Main menu

မလေးရှား၏ ဟာလာဈေးကွက်သို့တင်ပို့မှုကြီးထွားရန်မျှော်မှန်းရသည့် ဗီယက်နမ်ထုတ်ကုန်များ

Powered by Drupal

      မလေးရှား၏ Melaka ပြည်နယ်သည် ဗီယက်နမ်လုပ်ငန်းများအတွက် အခွင့်အလမ်းများ ပေးစွမ်းရန်မျှော်မှန်းရသည့် ပြည်နယ်ဟာလာလုပ်ငန်းဖွံ့ဖြိုးတိုးတက်‌ရေးကောင်စီတည်ထောင်မည့် ၎င်းတို့၏ အစီအစဉ်ကိုကြေညာခဲ့ကြောင်း သိရပါသည်။ Melaka ပြည်နယ်ဝန်ကြီးချုပ် Ab Rauf Yusoh က ကောင်စီသည် ရင်းနှီးမြှုပ်နှံသူများဝင်ရောက်ရန်နှင့် ဟာလာအသိအမှတ်ပြု လက်မှတ်ခွင့်ပြုရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။ ကောင်စီတည်ထောင်ခြင်းသည် ဗီယက်နမ်လုပ်ငန်းများက အသိအမှတ်ပြုလက်မှတ်အခက်အခဲကိုကျော်လွှားရန်နှင့် Melaka ဈေးကွက်နှင့် ကျယ်ပြန့်သောဒေသဆိုင်ရာဟာလာစီးပွားရေးသို့ ဝင်ရောက်ရန်အတွက် အပေါင်း လက္ခဏာဆောင်သောအချက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ Melaka သည် ဒေသတွင်းဟာလာ အချက်အချာအဖြစ်တည်ရှိနေသောကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအတွက် အခွင့် အလမ်းသစ်များ ပေါ်ထွက်လာစေကြောင်း သိရပါသည်။ ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် ကျယ်ပြန့်သောကုန်သွယ်ရေးလိုအပ်ချက်နှင့် တင်းကျပ်သောအစ္စလာမ်အသိအမှတ်ပြုစံနှုန်း ပြသနာများနှင့် ရင်ဆိုင်နေရသော်လည်း ဟာလာကဏ္ဍတွင် ဗီယက်နမ်-မလေးရှားကုန်သွယ်ရေး သည် ကြီးထွားမှုအားကောင်းလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော်ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ဗီယက်နမ်က ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၄.၂၉ ဘီလီယံပြခဲ့ကြောင်း သိရပါသည်။ မလေးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ် ကုန်သွယ်ရေး တာဝန်ခံဖြစ်သူ Ngo Quang Hung က မ‌လေးရှားသည် အားကောင်းသောဝယ်ယူအား၊ စားသုံးသူလိုအပ်ချက်များ ကွဲပြားမှုနှင့် ဗီယက်နမ်ထုတ်ကုန်များနှင့် ကိုက်ညီသည့်စားသုံးမှု ပုံစံရှိသည့် ဆွဲဆောင်မှုရှိသော ဈေးကွက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ သို့သော် ဗီယက်နမ်၏ တင်ပို့မှုများမှာ တရုတ်၊ ထိုင်း နှင့် အင်ဒိုနီးရှားတို့ထံမှ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့ရလျှက်ရှိကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)