Main menu

၂၀၂၅ ခုနှစ်အင်ဒိုနီးရှားကုန်စည်ပြပွဲတွင် မိတ်ဖက်ရရှိမှုအားကောင်းခဲ့သည့် ဗီယက်နမ်လုပ်ငန်းများ

Powered by Drupal

     ၂၀၂၅ ခုနှစ် အင်ဒိုနီးရှားကုန်စည်ပြပွဲ (TEI) တွင် အထူးသဖြင့် ဗီယက်နမ်-အင်ဒိုနီးရှား စီးပွားရေးဖိုရမ်အတွင်း ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ တက်ကြွစွာချိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ FPT Group ၏အင်ဒိုနီးရှားအရောင်းဒါရိုက်တာ Jenal က အင်ဒိုနီးရှားနိုင်ငံသည် ဒစ်ဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှုအသွင်းကူးပြောင်းမှု တွင် ကြီးမားသောအလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ FPT သည်လတ်တလောတွင် ဆေးရုံစနစ်တစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းရန်နှင့် အဆင့်မြင့်ဒစ်ဂျစ်တယ်ပလက် ဖောင်းများမှတစ်ဆင့် ဝေးလံသည့်ကျွန်းများတွင် ကျန်းမာရေးဝန်ဆောင်မှုများတိုးချဲ့ရန်အစီအစဉ် အတွက် အင်ဒိုနီးရှား၏ ကျန်းမားရေးဝန်ကြီးဌာနနှင့် လုပ်ကိုင်လျက်ရှိကြောင်း သသိရပါသည်။ Batan  ပြည်နယ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိကျင်းပခဲ့သည့် ကုန်စည် ပြပွဲသည် အင်ဒိုနီးရှား၏အဆင့်မြင့်ကုန်သွယ်ရေးမြှင့်တင်ရေးအခမ်းအနားတစ်ခုဖြစ်ကြောင်း သိရ ပါသည်။ ကျင်းပသည့် ပထမ ၃ ရက်တွင် စုစုပေါင်း MoU လက်မှတ်ရေးထိုးမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၁၅ ဘီလီယံထိရောက်ရှိခဲ့ပြီး နိုင်ငံပေါင်း ၁၃၀ ကျော်မှ ဝယ်ယူသူ ၈၀၀၀ ကျော်နှင့် ပြခန်းပြသသူ ၁၆၁၉ ဦးတို့တက်‌ရောက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် TEI တွင် အစားအစာ၊ အဖျော်ယမကာနှင့် စိုက်ပျိုးမွေးမြူရေး၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုနှင့် လူနေမှုပုံစံအစရှိသည့် ကဏ္ဍများတစ်လျှောက်ရာပေါင်းများစွာသော ဆန်းသစ်တီထွင်မှုထုတ် ကုန်များကို ပြသခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် စီးပွားရေးချိတ်ဆက်မှုဆွေးနွေးပွဲများ၊ ကုန်သွယ်ရေးဖိုရမ်များနှင့် ပို့ကုန်တိုင်ပင်ဆွေးနွေးခြင်းပရိုဂရမ်များလည်း ပါဝင်ကြောင်း သိရပါ သည်။ ဗီယက်နမ်သည် အိန္ဒိယ၊ နယ်သာလန်၊ ဖိလစ်ပိုင်နှင့် အီဂျစ်တို့နှင့်အတူ အင်ဒိုနီးရှား၏ အဓိကပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံ သည့်မိတ်ဖက်များထဲမှ တစ်ခုအဖြစ်ဆက်လက်ရပ်တည်နေကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)