ပြည်ပကုန်သွယ်မှုသတင်းများ
အီတလီနိုင်ငံသည် ၎င်း၏ ကြီးမားသော ကုန်သွယ်မှုပိုငွေပြမှုနှင့် ခိုင်မာသောကုန်သွယ်မှု ဆိုင်ရာဆက်ဆံမှုများနှင့် အတူ အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) အကြား ရှည်လျားသော ကုန်သွယ်ရေး စစ်ပွဲ ပေါ်ပေါက်လာပါက အီတလီနိုင်ငံသည် ကြီးမားသော စီးပွားရေးအန္တရာယ်များနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း အီတလီ အမျိုးသားစာရင်းအင်းသိပ္ပံ (ISTAT) မှ ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍများ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ၏ စာမျက်နှာ ၉၁ မျက်နှာရှိသော ၂၀၂၅ ထုတ်ဝေမှုတွင် အီတလီ၏စီးပွားရေးသည် ၎င်း၏ထုတ်လုပ်မှုအတွက် ပြည်တွင်းဝယ်လိုအား အားနည်းခြင်း သို့မဟုတ် ရပ်တန့်နေခြင်

နီပေါသည် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၈ လတာ ကာလအတွင်း လျှပ်စစ်ကား ၁၉.၆ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း အစိုးရ၏ နောက်ဆုံးစာရင်းများအရ သိရသည်။
နီပေါနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ၂၀၂၅ ခုနှစ် မတ်လလယ်အထိ လျှပ်စစ်လေးဘီး တပ်ယာဉ် ၈၇၇၅ စီး တင်ပို့ခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်အလားတူကာလတွင် ၇၀၅၂ စီးရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် သင်္ဘောများအတွက် ခိုင်မာသော ဝယ်လိုအားကြောင့် မတ်လ၏ ပထမရက် ၂၀ အတွင်း တောင်ကိုရီးယား၏ ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်ရုံး ဒေတာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ မတ် ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅.၅၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း ကိုရီးယား အကောက်ခွန် ဝန်ဆောင်မှုဌာနထုတ်ပြန်ချက်အရ သိရသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုသည် ၁၁.၆ ရာခိုင်နှုန်းမှ ၇.၀၇ ဘီလီယံဒေါ်လာအထိ မြင့်တက်ခဲ့ပြီး မော်တော်ယာဥ်တင်ပို့ မှုမှာ ၃.၇ ရာခိုင်နှုန်းမှ ၃.၃ ဘီလီယံဒေါ်လာအထိ တိုးလာခဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က အမေရိကန်ကုန်သွယ်ဖက်များအပေါ် စည်းကြပ်ခွန်များ ချမှတ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများသည် စျေးနှုန်းကြီးမြင့်မှုအပေါ် သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် အမေရိကန်စားသုံးသူများနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ၏ အဆိုးမြင်မှုကို တိုးလာစေသည်။ ကိန်းဂဏန်းအချက်အလက်များအရ အမေရိကန် လက်လီကြက်ဥဈေးသည် မကြာသေးမီက ကျဆင်းခဲ့သော်လည်း ကွင်းစ်ရှိ ကုန်စုံဆိုင်များတွင် ကြက်ဥတစ်ဒါဇင်ခန့်သည် ၁၀ ဒေါ်လာခန့်ဖြစ်သည်။ ကြက်ဥဈေးနှုန်းများ မြင့်မားခြင်းသည် စားသုံး သူများ၏ အပြုအမူများကို ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲစေခဲ့သည်။ သွင်းကုန်များ

အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Faisol Riza က ပြည်တွင်းစက်မှုဇုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းခြင်းသည် သမ္မတ Prabowo Subianto ရည်မှန်းထားသည့် စီးပွားရေးကြီးထွားနှုန်း ၉ ရာခိုင်နှုန်း ရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ မတ်လ ၁၉ ရက်နေ့ ကထုတ်ပြန်ချက်တွင် ရေနံနှင့် ဂတ်စ်မဟုတ်သည့် ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်သည့်ကဏ္ဍသည် အင်ဒိုနီးရှားစီးပွားရေးတွင် ကျောရိုးအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ GDP တွင် ၁၇.၆ ရာခိုင်နှုန်းပါဝင်ပြီး အမြင့်ဆုံးအခွန်ငွေ ၂၅.၈၄ ရာခိုင်နှုန်းရရှိကြောင်း သိရပါသည်။

Hotayi Electronic သည် အလုပ်အကိုင်သစ် ၁၀၀၀ ဖန်တီးပေးနိုင်မည့် ပီနန်းပြည်နယ်ရှိ Smart စက်ရုံ တတိယအဆင့်တိုးချဲ့ရန်အတွက် ရင်းဂစ် သန်း ၅၀၀ သုံးစွဲသွားမည်ဟု သိရပါ သည်။ ထိုစက်ရုံသည် ကုမ္ပဏီ၏ Smart ကုန်ထုတ်လုပ်ခြင်းတွင် ဦးဆောင်မှုကို အားသစ်လောင်း ပေးနိုင်ရန် အဆင့်မြင့်အလိုအလျှောက်စက်အသုံးပြုမှုစနစ်၊ AI ဖြင့် အချက်အလက်စိစစ် လေ့လာ မှုနှင့် Internet of Things( IoT)လုပ်ငန်းစဉ်များအသုံးပြုရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါသည်။ စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ပီနန်းပြည်နယ်ဝန်ကြီးချုပ် Chow Kon Yeow က Hotayi Electronic သည် ပီနန်း၌ လုပ်ငန်းများတွင် စဉ်ဆက်မပြတ် ရင်းနှ

၂၀၂၅ ခုနှစ်၏ ပထမ ၂ လတွင် ဗီယက်နမ်နှင့် စင်ကာပူကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ ၆.၅၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၏ ပထမ ၂ လထက် ၂၇.၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Enterprise Singapore (ESG) ၏ အဆိုအရ သိရပါသည်။ စင်ကာပူသို့ ၁၄ ခုမြောက်အကြီးမား ဆုံးတင်ပို့သူဖြစ်သည့် ဗီယက်နမ်သည် ယခုနှစ် ပထမနှစ်လတာကာလတွင် စင်ကာပူသို့ စင်ကာပူ ဒေါ်လာ ၁.၅၄ ဘီလီယံကျော်တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၂၃.၂၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် စင်ကာပူ ကုန်ပစ္စည်းများ ၇ ခု မြောက် အကြီးမားဆုံးတင်သွင်းသူဖြစ်သည့် ဗီယက်နမ်သည် နှစ်လတာ ကာလတွင် စင်ကာပူ ဒေါ်လာ ၅.

အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် ရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်ပြီး အလုပ်အကိုင်များဖန်တီးပေးရန် နိုင်ငံ၏ ပြည်နယ်တိုင်းတွင် အထူးစီးပွားရေးဇုန်(SEZ) များ တည်ထောင်ရန် စီစဉ်နေကြောင်း သိရပါသည်။ Prabowo က၎င်းတို့သည် ပြည်နယ်တစ်ခုတွင် SEZ တစ်ခုတည်ထောင်ရန်အလိုရှိကြောင်း နှင့် ထိုသို့လုပ်ဆောင်နိုင်ပါက နိုင်ငံတွင် SEZ ၃၈ ခု ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဗဟိုဂျာဗား Batang ဒေသရှိ Batang Industropolis SEZ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ထိုSEZ တွင် ကုမ္ပဏီ ၇ ခုမှာ လုပ်ငန်းလည်ပတ် လျှက် ရှိပြီး အခြား ၇ ခုမှာ ဆောက်လုပ်ဆဲအဆင့်တွင်ရှိကာ ၁၃ ခုမှာ တည်ဆောက်မှုစီစဉ်

တရုတ်-အင်ဒိုနီးရှားငှက်သိုက်ကုန်သွယ်ရေးညီလာခံသည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းရှင်များကြား ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် ဗျူဟာမြောက်ပလက်ဖောင်း တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး Budi Santoso က ၎င်း၏ ဝန်ကြီးဌာနသည် အင်ဒိုနီးရှား၏စားသုံး၍ရသော ငှက်သိုက် တရုတ်သို့ တင်ပို့မှုမြှင့်တင်ရန်အားထုတ်မှုများကို ပံ့ပိုးပေးမည်ဟု သိရပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး အကောင်းဆုံးငှက်သိုက်များထုတ်လုပ်သူဖြစ်ပြီး နိုင်ငံတကာအဆင့်မီပြုပြင် ထုတ်လုပ် မှုစံနှုန်းများနှင့်ပတ်သတ်၍ နာမည်ကျော်ကြားကြောင်း သိရ

၂၀၂၄ ခုနှစ်တွင် ကာဇတ်စတန်သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံတန်ကြေးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တန်ချိန် ၁၆.၁ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေး ဒုတိယဝန်ကြီး Yerbol Taszhurekov က လွန်ခဲ့သည့် ငါး နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသည့်ထုတ်ကုန်တင်ပို့မှုမှာ စုစုပေါင်း တင်ပို့မှု၏ ၅၂ ရာခိုင်နှုန်းရှိပြီး အဓိကဈေး

Central Pttana Plc(CPN) သည် Bangkok၊ Nonthaburi နှင့် Khon Kaen တို့တွင် ဈေးဝယ်စင်တာသစ်များဖွင့်လှစ်ရန်ပါဝင်သည့် ငါးနှစ်ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာအတွက် ဘတ် ၁၂၀ ဘီလီယံ ဘက်ဂျက်ချထားကြောင်း သိရပါသည်။ CPN ၏ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သူ Wallaya Chirathivat က ထိုဘက်ဂျက်သည် ကုမ္ပဏီ၏ ၂၀၂၅-၂၀၂၉ ရင်းနှီးမြှုပ်နှံမှု အစီ အစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ လက်လီရောင်းချမည့်စင်တာ စီမံကိန်းများတွင် မတ်လ ၂၈ ရက်နေ့တွင်ဖွင့်လှစ်မည့် Market Place Theprak community mall၊ ဩဂုတ်လတွင်ဖွင့်လှစ်မည့် Central Park ရုံးခန်းများ နှင့် အောက်တိုဘာလတွင် ဖွင့်လ
တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် ဗီယက်နမ်နိုင်ငံ Dong Nai ပြည်နယ်ရှိ Nhon Trach 6 စက်မှုဇုန်တွင် ဘက်ပေါင်းစုံထောက်ပံ့ ပို့ဆောင်ရေး စင်တာတည်ဆောက်မည့် အစီအစဉ်ကို မတ်လ ၂၀ ရက်နေ့ကကြေညာခဲ့ပါသည်။ ထိုစီမံကိန်း သည် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်ရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် Lotte Global Logistics နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးစင်တာတွင် ဇုန်နှစ်ခုပါဝင်မည် ဖြစ်ပြီး တစ်ခုမှာ အခန်းအပူချိန်ဖြင့်သိုလှောင်ခြင်းနှင့် နောက်တစ်ခုမှာ အအေးခန်းသိုလှောင်တို့ ဖြစ်ကြောင်း သိရပါသည်။ စင်တာကို ၂၀၂၆ ခုနှစ်မေလတွင် စတင်လ
