
ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှု တို့တွင် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ရန်ရည်ရွယ်၍ များစွားသောကဏ္ဍများတစ်လျှောက် ၎င်းတို့၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်ကြိုးပမ်းအားထုတ်မှုအရှိန်မြှင့်တင် လျှက် ရှိကြောင်း သိရပါသည်။ ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဗီယက်နမ်- အင်ဒိုနီးရှားစီးပွားရေးဖိုရမ်ကို ၂၀၂၅ ခုနှစ်အင်ဒိုနီးရှားကုန်စည်ပြပွဲ မူဘောင်အတွင်း အင်ဒိုနီးရှား နိုင်ငံ Baten မြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဖိုရမ်သည် အစိုးရအေဂျင်စီများ၊ စီးပွားရေးအသင်းများနှင့် နှစ်နိုင်ငံစလုံးမှလုပ်ငန်းများအတွက် အမြင်များ ဖလှယ်ရန်၊ ဈေးကွက်သတင်းအချက်အလက်များဝေမျှရန်နှင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းအစရှိသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို ရှာဖွေရန် စင်မြင့် တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံတကာဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး Dr.Nguyen Phuc Nam က အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်း ရန် အဓိကညွှန်ကြားချက် ၄ ခုကို အဆိုပြုခဲ့ကြောင်း သိရပါသည်။ ပထမတစ်ခုအနေဖြင့် အစိုးရ ၂ ခုအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်များသဟဇာတဖြစ်ရန်နှင့် မူဝါဒဆွေးနွေးမှုများ မြှင့်တင်ပြီး ပို့ကုန်-သွင်းကုန်လုပ်ငန်းစဉ်များ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုမြှင့်တင်ရန် အဆို ပြုခဲ့ပါသည်။ ဒုတိယတစ်ခုအနေဖြင့် Nam က လုပ်ငန်းများအား ဆေးဝါး၊ ဆေးဘက်ဆိုင်ရာပစ္စည်း များ၊ စိုက်ပျိုးမွေးမြူရေးပြုပြင်ထုတ်လုပ်ခြင်း၊ အီလတ်ထရောနစ်၊ အစိမ်းရောင်စွမ်းအင်နှင့် ထောက်ပံ့ပို့ဆောင်ရေးအစရှိသည့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများတွင် ထုတ်လုပ်မှုမိတ်ဖက်ဖွဲ့ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ တတိယတစ်ချက်အနေဖြင့် SME လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်မှုအခွင့်အလမ်းများရှာဖွေရာတွင် ကူညီပေးရန်အတွက် ကုန်စည်ပြပွဲများ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် ဆန်းသစ်တီထွင်မှုပရိုဂရမ်များမှတစ်ဆင့် B2B ချိတ်ဆက်ကြရန် တောင်းဆို ခဲ့ကြောင်း သိရပါသည်။ စတုတ္ထတစ်ချက်အနေဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်သူများဖလှယ်ခြင်းနှင့် နည်းပညာလွှဲပြောင်းမှု အထူးသဖြင့် စမတ်ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့မှုကွင်းဆက် စီမံခန့်ခွဲမှုတို့၏ အရေးပါမှုကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်သူများအသင်း ၏ ဒုတိယဥက္ကဌဖြစ်သူ Febie Yoenza က နှစ်နိုင်ငံသည်ပူးပေါင်းဆောင်ရွက်ရန်အတွက် ကြီးမားသောအလားအလာရှိကြောင်း၊ ဗီယက်နမ် သည် ဆန်းသစ်တီထွင်မှုဆေးဝါးနည်းပညာတွင်ဖွံ့ဖြိုး တိုးတက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဗီယက်နမ် သည် အင်ဒိုနီးရှား၏ဆေးဘက်ဆိုင်ရာပစ္စည်းလုပ်ငန်းသို့ နည်းပညာလွှဲပြောင်းရန် အားကောင်း သော စွမ်းရည်ရှိကြောင်း ပြောကြားခဲ့ပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
