ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား အဓိကဖြတ်ကျော်သောနေရာဖြစ်သည့် Bavet International Border Gate သည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှ ခရီးသွားစုစုပေါင်း ၁.၅၇ သန်း စံချိန်တင်ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၅.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း Bavet မြို့၊ အပြည်ပြည်ဆိုင်ရာနယ်ခြားဂိတ်စစ်ဆေးရေးရုံးမှ လက်ထောက်အကြီးအကဲ Puth Sopheakeo ကအစီရင်ခံခဲ့သည်။ အဆိုပါခရီးသည်များသည် ပြည်ပနိုင်ငံများမှ ၎င်းတို့၏လုပ်ငန်းတာဝန်များပြီးမြောက်ပါပြီးကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ပြည်တွင်းလုပ်ငန်းရှင်များ၊ ဆွေးနွေးမှုများပြုလုပ်ခြင်း၊

တရုတ်နိုင်ငံမှ ထိပ်တန်းတာယာထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sailum Group သည် ကမ္ဘောဒီးယားနိုင်ငံနှင့်မြောက်အမေရိကမှ ဝယ်လိုအားများကိုဖြည့်ဆည်းရန်အတွက် ကမ္ဘောဒီးယား နိုင်ငံတွင် တာယာထုတ်လုပ်မှုများတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၉၃.၅ သန်းနီးပါး ရင်းနှီမြှုပ်နှံ မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ Svey Rieng မြို့ရှိ Sailum Group ၏ ကမ္ဘောဒီးယားတွင်လုပ်ငန်းခွဲဖြစ်သော Cart Tyre Co.,Ltd သည် ၎င်းတို့၏စက်ရုံတွင် ထုတ်လုပ် မှုများတိုးမြှင့်ရန်အတွက် ကန်ဒေါ်လာ ၆၁.၁၈ သန်းသုံးစွဲမည်ဖြစ်ပြီး ၎င်းတို့၏လုပ်ငန်း အရင်း အနှီးကိုမြှင့်တင်ရန်အတွက် ကန်ဒေါ်လာ ၃၂.၃၀ သန်းသုံးစွဲမည်ဖြစ်ကြောင်း Sailum Gro

ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ရာသီဥတု အခြေ အနေအပေါ် မူတည်၍ တန်ချိန် ၇၀၀၀၀၀ မှ ၉၀၀၀၀၀ အတွင်း ထွက်ရှိမည်ဟု ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) က ခန့်မှန်းထားကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှ တင်ပို့သော သကာရည်များအား အစားအစာဘေးကင်းလုံခြုံရေး အကြောင်း ပြချက်ဖြင့် တရုတ်နိုင်ငံက လက်ရှိအချိန်တွင် ပိတ်ပင်ထားခြင်းသည် ပြည်တွင်းရှိ သကြားထုတ် လုပ်သူများကို ထိခိုက်စေမည်မဟုတ်ဟု တာဝန်ရှိသူများအနေဖြင့် ယုံကြည်ထားကြောင်း ထိုင်း ကြံနှင့် သကြားဘုတ်အဖွဲ့ရုံး (OCSB) မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာနက ဒေသအာဏာပိုင်များနှင့် သက်ဆိုင်ရာအေဂျင်စီများ အနေဖြင့် ဒူးရင်းနှင့် ပိန္နဲကဲ့သို့သော လတ်ဆတ်သစ်သီးဝလံများအား ပြည်ပတင်ပို့ရာတွင် ထုပ်ပိုးသည့်နေရာ များနှင့် စိုက်ပျိုးသည့်နယ်မြေဧရိယာများကို စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း သိရှိရပါသည်။
မလေးရှား စားအုန်းဆီ သိုလှောင်မှုလက်ကျန်သည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁.၇၁ သန်းရှိ ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၆ သန်းခန့်ရှိနိုင်မည်ဟု စိုက်ခင်းနှင့်ကုန်စည်များရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (Malaysian Palm Oil Board- MPOB) က ၁၄-၁-၂၀၂၅ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း The Star Online သတင်းဌာနက ဖော်ပြသည်။
မလေးရှား စားအုန်းဆီကြမ်း (Crude Palm Oil - CPO) သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် အထိ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဖွယ်ရှိပြီး တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၄၀၀ နှင့် ၄၈၀၀ ကြား အရောင်းအဝယ်ဖြစ်နိုင်ကြောင်းနှင့် ထုတ်လုပ်မှု အမြင့်မားဆုံးကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင်မူ တစ်တန်လျှင် မလေးရှားရင်းဂစ် ၄၀၀၀ မှ ၄၄၀၀ အထိ ဈေးနှုန်း ဖြစ်ပေါ်နိုင်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။
ဖိလစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဗျူရို၏ နောက်ဆုံးအကြိမ် ပြင်ဆင်ထုတ်ပြန်ခဲ့သော စာရင်း များအရ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၄.၇၈ သန်းကို စံချိန်တင် တင်သွင်း နိုင်ခဲ့ကြောင်း သိရှိရပါသည်။
သီရိလင်္ကာနိုင်ငံ၌ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ပြည်ပမှ ဆန်ကိုတင်သွင်းခွင့်ပြုခဲ့ရာ သတ်မှတ် ကာလနောက်ဆုံးနေ့ရက်ဖြစ်သော ၁၀-၁-၂၀၂၅ နေ့ ကုန်ဆုံးချိန်၌ ဆန်ကြမ်းတန်ချိန် ၆၆၀၀၀ နှင့် ပေါင်းဆန် တန်ချိန် ၁၀၁၀၀၀ တို့အပါအဝင် ဆန်မက်ထရစ်တန်ချိန် ၁၆၇၀၀၀ ကျော်ကို တင်သွင်း ခဲ့ကြောင်း အကောက်ခွန်ဌာနမှ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ ပြောရေးဆို ခွင့်ရှိသူ Im Rachna က ဖနွမ်းပင်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ ခန့်အကွာ Kratie ပြည်နယ်ရှိ တောင်သူများသို့ သွားရောက်တွေ့ဆုံစဉ်၌ လာမည့်စိုက်ပျိုးရာသီတွင် ပြည်ပ စပါးမျိုး များအစား ကမ္ဘောဒီးယား၏ Sen Kra Ob (SKO) စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးကြရန် တိုက်တွန်း အကြံပြုခဲ့ပါသည်။
ပါကစ္စတန်နိုင်ငံထံမှ Atap rice ခေါ် ဘာစမာတီမဟုတ်သော ဆန်ဖြူများကို အစိုးရချင်း ညှိနှိုင်းမှုဖြင့် တင်သွင်းရန်အတွက် ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်ကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း ဘင်္ဂလားဒေ့ရှ် The Financial Express သတင်းဌာနက ဖော်ပြထားသည်။
ကျူးဘားနိုင်ငံတွင် ၁၉၅၉ ခုနှစ်နောက်ပိုင်း၌ ပထမဆုံးအကြိမ် နိုင်ငံခြားသားပိုင်လုပ်ငန်း သို့ စိုက်ပျိုးရေးလုပ်ကိုင်ရန် မြေယာအသုံးချခွင့်ပေးအပ်မှုအဖြစ် ဗီယက်နမ်ကုမ္ပဏီ တစ်ခုသည် Pinar del Río ပြည်နယ်တောင်ပိုင်းတွင် မြေဧရိယာ ၃၀၈ ဟက်တာ (၇၅၁ ဧကခန့်) ကို ကနဦး လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ကျူးဘားအစိုးရပိုင် Granma သတင်းဌာနက ဇန်နဝါရီ ၈ ရက်နေ့၌ ဖော်ပြပါသည်။