Main menu

ထိုင်းနိုင်ငံသို့ ဂုံး ၃၀၀ ကီလိုဂရမ်တင်ပို့မည့် အင်ဒိုနီးရှား

Powered by Drupal

            အင်ဒိုနီးရှားနိုင်ငံ၏ ကွာရန်တင်းအေဂျင်စီသည် ထိုင်းနိုင်ငံသို့ တင်ပို့မည့် ဂုံး (blood cockles) ကီလိုဂရမ် ၃၀၀ ကို စစ်ဆေးအတည်ပြု၍ နိုင်ငံတကာကွာရန်တင်းစံနှုန်းများနှင့် ကိုက် ညီမှုရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ပြောကြား ခဲ့ပါသည်။ North Maluku ပြည်နယ် တိရစ္ဆာန်၊ ငါးနှင့် အပင် ကွာရန်တင်းဌာန ဥက္ကဋ္ဌ Sugeng Prayogo က ထိုင်းနိုင်ငံမှ တင်သွင်းခွင့်ပယ်ချမှု သို့မဟုတ် စံချိန်မကိုက်ညီကြောင်း အသိပေး ချက် (Notification of Non-Compliance - NNC) မထွက်ပေါ်စေရန် ထုတ်ကုန်အရည် အသွေး ကို သေချာစွာစစ်ဆေးအတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကွာရန်တင်းအရာရှိများသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်အစောပိုင်းတွင် PT Mitra Jaya Malut ၏ ငါးကွာရန်တင်း စက်ရုံ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် တင်ပို့ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်ကျန်းမာရေးအထောက်အထားလက်မှတ် မထုတ်ပေးမီ အရာရှိများသည် Sultan Babullah လေဆိပ် ကုန်စည်သယ်ယူပို့ဆောင်ရေးဌာနတွင် ထုပ်ပိုးထားသော ဂုံးများကို ထပ်မံ စစ်ဆေး၍ ထိုင်းနိုင်ငံ၏ တင်သွင်းစံချိန်များနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုခဲ့သည်ဟု သိရပါသည်။ Sugeng Prayogo က ကိုယ်တိုင်မြင်တွေ့စစ်ဆေးမှုများနှင့် ဆေးဘက်ဆိုင်ရာစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ပို့ကုန်စာရွက်စာတမ်းများအားလုံးကိုလည်း စိစစ်သုံးသပ်ကာ ထုတ်ကုန်၏ လုံခြုံရေးနှင့် အရည်အသွေးကို သေချာစေခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းစဉ်ကို Single Submission (SSM) QC စနစ်ဖြင့် အကောက်ခွန်ဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး စစ်ဆေးခြင်းနှင့် အတည်ပြု လက် မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်ထိရောက်စေခဲ့ကြောင်း၊ ထုတ်လုပ်မှုမှ စတင်၍ ပို့ကုန်အဆင့်အထိ ဆက်လက်စောင့်ကြည့်ကြပ်မတ်မှုရှိခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များတွင် ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် North Maluku ၏ ရေထွက်ကုန်များကို နိုင်ငံတကာစျေးကွက်တွင် လုံခြုံမှုနှင့် အရည်အသွေး ကောင်းမွန်မှုရှိစေရန် ကွာရန်တင်းအာဏာပိုင်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ဆက်စပ်ဌာနများ၏ ကတိကဝတ်ကိုလည်း  Sugeng က အလေးပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသို့ ယခုတင်ပို့မှုသည် အဖန်ဖန်တင်ပို့နေသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး North Maluku ၏ ရေထွက်သယံဇာတစွမ်းအားနှင့် နိုင်ငံတကာ အစားအစာလုံခြုံရေးစံချိန်များ ကို တသမတ်တည်း ဖြည့်ဆည်းနိုင်မှုကို ပြသနေကြောင်း သိရပါသည်။ Sugeng က ဆက်လက်၍ စောင့်ကြည့် စစ်ဆေးခြင်းနှင့် အတည်ပြုလက်မှတ်ထုတ်ပေးမှုများကို တည်တံ့စွာဆောင်ရွက်နိုင်ပါက ဂုံးတင်ပို့မှုများ တိုးတက်လာမည်ဖြစ်ပြီး ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သကဲ့သို့ အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာ ရေထွက်ကုန်ဈေးကွက်တွင် ရပ်တည်ချက်ကိုလည်း အားကောင်းစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)