ်၊ အဝတ်အထည်နှင့် စပ်ဆက်ပစ္စည်းများ ရောင်းချသည့်လုပ်ငန်း စသည့်ကုန်စည်ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှ အွန်လိုင်းရောင်းချခွင့် လိုင်စင်လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများ ရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ အား DOCA Application  အသုံးပြု၍ စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆာင်ရွက်ရမည့်တာဝန်များ၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားသုံးသူပြည်သူများအားရောင်းချမည့် စားအုန်းဆီများရောက်ရှိလာမှုအား စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့၊ ၁၄း၃၀ နာရီအချိန်တွင် မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ မြိတ်အဝေးကားဝင်း၊ ဂိတ်(၁)သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် ရန်ကုန်မြို့ရှိ  Global Good Pure Group ကုမ္ပဏီမှ စားအုန်းဆီ(၆၅)ပေပါသည် ယာဉ်အမှတ် 2P-7306 လည်းကောင်း၊ Padauk Wah Myanmar ကုမ္ပဏီမှ စားအုန်းဆီ(၆၅)ပေပါသည် ယာဉ်အမှတ် 2F-8075 နှင့် Mahar Phone Let Yone ကုမ္ပဏီမှ စားအုန်းဆီ(၈၄)ပေပါသည် ယာဉ်အမှတ် 5R-6364 ဖြင့်လည်းကောင်း တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသော စားအုန်းဆီစုစုပေါင်း (၂၁၄)ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့် မြိတ်မြို့ရှိ ဒေါ်တင်တင်မြတ်၏ Top Trading ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၄၄ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

        ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၁၃ ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ရှိ ရေနန်းသူဇာ အသင့်ဖျော်ဘိလပ်မြေလုပ်ငန်းနှင့် Myeik Coastline ကင်းမွန်၊ ပုစွန်ပြုတ်ခြောက်နှင့် အအေးခန်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချ/ ဝန်ဆောင်မှုပေးလုပ်ကိုင်သည့် လုပ်ငန်းများအား Online Social Media အသုံးပြု၍ ကြော်ငြာခြင်း၊ ရောင်းချခြင်းများပြုလုပ်ပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အွန်လိုင်းမှတ်ပုံတင်စနစ် www.ecomreg.gov.mm တွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားဆောင်ရွက်ပြီးမှသာလျှင် ကြေငြာရောင်းချရန်လိုအပ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းမှရောင်းချနေမှုများအား ဥပဒေပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အွန်လိုင်းမှရောင်းချမှုများအား မှတ်ပုံတင်ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးပြောကြားခြင်း၊  ကုမ္ပဏီ/ စက်ရုံများအလိုက် သတ်မှတ်ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များ၊ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှန်မှု ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သရက်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအသိပညာပေး (Talk Show)ကျင်းပပြုလုပ်

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုတို့ဖြင့် သရက်ခရိုင်တာဝန်ခံရုံးမှ ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)သည် (၁၂.၈.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် သရက်ခရိုင်ပြန်ဆက်ဦးစီးဌာန၊ လူထုဗဟိုပြုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စကားရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်၊ ဝန်ဆောင်မှုစသည့် စကားရပ်များ၏ အဓိပ္ပာယ်များအား အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်း အသိပညာပေးခြင်း (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အသိပညာပေးဆွေးနွေးဟောပြောရာတွင် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်ရွယ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စကားရပ်များအားလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် တိုင်ကြားနိုင်သည့် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း Consumer Call Center (၁၅၃၅) လိုင်းခွဲနံပါတ်(၁) နေပြည်တော်သို့လည်းကောင်း၊ လိုင်းခွဲနံပါတ်(၂) ရန်ကုန်မြို့သို့လည်းကောင်း၊ လိုင်းခွဲနံပါတ်(၃) မန္တလေးမြို့သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)သည် (၁၁-၈-၂၀၂၆)ရက်နေ့၊နံနက်(၁၁:၃၀)နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ် ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှတဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ၊ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများအနေဖြင့် အွန်လိုင်းစနစ်ကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း   မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း၊ ယခုအခါ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုစသည်တို့မှာ များစွာရှိကြောင်း၊ အွန်လိုင်းစနစ်ကို မှတ်ပုံတင်ခြင်းအားဖြင့် လုပ်ငန်းလုပ်ကိုင်သူနှင့် ဝယ်ယူစားသုံး သူနှစ်ဦးနှစ်ဖက်လုံခြုံစိတ်ချ ရမှုရှိမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်အတွင်းရှိ ရောင်းချနေသော အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့် ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)တို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် Macro၊  တာမွေ City Mart နှင့် တာမွေ Orange တို့ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ မင်္ဂလာတောင်ညွန့်မြို့နယ် Macro၊  တာမွေ City Mart နှင့် တာမွေ Orange Mart အတွင်း ရောင်းချလျှက်ရှိသော အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလိုဈေးကွက်စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မကွေးမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးသည်  ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ်ကွင်း ဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ မကွေး/ ချောက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၀.၈.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မကွေးမြို့ပေါ်ရှိ အထူးကုဆေးရုံကြီးများ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် အထူးကုဆေးရုံကြီးများ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ လိုင်စင်သက်တမ်းတိုး စစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်းဆည်းမှု မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ၊ ဆေးနှင့် ဆေးပစ္စည်းများအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဆေးဈေးနှုန်းများမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်းရှိ/ မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၃) ပုဒ်မ (၂၆)ပါ စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူများအပေါ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်များအား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၇.၈.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော "ပိုပိုကောင်း"နှင့် “ခိုင်မွန်” ပဲကြော်ဖိုလုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တစ်ကယ် လည်ပတ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့စစ်ဆေးရာတွင် ပဲကြော်လုပ်ငန်းများမှာ အမှန်တစ်ကယ်လုပ်ငန်းလည်ပတ်နေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ကုန်ကြမ်းပဲကြီးကို ပိဿာချိန်(၃၀)ဝင် တစ်အိတ်လျှင် ကျပ်(၂၀၀၀၀၀-၂၅၀၀၀၀)ဖြင့် မုံရွာ၊ အောင်ပန်းမြို့များမှ ဝယ်ယူကြောင်း၊ တစ်နေ့လျှင် အိတ်ရေ(၁၈ - ၂၀)အိတ်ခန့် ကြော်ရကြောင်း၊ တစ်လလျှင် ပျမ်းမျှ(၂၀-၂၅)ရက် ခန့် လုပ်ကိုင်ရကြောင်း၊ ပဲကြော်သော လုပ်သားဦးရေ (၉)ဦးရှိပြီး လုပ်သားခကို တစ်နေ့လျှင် အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀)၊ အမျိုးသမီးတစ်ဦး ကျပ် (၁၀၀၀၀)ပေးကြောင်း၊ ပဲညှစ်သော လုပ်သားဦးရေ  အများအပြားရှိပြီး ပဲညှစ်ခကို တစ်ပြည်လျှင် ကျပ်(၇၀၀)ပေးကြောင်း၊ လူတစ်ဦး လျှင် ပဲညှစ်ခ ကျပ်(၆၀၀၀-၈၀၀၀)ခန့်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲပူးကြော်၊ နှစ်ပြန်ကြော် တစ်ပိဿာလျှင် လက်လီ ကျပ်(၂၀၀၀၀)၊ လက်ကား ကျပ်(၁၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ပဲကြော်များကို ပခုက္ကူမြို့ပေါ်တွင် ရောင်းချရမှုနည်းပြီး ရန်ကုန်၊ တောင်ကြီး၊ မုံရွာ၊ ကလေး၊ ကလေးဝမြို့နယ်များသို့ ရေလမ်းဖြင့် အများဆုံးတင်ပို့ ရောင်းချကြောင်း သိရသည်။

          ဈေးနှုန်းချိုသာသော စားအုန်းဆီ ခွဲတမ်းရရှိမှုကြောင့် လက်ရှိအချိန်တွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရသည်မှာ အဆင်ပြေကြောင်း၊ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင် ရသောကြောင့် စားအုန်းဆီ လုံလောက်မှုနည်းပါးသဖြင့် ဝါစေ့ဆီကို တွဲဖက်၍ သုံးစွဲနေကြောင်း၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ပခုက္ကူစက်မှုဇုန်မှ ဝယ်ယူကြောင်း၊ ဆီခွဲတမ်းရရှိမှုများလျှင် ပို၍ အဆင်ပြေကြောင်း၊ ဆီဈေးနှုန်းသင့်တင့်စွာ ဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ပဲကြော်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပိုမှုအား ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၆)ရက်နေ့ (၁၆:၃၀)နာရီအချိန်တွင် မြိတ်မြို့သို့ တင်ပို့မည့်ဆန်တင်ရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.ကဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်း စသည့် ပူးပေါင်းအဖွဲ့သည်(MV-အောင်တက်တိုး)ရေယာဉ်ပေါ်တွင် ပေါ်ဆန်းဆန်၊ ဧည့်မထဆန်အိတ်များ တင်ဆောင်၍ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း မရှိစေရေးနှင့် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News