Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မွန်ဂိုလီးယားနိုင်ငံ၏ GDP သည် တတိယသုံးလပတ်တွင် ၅.၉ ရာခိုင်နှုန်း တိုးတက်

          မွန်ဂိုလီးယားနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP သည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ယခင်နှစ်အလားတူကာလကထက် ၅.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံး (NSO) ၏ နိုဝင်ဘာလ ၁၇ ရက်နေ့ တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

          ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း မွန်ဂိုလီးယားနိုင်ငံ၏ GDP သည် တူဂရစ် ၆၀.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံ) အထိ ရှိခဲ့ပါသည်။ တိုးတက်မှုမှာ အဓိကအားဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးနှင့် သတ္တုတွင်းများ၏ ကောင်းမွန်သော စွမ်းဆောင်ရည်များကြောင့်ဖြစ်ကြောင်း NSO က ပြောကြားခဲ့ပါသည်။

          အချက်အလက်များအရ မွန်ဂိုလီးယားနိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်တွင် ၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဖွံဖြိုးရေးဘဏ် (ADB) က မွန်ဂိုလီးယား စီးပွားရေးသည် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် နှစ်ခုလုံးတွင် ၅.၇ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်းထားပါသည်။

          ADB ၏ အဆိုအရ မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် မွေးမြူးရေးလုပ်ငန်း ပြန်လည်ကောင်းမွန်လာမှုနှင့် သတ္တုတွင်းလုပ်ငန်း တိုးမြှင့်လုပ်ဆောင်မှုတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

နယူးဇီလန်နိုင်ငံ၏ နှစ်စဉ်စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်

          နယူးဇီလန်နိုင်ငံရှိ စားသောက်ကုန်ဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ တစ်နှစ်တာကာလအတွင်း ၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ရှိခဲ့သော ၄.၁ ရာခိုင်နှုန်းမှ အောက်တိုဘာလတွင် ၄.၇ ရာခိုင်နှုန်း သို့ မြင့်တက်လာခဲ့ကြောင်း Stats NZ က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          စားသောက်ကုန်မျိုးစုံသည် ၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အသား၊ ကြက်၊ ငါးဈေးနှုန်းများမှာ တစ်နှစ်လျှင် ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ထင်ရှားသော ဈေးနှုန်းမြင့်တက်မှုများတွင် နို့ ၁၃.၅ ရာခိုင်နှုန်း၊ အသင့်ဖျော်ကော်ဖီ ၂၅.၅ ရာခိုင်နှုန်း၊ ဒိန်ခဲ ၃၀.၁ ရာခိုင်နှုန်းနှင့် ကြက်ဥစိမ်း ၁၈.၅ ရာခိုင်နှုန်း တို့ပါဝင်ပါသည်။

          စားသောက်ကုန်ဈေးနှုန်းများသည် နှစ်စဉ်တိုးလာသော်လည်း စက်တင်ဘာလနှင့်နှိုင်းယှဉ်ပါက အောက်တိုဘာလတွင် စားသောက်ကုန်ဈေးနှုန်းများ ၀.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်း အကြီးစားလစဉ်ကျဆင်းမှုသည် ဟင်းသီးဟင်ရွက်ဈေးနှုန်း ၁၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း Growden က ပြေားကြားခဲ့ပါသည်။

          လျှပ်စစ်မီးနှင့် သဘာဝဓာတ်ငွေ့ဈေးနှုူန်းများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ ၁၂ လတာကာလအတွင်း ၁၁.၈ ရာခိုင်နှုန်းနှင့် ၁၄.၄ ရာခိုင်နှုန်း ဆက်လက်မြင့်တက်ခဲ့ပြီး အောက်တိုဘာလတွင် လစဉ် ၀.၅ ရာခိုင်နှုန်းနှင့် ၁.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

စည်းကြပ်ခွန်များကြောင့် အမေရိကန်နိုင်ငံသို့ ပေါ်တူဂီဝိုင် တင်ပို့မှုကျဆင်းလာ

          အမေရိကန်နိုင်ငံသို့ ပေါ်တူဂီဝိုင်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမကိုးလအတွင်း ယူရို ၉.၃ သန်း (အမေရိကန်ဒေါ်လာ ၁၀.၈၂ သန်း) ကျဆင်းသွားကြောင်း၊ ပေါ်တူဂီဝိုင်တင်ပို့မှုကဏ္ဍသည် အမေရိကန်၏ အခွန်အစီအမံများ၏ သက်ရောက်မှုကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်း Vini Portugal မှ ပြည်တွင်း မီဒီယာများသို့ ပေးပို့သည့် အချက်အလက်များအရ သိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ Donald Trump စတင်တာဝန်ယူပြီးနောက် အကောက်ခွန်အငြင်းပွားမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ မေလတွင် ပေါ်တူဂီုနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ဝိုင်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၉.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ကုန်ပစ္စည်းများ အားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အကောက်ခွန်စည်းကြပ်မှုပြုပြီးနောက် စုဆောင်းငွေယူရို ၄ သန်းဆုံးရှုံးခဲ့သည်။ စက်တင် ဘာလ ၃၀ ရက်နေ့ ကာလအထိ အကျုံးဝင်ခဲ့သည့် ဥရောပသမဂ္ဂနှင့် သဘောတူသည့် အကောက် ခွန် ၁၅ ရာခိုင်နှုန်းအရ ဝိုင်တင်ပို့ရောင်းချမှုတန်ဖိုးသည် ယခုအချိန်တွင် ထပ်မံကျဆင်းခြင်းကို ပြသလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်းရှိ Wines of Portugues အမှတ်တံဆိပ်ကို အရောင်းမြှင့်တင်ရန် တာဝန်ရှိသော Vini Portugal ဥက္ကဌဖြစ်သူ Frederico Falcao က ၎င်းသည် ပုံမှန်တင်ပို့မှု တန်ဖိုးကျဆင်း ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ အကောက်ခွန်စည်းကြပ်မှုသည် ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အနုတ်လက္ခဏာဆောင်ကြောင်း၊ အခွန်စည်းကြပ်ခြင်းထက်ပို၍ ထိခိုက်စေသည်မှာ ဝယ်ယူသူများအား သိသာစွာစိတ်ပျက်စေသည့် အမေရိကန်စျေးကွက်၏ ကြိုတင်ခန့်မှန်းနိုင်စွမ်းပင်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Prowin Shanghai 2025 တွင် ပါဝင်သည့် ပေါ်တူဂီ ထုတ်လုပ်သူ ၃၃ ဦးနှင့်အတူ တရုတ်နိုင်ငံသို့ မထွက်ခွာမီ Falcao မှ ပို့ကုန်တန်ဖိုး ကျဆင်းသော်လည်း ပို့ကုန်တန်ဖိုးကျဆင်းသော်လည်း ပို့ကုန်ပမာဏတိုးလာကြောင်း ပြောကြားခဲ့သည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

အမေရိကန်သည် လယ်ယာထွက်ကုန်အချို့အပေါ် အပြန်အလှန်အခွန်စည်းကြပ်မှုများကို ဖယ်ရှား

       စျေးနှုန်းမြင့်တက်မှုကို ဖြေလျှော့ရန် လယ်ယာထွက်ကုန်အချို့အပေါ် အပြန်အလှန် အကောက်ခွန်များဖယ်ရှားရန် အမှုဆောင်အမိန့်ကို Trump အစိုးရက နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။ ကော်ဖီနှင့်လက်ဖက်ရည်၊ အပူပိုင်းဒေသသစ်သီးများနှင့် သစ်သီးဖျော်ရည်များ၊ ကိုကိုး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ အမဲသား၊ အိမ်ဖြူတော်မှ ထုတ်ပြန်သော အချက်အလက်စာရွက်အရ ဓာတ်မြေသြဇာအချို့ကို အပြန်အလှန်အခွန်များမှ ကင်းလွတ်ခွင့်ပြု ထားကြောင်းသိရသည်။ အဆိုပါအခွန်ကင်းလွတ်ခွင့်အမိန့်သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အသက်ဝင်ခဲ့သည်။ အပြန်အလှန်ကုန်သွယ်မှုညှိနှိုင်းမှုများတွင် သိသိသာသာတိုးတက်မှုများ၊ အချို့သောထုတ်ကုန်များအတွက် လက်ရှိပြည်တွင်းဝယ်လိုအားနှင့် ထုတ်ကုန်များ ထုတ်လုပ်ရန် ပြည်တွင်း စွမ်းဆောင်ရည်တို့ကြောင့် အပြန်အလှန်အခွန်စည်းကြပ်မှုနယ်ပယ်ကို ထပ်မံမွမ်းမံ ပြင်ဆင်ရန်လိုအပ်ကြောင်း အမေရိကန်သမ္မတ Donald Trump မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရသိရသည်။ အကောက်ခွန်ကင်းလွတ်ခွင့်များသည် စျေးနှုန်းများကို လျှော့ချသင့်ပြီး ၎င်းတို့သည် ငှက်ပျောသီးကဲ့သို့သော အမေရိကန်နိုင်ငံတွင် ပြိုင်ဆိုင်မှု ကင်းသောအစားအစာများနှင့် သက်ဆိုင်ကြောင်း Trump က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ US Consumer Price Index သည် တိုးတက်မှုနှုန်း မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ၃ ရာခိုင်နှုန်းဖြစ်ပြီး သြဂုတ်လ၏ ၂.၉ ရာခိုင်နှုန်းမှ အနည်း ငယ် မြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့်၊ စက်တင်ဘာလတွင် အမဲသားနှင့် ဝက်သားပေါက် ဈေးသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၇ ရာခိုင်နှုန်း တိုးလာပြီး ကော်ဖီစျေးနှုန်းများ ၁၈.၉ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

ဆွစ်ဇာလန်အပေါ် အခွန် ၁၅ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ အမေရိကန်က သဘောတူ

         အမေရိကန်အစိုးရသည် ဆွစ်ဇာလန်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ် အခွန်အခများကို ၃၉ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချရန် သဘောတူညီခဲ့ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ လအတန်ကြာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီးနောက်တွင် Liechtenstein မှ ပူးပေါင်းပါဝင်သည့် အမေရိကန်နှင့် ဆွစ်ဇာလန်တို့သည် ကုန်သွယ်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ကြောင်း အိမ်ဖြူတော်က မှတ်ချက်ပြုခဲ့သည်။ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Swiss နှင့် Liechtenstein ကုမ္ပဏီများသည် အမေရိကန်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အနည်းဆုံး ဒေါ်လာ ၆၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ US ပြည်နယ် ၅၀ လုံးတွင် အလုပ်အကိုင် ထောင်ပေါင်းများစွာ ဖန်တီးရန် ရည်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုသည် ဆေးဝါး၊ စက်ယန္တရားများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အာကာ သယာဉ်၊ ဆောက်လုပ်ရေး၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ ရွှေထုတ်လုပ်မှုနှင့် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများ အပါအဝင် ကဏ္ဍများစွာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ နိုင်ငံများသည် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ၎င်းတို့၏ ကုန်သွယ်မှုသဘော တူညီချက်ကို အပြီးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် ရည်မှန်းထားကြသည်။ ဆွစ်ဇာလန် သွင်းကုန်များအပေါ် ၁၅ ရာခိုင်နှုန်းအကောက်ခွန်နှုန်းထား သည် "ဥရောပသမဂ္ဂကို ပေးသော တူညီသောဆက်ဆံမှုဖြစ်သည်" ဟုအိမ်ဖြူတော်မှ အချက်အလက် စာရွက်အရသိရသည်။ ဆွစ်ဇာလန်အကောက်ခွန်ဒေတာအရ အမေရိကန်သည် ၂၀၂၁ ခုနှစ်မှစ၍ ဆွစ်ဇာလန်၏အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်လာပြီး ၂၀၂၄ ခုနှစ်တွင် ပို့ကုန်၏ ၁၈.၆ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စုသည် ယမန်နှစ်တွင် ဓာတုဗေဒပစ္စည်းများနှင့် ဆေးဝါးများ၊ နာရီထုတ်လုပ်ခြင်းနှင့် ဆွဇ်ဇာလန်စက်မှုလုပ်ငန်းအတွက် ထိပ်တန်းစျေးကွက်ဖြစ်ခဲ့‌ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

မလေးရှား၏ FDI အသားတင်ဝင်ရောက်မှုသည် တတိယသုံးလပတ်တွင် ၂.၀၆ ဘီလီယံဒေါ်လာအထိ မြင့်တက်လာ

          မလေးရှားနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် ရင်းဂစ် ၁.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၃၉၀) မှ တတိယသုံးလပတ်တွင် ရင်းဂစ် ၈.၅ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖော်ပြခဲ့သည်။ တိုးလာမှုသည် ကြီးမားသော အစုရှယ်ယာ ထိုးသွင်းမှုများဖြင့် အဓိက ပံ့ပိုးပေးခြင်းဖြစ်ကြောင်း မလေးရှား စာရင်းအင်းဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ FDI အများစုသည် ဝန်ဆောင်မှုကဏ္ဍအတွင်း အထူးသဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွဲများအတွင်း၊ အထူးသဖြင့် ဒေတာစင်တာလုပ်ငန်းများနှင့် ချိတ်ဆက်ထားသည်။ ဝန်ဆောင်မှုကဏ္ဍတွင် အဓိကအားဖြင့် ဝင်ငွေပြန်လည်ရင်းနှီးမြှုပ်နှံခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး ကဏ္ဍခွဲတွင် အများစုကို စုစည်းထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြစ်သည်။ FDI ၏ အဓိက ရင်းနှီးမြှုပ်နှံသူများသည် စင်္ကာပူနိုင်ငံ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့မှ ဖြစ်သည်။ ခြုံငုံကြည့်လျှင် မလေးရှား၏ FDI အနေအထားသည် သုံးလပတ်တွင် ရင်းဂစ် ၁၉.၅ ဘီလီယံ တိုးလာပြီး ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ရင်းဂစ် ၁၀၂၁.၅ ဘီလီယံအထိ မှတ်တမ်းတင်ခဲ့သည်။ တစ်ချိန်တည်းတွင်၊ မလေးရှား၏ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (DIA) သည် လွန်ခဲ့သည့် သုံးလပတ်တွင် အသားတင်ဝင်ရောက်မှုမှ ရင်းဂစ် ၁.၇ ဘီလီယံ  မှတ်ပုံတင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

အာဖဂန်အစိုးရသည် အာဖဂန်နစ္စတန်‌နိုင်ငံတောင်ပိုင်းတွင် ကြက်မွေးမြူရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀ သန်း ရင်းနှီးမြှုပ်နှံ

         အာဖဂန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ ကြက်မွေးမြူရေးကဏ္ဍတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြုပ်နှံခဲ့ပြီး လူပေါင်း ၂၅၀၀ ကျော်အတွက် အလုပ်အကိုင်များ ရရှိစေခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေး ညွှန်ကြားရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

         Mohammad Hanif Haqmal ၏အဆိုအရ လွန်ခဲ့သည့် ၁၈ နှစ်က ကြက်မွေးမြူရေး ခြံငယ်တစ်ခုအဖြစ် စတင်ခဲ့သော အဆိုပါစီမံကိန်းသည် တဖြည်းဖြည်း တိုးချဲ့လာခဲ့ပြီး လက်ရှိတွင် ကြက်ဥ ၃၅၀၀၀၀ နှင့် ကြက်သား ၆၀၀၀၀ ကီလိုဂရမ်ကို နေ့စဉ်ထုတ်လုပ်လျက်ရှိသည်။

           ကြက်မွေးမြူရေးခြံ ၁၂ ခြံဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ စီမံကိန်းသည် ပြည်တွင်း ကြက်သား၀ယ်လိုအား ပြည့်မီစေရန် ပံ့ပိုးပေးထားပြီး ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

         နှစ်စဉ် ကြက်သား ထုတ်လုပ်မှု သို့မဟုတ် တင်သွင်းမှု ကိန်းဂဏန်းများကို ထုတ်ဖော်ခြင်းမရှိဘဲ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေး ဝန်ကြီးဌာနသည် စစ်ပြီးခေတ် ကြက်ခြံများအပါအဝင် လိုအပ်သော ကဏ္ဍအားလုံးတွင် ရင်းနှီးမြှုပ်နှံမှု တွန်းအားပေး လုပ်ဆောင်နေကြောင်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။ 

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

လက်တင်အမေရိကနိုင်ငံ ၄ နိုင်ငံအပေါ် အခွန်စည်းကြပ်မှုကို အမေရိကန်အစိုးရက တစ်စိတ်တစ်ပိုင်း ဖယ်ရှားခဲ့

         အာဂျင်တီးနား၊ ဂွာတီမာလာ၊ အယ်လ်ဆာဗေးဒေါနှင့် အီကွေဒေါနိုင်ငံများအကြား နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက် မူဘောင်များကို အမေရိကန် အစိုးရက အကောင်အထည် ဖော်လိုက်ပြီဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ သဘောတူညီချက်များအောက်တွင် အမေရိကန်ပြည်ထောင်စုတွင် စိုက်ပျိုးခြင်း၊ တူးဖော်ခြင်း သို့မဟုတ် သဘာဝအတိုင်း ထုတ်လုပ်ခြင်းမပြုနိုင်သော အချို့သောပစ္စည်းများအပေါ် အပြန်အလှန်အခွန်စည်းကြပ်ခြင်းကို ဖယ်ရှားမည်ဖြစ်သည်။ လေးနိုင်ငံသည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သို့မဟုတ် နယ်ပယ်များစွာတွင် ၎င်းတို့၏စျေးကွက်များ ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။ သဘောတူညီချက်များအရ အမေရိကန်သည် ဂွာတီမာလာနှင့် အယ်လ်ဆာ ဗေဒိုနိုင်ငံတို့မှ အထည်အလိပ်နှင့် အဝတ်အထည်ထုတ်ကုန်များအပေါ် အပြန်အလှန် အခွန်စည်းကြပ်မှုများကို ဖယ်ရှားမည်ဖြစ်သည်။ အထူးသဖြင့် အာဂျင်တီးနားသည် အချို့သော ဆေးဝါးများ၊ ဓာတုပစ္စည်းများ၊ စက်ယန္တရားများ၊ သတင်းအချက်အလက် နည်းပညာပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာများ၊ မော်တော်ယာဥ်များနှင့် လယ်ယာထွက်ကုန်အများအပြား အပါအဝင် အမေရိကန်ကုန်ပစ္စည်းတင်ပို့မှုအတွက် ဦးစားပေးစျေးကွက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်သည် အာဂျင်တီးနား၊ ဂွာတီမာလာနှင့် အယ်လ်ဆာဗေးဒေါနိုင်ငံတို့မှ ကုန်ပစ္စည်းအများစုအပေါ် အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းနှင့် အီကွေဒေါနိုင်ငံမှ ကုန်ပစ္စည်းအများစုအပေါ် ၁၅ ရာခိုင်နှုန်းအထိ တိုးကောက်မည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ အိမ်ဖြူတော်သည် လာမည့်သီတင်းပတ်များအတွင်း သဘောတူညီချက်များကို အပြီးသတ်ရန် မျှော်လင့်ထားသည်။ ယခုနှစ်အစောပိုင်းတွင် အမေရိကန်အစိုးရမှ အပြန်အလှန်အကောက်ခွန်စည်းကြပ်မှုများသည် မကြာသေးမီလများအတွင်း ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများကို တွန်းအားပေးခဲ့ပြီး စက်တင်ဘာလတွင် အမေရိကန်စားသုံးသူစျေးနှုန်းညွှန်းကိန်းသည် တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ငှက်ပျောသီး၊ ကော်ဖီနှင့် ကိုကိုးကဲ့သို့သော ကုန်ပစ္စည်းများအပေါ် အပြန်အလှန် အကောက်ခွန်များလျှော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုဖိအားများကို သက်သာစေရန် မျှော်လင့်ထားကြကြောင်းလည်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

ကမ္ဘာလုံးဆိုင်ရာ CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင် မြင့်မားလာ

          ရုပ်ကြွင်းလောင်စာများမှ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွှတ်မှုသည် ၂၀၂၅ ခုနှစ်အတွင်း စံချိန်တင်မြင့်မားလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်ထက် ၁.၁ ရာခိုင်နှုန်း တိုးလာကြောင်း ဘရာဇီးနိုင်ငံ Belem ၌ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် 30th United Nations Climate Change Conference (COP30) တွင် ပြသသည့် လေ့လာမှုတစ်ခုအရ သိရ သည်။ နိုင်ငံတကာ သိပ္ပံနည်းကျ လုပ်ငန်းစု Global Carbon Project မှ ထုတ်လုပ်သော Global Carbon Budget 2025 တွင် ရုပ်ကြွင်း CO2 ထုတ်လွှတ်မှုသည် ယခုနှစ်တွင် တန်ချိန် ၃၈.၁ ဘီလီယံအထိရှိမည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်သို့ လျှော့ချရန် ရည်မှန်းချက်သည် လက်ရှိအခြေအနေများအောက်တွင် လက်လှမ်းမမီနိုင်ဘဲ သမုဒ္ဒရာများနှင့် သစ်တောများကဲ့သို့သော သဘာဝကာဗွန်နစ်မြုပ်မှုသည် ရာသီဥတုပြောင်းလဲမှုကြောင့် အားနည်းလျက်ရှိကြောင်း အစီရင်ခံစာက သတိပေးထားသည်။ CO2 ဓာတ်ငွေ့ထုတ် လွှတ်မှု တိုးလာနေသေးသောကြောင့် ကမ္ဘာကြီးပူနွေးလာမှု ၁.၅ ဒီဂရီစင်တီဂရိတ် အောက်ကို ထိန်းထားနိုင်မှုက မဖြစ်နိုင်သေးကြောင်း၊ ၁.၅ ဒီဂရီစင်တီဂရိတ်အတွက် ကျန်ရှိသော ကာဗွန်ဒိုင် အောက်ဆိုဒ် တန်ချိန် ၁၇၀ ဘီလီယံသည် လက်ရှိ ဓာတ်ငွေ့ထုတ်လွှတ်မှုနှုန်းဖြင့် ၂၀၃၀ ခုနှစ် မတိုင်မီ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း Exeter တက္ကသိုလ်မှ ပါမောက္ခ Pierre Friedlingstein က ပြောကြားခဲ့သည်။ နိုင်ငံ ၃၅ နိုင်ငံသည် ၎င်းတို့၏ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာတွင် အောင်မြင်မှုနဲ့အတူ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းလျက်ရှိကြောင်း East Anglia တက္ကသိုလ်မှ ပါမောက္ခ Corinne Le Quere က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

BiH နှင့် တူရကီတို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကုန်သွယ်ရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြ

        ဘော့စနီးယားနှင့်  ဟာဇီဂိုဗီးနား (BiH) နှင့် တူရကီနိုင်ငံတို့မှ အကြီးတန်းအရာရှိများသည် ကုန်စည်သယ်ယူပို့ဆောင်မှု ချောမွေ့စေရန် ရည်ရွယ်သည့် ကုန်သွယ်မှုသဘောတူစာချုပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ စချုပ်ချုပ်ဆိုသည့် အဖွဲ့များသည် ကုန်စည်စီးဆင်းမှုအတွက် ရိုးရှင်းပြီး လိုက်လျောညီထွေရှိသော စည်းမျဉ်းများပါဝင်သည့် Pan-Euro-Mediterranean Preferential Rules of Origin (PEM Convention) ဆိုင်ရာ ဆုံးဖြတ်ချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

          ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော PEM Convention သည် ဘော့စနီးယား၊ တူရကီ၊ ဆားဘီးယားနှင့် အခြားနိုင်ငံများအပါအဝင် EU၊ EFTA နှင့် မြေထဲပင်လယ်နိုင်ငံများအကြား မူလဇာတ်မြစ် စည်းမျဉ်းများနှင့် ယန္တရာများကို ညီညွတ်စေကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ