Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တန်ဇန်းနီးယားနိုင်ငံ၏ ဇန်ဇီဘာခရီးသွားဝင်ရောက်မှုသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ၂၄ ရာခိုင်နှုန်း တိုးလာခဲ့

         တန်ဇန်းနီးယားနိုင်ငံ၏ ဇန်ဇီဘာသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာလှည့် ခရီးသည်လာရောက်မှု ၈၆,၇၄၀ ရှိကြောင်း မှတ်တမ်းဝင်ခဲ့ပြီး ယမန်နှစ် အလားတူလ၏ခရီးသွား ၆၉,၈၆၀ ဦးထက် ၂၄.၂ ရာခိုင်နှုန်း တိုးလာကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် တရားဝင် အချက်အလက်များအရ သိရသည်။ ခရီးသွားလာရေးဆိုင်ရာ ဇန်ဇီဘာကော်မရှင်မှ သုတေသနနှင့် စာရင်းအင်းအရာရှိ Hassan Ameir Vuai က အရေအတွက်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် မှတ်တမ်းတင်ထားသော ဧည့်သည် ၈၄၁၅၄ ဦးထက် ၃.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဥရောပသည် တန်ဇန်းနီးယားနိုင်ငံ၏ ထိပ်တန်းခရီး သွားဝင်ရောက်သည့်ရင်းမြစ်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေကာ ဧည့်သည်စုစုပေါင်း၏ ၅၈၃၃၂ ဦး သို့မဟုတ် စုစုပေါင်း၏ ၆၇.၂ ရာခိုင်နှုန်းရှိပြီး၊ ၎င်း၏နောက်တွင် အာဖရိက၊ အာရှနှင့် Oceania တို့ဖြစ်သည်။ အီတလီသည် လာရောက်မှု ၈၈၉၄ ဦးဖြင့် မူလနိုင်ငံစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး စုစုပေါင်း၏ ၁၀.၃ ရာခိုင်နှုန်း၊ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် တောင်အာဖရိက တို့နောက်တွင် ရပ်တည်နေကြောင်း ၎င်းကဆိုသည်။ ဧည့်သည် ၉၂ ရာခိုင်နှုန်းသည် လေကြောင်း ဖြင့် ကျွန်းများသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ၈ ရာခိုင်နှုန်းမှာ ပင်လယ်ရေကြောင်းဖြင့် ဝင်ရောက်ကြပြီး အမျိုးသားဧည့်သည်ဦးရေ ၄၈,၁၂၇ ရှိပြီး စုစုပေါင်း၏ ၅၅.၅ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ဆိုသည်။ ၉၉.၃ ရာခိုင်နှုန်းသည် အပန်းဖြေရန် ရည်ရွယ်ချက်ဖြင့်လာရောက်ကြခြင်းဖြစ်ပြီး ပျမ်းမျှ ရှစ်ရက်ခန့် လာရောက်လည်ပတ်ကြကြောင်း Vuai က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

အိန္ဒိယနှင့် ကနေဒါနိုင်ငံတို့သည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြ

          အိန္ဒိယနှင့် ကနေဒါတို့သည် ကုန်သွယ်မှုမြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမည့် နည်းလမ်းများကို ဆွေးနွေးရန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၇ ကြိမ်မြောက် အိန္ဒိယ-ကနေဒါ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပြန်လည်အားကောင်းလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ရန်ရည်ရွယ်သော နှစ်နိုင်ငံဆက်ဆံမှုအဆင့်ကို ကြိုဆိုသော ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဝန်ကြီးဌာန၏အဆိုအရ ဆွေးနွေးပွဲတွင် အာဟာရဖူလုံရေး၊ ထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးကူညီမှုစသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကကဏ္ဍများ အပါအဝင် ကျယ်ပြန့်သော အစီအစဉ်တစ်ရပ်ကို ထည့်သွင်းထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယနှင့် ကနေဒါတို့ကြား ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈.၃၈ ဘီလီယံအထိ ရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ နယူးဒေလီနှင့် အော့တာဝါတို့သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် သံတမန်ရေးရာ အချင်းများခဲ့ပြီး ယင်းနောက်တွင် သံတမန်ရေးအရ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ အိန္ဒိယ၀န်ကြီးချုပ် Narendra Modi သည် ယခုနှစ် ဇွန်လတွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Mark Carney နှင့် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် ရထားလမ်းဖြင့် ကုန်သွယ်မှုကို မြှင့်တင်

         အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် ရထားလမ်းကုန်သွယ်မှု ချိတ်ဆက်မှုမြှင့်တင်ရန် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ဗဟိုကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု ဝန်ကြီး Piyush Goyal နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး Anil Kumar Sinha တို့ တွေ့ဆုံစဉ်တွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အိန္ဒိယနှင့် နီပေါနိုင်ငံကြား ကူးသန်းသွားလာရေး သဘောတူစာချုပ်ပါ သဘောတူညီချက်ကို ပြင်ဆင်သည့် အိတ်ချိန်းစာတစ်စောင်ကို နှစ်ဖက်အပြန်အလှန် ဖလှယ်ခဲ့ကြသည်။ ထိုလက်မှတ်ရေးထိုးမှုသည် ကုန်ပစ္စည်းများအများအပြားတင်ပို့ခြင်းအပါအဝင် Jogbani (India) နှင့် Biratnagar (နီပေါ) တို့ကြား ရထားလမ်းအခြေခံကုန်စည်ပို့ဆောင်မှုကို လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း  အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းရထားလမ်းအား ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နှစ်နိုင်ငံပူးတွဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယသည် နီပေါ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်း၏ ပြင်ပကုန်သွယ်မှုအတွက် သိသာထင်ရှားသော ဝေစုကို တွက်ချက်ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

လာအိုနိုင်ငံသည် စိုက်ပျိုးရေးထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိ

         လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် နိုဝင်ဘာ ၁၃ ရက်၌ လာအိုထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရန် အစီအမံများကို ဖော်ပြခဲ့သည်။ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သည့် လာအိုအမျိုးသား လွှတ်တော်၏ ၁၀ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လာအိုစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီး Linkham Douangsavanh က မကြာသေးမီနှစ်များအတွင်း စိုက်ပျိုးရေးနှင့် သစ်တောထွက်ရှိမှု သိသိသာသာ တိုးတက်လာကြောင်း အစီရင်ခံတင်ပြခဲ့ပြီး သွင်းကုန်လျှော့ချရန်နှင့် ပို့ကုန်တိုးမြှင့်ရန် ကြီးမားသော စီမံကိန်းများစွာရှိကြောင်း မကြာသေးမီနှစ်များက ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လယ်ယာနှင့် သစ်တောထွက် ကုန်များ၏ ပို့ကုန်တန်ဖိုးမှာ တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလီယံ ရှိသည်။ ၂၀၂၅ ခုနှစ် ပထမ ၁၀ လတွင် ပို့ကုန်သည် ဒေါ်လာ ၁.၅၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး လာအို အမျိုးသားလွှတ်တော်၏ နှစ်စဉ် လျာထားချက်ဖြစ်သော ဒေါ်လာ ၁.၅ ဘီလီယံကို ကျော်လွန်ခဲ့ သည်။ တိုးတက်မှုရှိသော်လည်း၊ Linkham သည် အကန့်အသတ်ရှိ သောစက်မှုလုပ်ငန်း၊ ခေတ်မီနည်းပညာအသုံးပြုမှုနည်းပါးခြင်း၊ ဆည်မြောင်းမလုံလောက်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များအားနည်းခြင်းနှင့် မဖွံ့ဖြိုးသေးသော အခြေခံအဆောက်အအုံများအပါအဝင် စိန်ခေါ်မှုများကို အသိအမှတ်ပြုခဲ့သည်။ အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဝန်ကြီးဌာနသည် ထုတ်လုပ်မှုကုန်ကျစရိတ် ကိုလျှော့ချရန်နှင့် အဆင့်မြင့်နည်းပညာနှင့် ဆန်းသစ်တီထွင်မှု အသုံးပြုမှုကို မြှင့်တင်ရန်နှင့် ကောက်ပဲသီးနှံ၊ မွေးမြူရေးနှင့် ငါးပုစွန်ကဏ္ဍတို့အတွက် အသေးစိတ် အမျိုးသားအဆင့် မဟာ ဗျူဟာများ အကောင်အထည်ဖော်ခြင်း အပါအဝင် အဓိကအစီအမံများစွာကို ဖော်ပြခဲ့သည်။ ဝန်ကြီးဌာနသည် အရင်းအနှီး၊ စျေးကွက်အချက်အလက်နှင့် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ တိရစ္ဆာန် ဆေးနှင့် စက်ပစ္စည်း များကဲ့သို့သော မရှိမဖြစ်လိုအပ်သော သွင်းအားစုများ လက်လှမ်းမီမှု တိုးတက်လာစေရန်လည်း စီစဉ်ထားသည်။ ထို့အပြင် ထောက်ပံ့ပို့ဆောင်ရေး၊ ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ သိုလှောင်ရုံများ၊ ပိုးမွှားနှင့် အကြွင်းအကျန်များကို ခွဲခြမ်းစိတ်ဖြာရန် ဓာတ်ခွဲခန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပံ့ပိုးပေးနေစဉ် ခေတ်မီရေရှည်တည်တံ့သော စိုက်ပျိုးရေးကို မြှင့်တင်ရန်လည်း ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

CPF သည် ဖိလစ်ပိုင်နိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်းကို ပြန်လည်အသက်သွင်းရန်အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံ

        နိုင်ငံ၏ ဝက်သားပေါက်လုပ်ငန်းတွင် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်သည့် Charoen Pokphand Foods Philippines Corp. (CPF) သည် ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ဝက်သား ပေါက်များ ထုတ်လုပ်မှုကို မြှင့်တင်ရန် စီမံကိန်းကို ဆောင်ရွက်နေကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေး ဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

         CPF သည် ၎င်း၏ ၀က်အကောင်ရေ ၁.၃ သန်းမှ ၂၀၃၀ တွင် ၇ သန်းအထိ ၎င်း၏ ၀က်မွေး မြူထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန် ရည်မှန်းထားကြောင်း ၎င်းကဆိုသည်။

        ကိန်းဂဏန်းများအရ နိုင်ငံ၏ ဝက်တုပ်ကွေးသည် ၂၀၁၉ ခုနှစ်တွင် ပထမဆုံးဖြစ်ပွားခဲ့သော အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားပြီးကတည်းက အကောင်ရေ ၁၃ သန်းမှ ၈ သန်း အထိ ကျဆင်းသွားကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

          လာမည့်သုံးနှစ်အတွင်း ရောဂါကြိုတင်ဖြစ်ပွားမှု အဆင့်သို့ရောက်ရှိစေရန် ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် မွေးမြူရေးဝက်များ ဖြန့်ဖြူးပေးခြင်းများပါ၀င်သည့် လူနေပြန်လည် ထူထပ်ရေးအစီအစဉ်ကို စတင်ခဲ့ကြောင်း အဆိုပါဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ ဆန်အထွက်နှုန်းသည် ယခုနှစ်တွင် ဒုတိယအနိမ့်ဆုံးဖြစ်လာ

          တောင်ကိုးရီးယားနိုင်ငံ၏ ဆန်ထွက်ရှိမှုသည် စံချိန်တင် စပါးနည်းပါးမှုကြောင့် ယခုနှစ်တွင် ဆန်အထွက်နှုန်း ဒုတိယအနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း စာရင်းအင်းရုံးမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဆန်ထုတ်လုပ်မှု စုစုပေါင်း တန်ချိန် ၃,၅၃၉,၀၀၀ ရှိပြီး ယခင်နှစ်က ထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

         လေးနှစ်ဆက်တိုက် အထွက်နှုန်းသည် ဒုတိယအနိမ့်ဆုံးဖြစ်ခဲ့သည်။ အနိမ့်ဆုံးအထွက်နှုန်းသည် ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၃၅၀၇၀၀၀ ရှိခဲ့သည်။ ယခုနှစ် ကျဆင်းမှုသည် စံချိန်တင် စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် ဖြစ်သည်။

          နိုင်ငံတစ်ဝှမ်း စပါးခင်းအရွယ်အစားမှာ တစ်နှစ်ထက်တစ်နှစ် ၂.၉ ရာခိုင်နှုန်း လျော့နည်းသွားပြီး ဟက်တာ ၆၇၈,၀၀၀ ရှိကာ ၁၉၇၅ ခုနှစ်တွင် သက်ဆိုင်ရာ အချက်အလက်များကို စတင်ပြုစုခဲ့ချိန်မှစ၍ အနိမ့်ဆုံးဖြစ်ခဲ့သည်။ စားသုံးမှုအလေ့အထ အပြောင်းအလဲကြောင့် နိုင်ငံ၏ ဆန်စားသုံးမှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အကြမ်းဖျင်းအားဖြင့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua                                                                                            

DOCA (ရန်ကုန်)

စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်သည် အောက်တိုဘာလတွင် ယခင်နှစ်အလားတူကာလထက် ၂၂.၂ ရာခိုင်နှုန်း တိုးတက်

          စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်များသည် စက်တင်ဘာလတွင် မှတ်တမ်းတင်ခဲ့သော ၇ ရာခိုင်နှုန်းမှ အရှိန်မြင့်ကာ အောက်တိုဘာလတွင် ယခင်နှစ်အလားတူကာလထက် ၂၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Enterprise Singapore မှ နိုဝင်ဘာလ ၁၇ ရက်နေ့  ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရှိရပါသည်။

          အီလက်ထရွန်းနစ်နှင့် အီလက်ထရွန်းနစ်မဟုတ်သော ပို့ကုန်နှစ်ခုလုံးသည် အသီးသီး ၃၃.၂ ရာခိုင်နှုန်းနှင့် ၁၈.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ခိုင်မာသော စွမ်းဆောင်ရည်ကို အထောက်အကူ ပြုခဲ့ပါသည်။ ရေနံမဟုတ်သည့် ပြန်လည်တင်ပို့သော ကုန်ပစ္စည်းများသည် စက်တင်ဘာလတွင် ၂၀.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် အောက်တိုဘာလတွင် ယခင်နှစ် အလားတူကာလထက် ၃၀.၁ ရာခိုင်နှုန်း မြင့်တက်ကာ ခိုင်မာသော တိုးတက်မှုကို ပြသခဲ့ပါသည်။ အဆိုပါ တိုးတက်မှုသည် အီလက်ထရွန်းနစ်နှင့် အီလက်ထရွန်းနစ်မဟုတ်သော ပို့ကုန်နှစ်ခုလုံး ပိုမိုတင်ပို့မှုကြောင့် ဖြစ်ပါသည်။

          ယေဘုယျအားဖြင့် စုစုပေါင်း ကုန်သွယ်မှုသည် အောက်တိုဘာလတွင် ယခင်နှစ်ကထက် ၂၃.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယခင်လက မြင့်တက်ခဲ့သော ၁၄.၆ ရာခိုင်နှုန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မလေးရှားနိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်တွင် ၅.၂ ရာခိုင်နှုန်း တိုးတက်

          ပြည်တွင်းဝယ်လိုအား ဆက်လက်တည်မြဲမှုနှင့် ပို့ကုန်အသားတင်တန်ဖိုး မိုမိုမြင့်မားလာမှုတို့ကြောင့် မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်၏ တတိယ သုံးလပတ်တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          Bank Negara Malaysia (BNM) က ထုတ်ပြန်ချက်တွင် ပြည်တွင်းအိမ်‌ထောင်စုသုံးစွဲမှုကို အလုပ်သမားဈေးကွက် အခြေအနေကောင်းများ၊ ဝင်ငွေဆိုင်ရာမူဝါဒအစီအမံများနှင့် ငွေသားအကူအညီ အစီအစဉ်များဖြင့် ပံ့ပိုးပေးထားကြောင်း ဖော်ပြထားပါသည်။

          မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း ၄.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရားဝင်ခန့်မှန်းထားသော ၄ ရာခိုင်နှုန်းမှ ၄.၈ ရာခိုင်နှုန်း အတွင်းတွင် ရောက်ရှိခဲ့ပါသည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားတွင် ခံနိုင်ရည်ရှိမှုကို ဆက်လက်ထင်ဟပ်စေကြောင်း BNM အုပ်ချုပ်ရေးမှူး Abdul Rasheed Ghaffour က ပြောကြားခဲ့ပါသည်။

          ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများသည် ဆက်လက်၍ စိန်ခေါ်မှုများ ရှိနေမည်ဖြစ်ပြီး ရောက်ရှိလာနိုင်သည့် မည်သည့်အခက်ခဲကိုမဆို ကျော်လွှားနိုင်ရန် စီးပွားရေးဆိုင်ရာ အရံငွေများကို ဆက်လက်၍ အားဖြည့်ရန်လိုအပ်မည်ဖြစ်ကြောင်း Abdul Rasheed Ghaffour က ဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုငွေကျဆင်း

        ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၈၉.၂ ဘီလီယံ အထိ ကျဆင်းခဲ့ကြောင်း ယခင်နှစ် အလားတူကာလ ဒေါ်လာ ၁၀၀.၅ ဘီလီယံ မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားဗဟိုဘဏ် CBR ၏ ပြောကြားချက်မျာကို ကိုးကား၍  RIA Novosti သတင်းဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါကျဆင်းမှုသည် အဓိကအားဖြင့် တွင်းထွက်ပစ္စည်းတင်ပို့မှု လျော့ကျခြင်းကြောင့် ဖြစ်သော်လည်း စွမ်းအင်မဟုတ်သော ကုန်ပစ္စည်းများ ပိုမိုတင်ပို့မှုဖြင့် တစ်စိတ်တစ်ပိုင်း ပြန်လည်မြင့်တက်လာခဲ့ပါသည်။

          ရုရှား၏ လက်ရှိစာရင်းပိုလျှံမှုသည်လည်း သိသိသာသာ လျော့ကျခဲ့ပြီး ၂၀၂၅ ခုနှစ် ပထမ ၉ လ တွင် ဒေါ်လာ ၃၀.၁ ဘီလီဘံ အထိ ကျဆင်းခဲ့ကာ ယခင်နှစ် ‌‌ဒေါ်လာ ၄၉.၁ ဘီလီယံ နှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့ကြောင်း CBR က ပြောကြားခဲ့ပါသည်။

          လက်ရှိစာရင်းပို့လျံမှုလျော့ကျခြင်းသည် ကျည်မြောင်းလာသော ကုန်သွယ်မှုပိုလျံမှုနှင့် ဝန်ဆောင်မှု လက်ကျန်လိုငွေ ပိုမိုများပြားလာခြင်း နှစ်ခုလုံးကို ထင်ဟပ်စေကြောင်း CBR က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)

ကာဂျစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်းတွင်တိုးတက်လာ

           ကာဂျစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ဆုမ်ငွေ ၁၄၂၇.၄ ဘီလီဘံ (အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီယံ) အထိရောက်ရှိခဲ့ကြောင်း အမျိုးသား စာရင်းအင်းကော်မတီက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော ကနဦးခန့်မှန်းချက်များအရ သိရှိရပါသည်။

          အဆိုပါတိုးတက်မှုသည် ကုန်စည်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များအပေါ် အခွန်ကောက်ခံခြင်းတို့သည် စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့်ဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှည်ပါက ၁၁.၃ ရာခိုင်နှုန်း၊ ၈.၈ ရာခိုင်နှုန်း၊ ၁၀.၈ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ပါသည်။

          စက်မှုထုတ်လုပ်မှုသည် ယခင်နှစ် ပထမ ၁၀ လအတွင်း ၉.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ၂၇.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါသည်။ စိုက်ပျိုးရေး၊ သစ်တောလုပ်ငန်းနှင့် ငါးလုပ်ငန်းများမှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ