ပြည်ပကုန်သွယ်မှုသတင်းများ
ကနေဒါဖက်ဒရယ်အစိုးရနှင့် ရေနံထုတ်လုပ်သော ကနေဒါနိုင်ငံ အယ်လ်ဘာတာ ပြည်နယ်တို့သည် အာရှဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ရေနံပိုက်လိုင်းတည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ MOU အရ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများသည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ကတ္တရာစေး တစ်နေ့လျှင် အနည်းဆုံး စည်ပေါင်း ၁ သန်း သယ်ယူနိုင်သော ပုဂ္

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနသည် ဖိလစ်ပိုင်သို့ ဆန် တင်ပို့မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိရာ ကမ္ဘောဒီးယားအတွက် နိုင်ငံတကာ စျေးကွက်အသစ် တစ်ခုကို ထူထောင်မှုနှင့်အတူ ဖိလစ်ပိုင်နိုင်ငံအတွက် အရည်အသွေးမြင့်ဆန်များ ရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဆန်တင်သွင်းမှု လိုအပ်ချက်များကို သိသိသာသာ လျှော့ချသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတကာ အုန်းသီးထုတ်ကုန်တင်ပို့မှုလုပ်ငန်း၌ ဗီယက်နမ်သည် ဈေးကွက်ဝေစု တစ်ဖြည်း ဖြည်း ရရှိလာသဖြင့် အုန်းသီးထုတ်ကုန်များကို ကမ္ဘာနှင့်အဝန်း ဦးဆောင်တင်ပို့နေသော ဖိလစ်ပိုင် အနေဖြင့် ဈေးကွက်ဝေစုယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် တန်ဖိုးမြှင့် အုန်းသီး ထုတ်ကုန်များသို့ ပြောင်းလဲထုတ်လုပ်တင်ပို့သင့်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားထား ပါသည်။

မလေးရှားနိုင်ငံ၏ နိုဝင်ဘာလ၌ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် ရေလွှမ်းမိုးမှု ဒဏ်ခံရသော ဒေသများတွင် ရိတ်သိမ်းမှုနှောင့်နှေးခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ယခင်လက ထက် သိသိသာသာကျဆင်းသွားဖွယ်ရှိသည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အဆို အရ သိရှိရကြောင်း မလေးရှားအခြေစိုက် The Edge Malaysia သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။

ဥရောပသမဂ္ဂ (EU) သည် သွင်းကုန်အကာအကွယ်ပေးမှုဆိုင်ရာ စည်းမျဉ်းတစ်ရပ်အောက် တွင် ၎င်း၏ စပါးစိုက်ပျိုးသူများနှင့် ဆန်ကြိတ်ခွဲသူများကို ကာကွယ်ရန် အိန္ဒိယနှင့် အခြားအာရှနိုင်ငံ များထံမှ ဆန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်သည်။ အိန္ဒိယနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် အခန်း ၂၃ ခန်းအနက် ၁၁ ခန်းကို သဘောတူညီပြီးဖြစ်သော် လည်း EU အနေဖြင့် ယခုကဲ့သို့ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် (ဧပြီ-မတ်) ကာလအလွန်တွင် မိုဇမ်ဘစ်၊ မြန်မာ နှင့် မာလာဝီ နိုင်ငံများနှင့် အစိုးရချင်း သဘောတူညီချက် လက်မှတ်ရေးထိုးထားသော ပဲမျိုးစုံ ကုန် သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများကို သက်တမ်းတိုးမြှင့်မည့် အလားအလာရှိနေသည်ဟု အစိုးရ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောဆိုချက်အရ သိရှိရကြောင်း Informist Media သတင်း ဝက်ဘ်ဆိုက်က ဖော်ပြပါသည်။

ထိုင်းနိုင်ငံတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်အကိုင်များ အဟန့်အတားဖြစ်စေသောကြောင့် ထိုင်းနိုင်ငံ၏ အလုပ်သမားဈေးကွက်သည် ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် အနည်းငယ်ကျဆင်းသွားကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့ တရားဝင် အချက်အလက်များအရ သိရသည်။ အရှေ့တောင်အာရှနိုင်ငံများ၏ လုပ်သားအင်အားသည် ဇူလိုင်လမှစက်တင်ဘာလအတွင်း လူတစ်ဦးချင်း ၃၉.၉ သန်းသို့ တစ်နှစ်ထက်တစ်နှစ် ၀.၅

နိုင်ငံတကာ အချက်အပြုတ်ယဉ်ကျေးမှုပွဲတော် ၂၀၂၅ ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် စနေနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ အချက်အပြုတ်အစား အသောက်များစွာကို ပြသခဲ့သည်။

New Zealand International Health Industry Investment Summit 2025 ကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အော့ကလန်တွင် ကျင်းပခဲ့သည်။ ထိပ်သီးအစည်းအဝေးအတွင်း NEXT Park နှင့် NZ China Commerce & Inno Hubs တို့ကို တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဤအစီအစဉ် များသည် ကျန်းမာရေးအစားအစာများ၊ ဇီဝဆေးဝါး၊ စိုက်ပျိုးရေးနည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာနှင့် အစိမ်းရောင်စွမ်းအင်တို့အပေါ် အာရုံစိုက်သွားမည်ဖြစ်

ဂျပန်နိုင်ငံသည် အောက်တိုဘာလတွင် ကုန်သွယ်မှုလိုငွေ ယန်း ၂၃၁.၈ ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၁.၅ ဘီလီယံခန့်) ရှိခဲ့ရာမှ ယခင်နှစ်ထက် ၅၃.၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များအရ သြစတြေးလျ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် အောက်တိုဘာလတွင် ၃.၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။ ဩစတေးလျစာရင်းအင်းဗျူရို (ABS) က စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် ၁၂ လအတွင်း အောက်

